Subscribe:

Blogroll

Related Posts Plugin for WordPress, Blogger...

Labels

Followers

Contributors

Friday, April 12, 2013

Samsung Galaxy S4 တွင်ပါဝင်သော features အလန်းစားများ

ပို့စ်ရေးသားသူ – Tunko Hlaing (Myanmar Mobile Users Group)



Samsung Galaxy S4 ဟာ Hardware ပိုင်းရာမြင့်မားတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ octo-core Exynos 5 Octa processor, Gorilla Glass 3, 13 Mega Pixel Camera, SnapDragon GPU Engine စတဲ့ Hardware အလန်းစားတွေပါဝင်တာကိုတော့အားလုံးသိမှာပါ။ သူ့ရဲ့ software ပိုင်းဆိုင်ရာ features မြင့်မားပုံတွေလည်း သိသင့်ပါသေးတယ်။ Samsung Galaxy S4 မှာပါဝင်တဲ့ features တွေကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။
Samsung S4 တွင်ပါဝင်သော မည့်သည့်ဖုန်းမှာမှမပါဝင်သည့် ထူးခြားသော features များ
1. S4 တွင် octo-core Exynos 5 Octa processorကိုသုံးထားသည်four Cortex A15 1.6 GHz က မြန်နှုန်းမြင့်လုပ်ဆောင်ချက်များ ကို အမြန်ဆုံး လုပ်ဆောင်ပေးပြီFour Cortex A7 က အားသိပ်မလိုသော အခြေခံ လုပ်ဆောင်ချက်များ ကို လုပ်ဆောင်ပေးသောကြောင့်Battery စွမ်းအင်ကို ချွေတာပေးသည်။



်2. Samsung ၏ video thumbnail view သည် motion ဖြစ်နေသည်။ထို features မှာ မည်သည့်ဖုန်းမှာမှ မပါဝင်ဘဲ samsung ဖုန်းတွင်သာ ပါဝင်သည်။ S3,S4,Note II တွင်ပါဝင်သည်။



်3. Air View – Note2 နှင့် S4 တွင် ပါဝင်သည်။Gallery, Message, Email တွင် လက် or spen ဖြင့် ချိန် လိုက်ယုံနှင့် ပုံများကို preview ကြည့်နိုင်သည်။Video တွင် ကျော်မည့်နေရာကို preview ကြည့်နိုင်သည်။



4. Dual Camera and Video Recording(Dual Shot)Real camera ကဓာတ်ပုံရိုက်နေစဉ် front camera က ရိုက်ကူးပေးသူပုံကို ပါ ဓာက်ပုံထဲ ပေါင်းထည့်ပေးသော Feature ဖြစ်သည်။ Video လည်းထိုနည်းတူ ဖြစ်သည်။ S4 တွင်ပါဝင်သည်။




5. Drama shotပုံများကို ပုံတစ်ပုံထဲတွင် ပေါင်းထည့်နိုင်သည့် Feature ဖြစ်သည်။ဥပမာ စခုန်စဉ်မှ ပြန်ကျသည်အထိ ပုံ 10 ပုံ ဆက်တိုက် ရိုက်ပြီး ပုံတစ်ပုံ ထဲတွင် စခုန်စဉ်မှ ပြန်ကျသည်အထိ ပေါင်းထည့်ပေးနိုင်သည်။


်6. S Health ဟုခေါ်သော ကျန်းမာရေး (နှလုံးခုန်နှုန်း ၊ ဆီး ၊ သွေး) တိုင်းနိုင်သည့် features ပါဝင်သည်။



7. S Beam: phone နှစ်ခု ကျောချင်းကပ်ပြီး photo,video များကို ပို့နိုင်သည်။




8. Group play: သီချင်းတစ်ပုဒ်ထဲကို ဖုန်းတစ်လုံးမှ တစ်လုံး ပွားပြီး ပြိုင်တူဖွင့်လိုရသော feature ဖြစ်သည်။


9. ဖုန်းဖြင့် video ကြည့်နေစဉ် မျက်နှာကိုအခြားတစ်ဖက်သို့လှည့်လိုက်ပါက video ကို auto pause (ခဏရပ်)ထားပေးမယ့် Smart pause ပါဝင်သည်။




10. ဖုန်းဖြင့် web browsing ပြုလုပ်နေလျှင် မျက်လုံးကို စာမျက်နှာအောက်ဘက်အဆုံးသို့ရွေ့လိုက်သည်နှင့် screen အောက်သို့ လက်ဖြင့်ရွှေ့စရာမလိုဘဲ ဖုန်းက auto အောက်သို့ရွေ့ပေးမည့် smart scroll features ပါဝင်သည်။



တခြားအကြောင်းအရာလေးတွေ

Related Posts Plugin for WordPress, Blogger...