Subscribe:

Blogroll

Related Posts Plugin for WordPress, Blogger...

Labels

Followers

Contributors

Wednesday, May 8, 2013

Android Devices တွေအတွက် Windows နဲ့ချိတ်ဆက်ဖို့ USB Drivers


Android Devices တွေအတွက် Windows နဲ့ချိတ်ဆက်ဖို့ USB Drivers တွေဖြစ်ပါတယ်...။

အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်.. ။

အခု ထပ်ဖြည့်ထားတာတွေရော.. Update ဖြစ်တာတွေပါ တွေ့လို့ တင်ပေလိုက်ပါတယ်...။

Samsung : Download Samsung USB DriversDownload Samsung KIES(comes with driver)

Sony : Download Sony USB Drivers for Android device

HTC : Download HTC USB Drivers(HTC Sync)

LG : Download LG USB Drivers

Motorola : Download Motorola USB Drivers(Motorola Device Manager)

ASUS : :Download ASUS USB DriversoDownload ASUS PC Suite(comes with driver)

Huawei : Download HiSuite(drivers included)

ZTE : Download ZTE USB Drivers

Acer : Download Acer USB Drivers

ALCATEL ONE TOUCH : Download Alcatel One Touch Drivers

Dell : Download Dell USB Drivers

Foxconn : Download Foxconn USB Drivers

Fujitso : Download Fujitso USB Drivers

Garmin-Asus : Download Garmin-Asus USB Drivers

Hisense : Download Hisense USB Drivers

Intel : Download Intel USB Drivers

KT Tech : Download KT Tech USB Drivers

Kyocera : Download Kyocera USB Drivers

Lenevo : Download Lenevo USB Drivers

Pantech : Download Pantech USB Drivers

Pegatron : Download Pegatron USB Drivers

Sharp : Download Sharp USB Drivers

SK Telesys : Download SK Telesys USB Drivers

Teleepoch : Download Teleepoch USB Drivers

Yulong Coolpad : Download Yulong Coolpad USB Drivers

အဆင်ပြေပါစေ...

♥ မြန်မာချစ်သူမိသားစု ♥မှကူးယူမျှဝေသည်။

Friday, April 12, 2013

Samsung Galaxy S4 တွင်ပါဝင်သော features အလန်းစားများ

ပို့စ်ရေးသားသူ – Tunko Hlaing (Myanmar Mobile Users Group)



Samsung Galaxy S4 ဟာ Hardware ပိုင်းရာမြင့်မားတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ octo-core Exynos 5 Octa processor, Gorilla Glass 3, 13 Mega Pixel Camera, SnapDragon GPU Engine စတဲ့ Hardware အလန်းစားတွေပါဝင်တာကိုတော့အားလုံးသိမှာပါ။ သူ့ရဲ့ software ပိုင်းဆိုင်ရာ features မြင့်မားပုံတွေလည်း သိသင့်ပါသေးတယ်။ Samsung Galaxy S4 မှာပါဝင်တဲ့ features တွေကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။
Samsung S4 တွင်ပါဝင်သော မည့်သည့်ဖုန်းမှာမှမပါဝင်သည့် ထူးခြားသော features များ
1. S4 တွင် octo-core Exynos 5 Octa processorကိုသုံးထားသည်four Cortex A15 1.6 GHz က မြန်နှုန်းမြင့်လုပ်ဆောင်ချက်များ ကို အမြန်ဆုံး လုပ်ဆောင်ပေးပြီFour Cortex A7 က အားသိပ်မလိုသော အခြေခံ လုပ်ဆောင်ချက်များ ကို လုပ်ဆောင်ပေးသောကြောင့်Battery စွမ်းအင်ကို ချွေတာပေးသည်။



်2. Samsung ၏ video thumbnail view သည် motion ဖြစ်နေသည်။ထို features မှာ မည်သည့်ဖုန်းမှာမှ မပါဝင်ဘဲ samsung ဖုန်းတွင်သာ ပါဝင်သည်။ S3,S4,Note II တွင်ပါဝင်သည်။



်3. Air View – Note2 နှင့် S4 တွင် ပါဝင်သည်။Gallery, Message, Email တွင် လက် or spen ဖြင့် ချိန် လိုက်ယုံနှင့် ပုံများကို preview ကြည့်နိုင်သည်။Video တွင် ကျော်မည့်နေရာကို preview ကြည့်နိုင်သည်။



4. Dual Camera and Video Recording(Dual Shot)Real camera ကဓာတ်ပုံရိုက်နေစဉ် front camera က ရိုက်ကူးပေးသူပုံကို ပါ ဓာက်ပုံထဲ ပေါင်းထည့်ပေးသော Feature ဖြစ်သည်။ Video လည်းထိုနည်းတူ ဖြစ်သည်။ S4 တွင်ပါဝင်သည်။




5. Drama shotပုံများကို ပုံတစ်ပုံထဲတွင် ပေါင်းထည့်နိုင်သည့် Feature ဖြစ်သည်။ဥပမာ စခုန်စဉ်မှ ပြန်ကျသည်အထိ ပုံ 10 ပုံ ဆက်တိုက် ရိုက်ပြီး ပုံတစ်ပုံ ထဲတွင် စခုန်စဉ်မှ ပြန်ကျသည်အထိ ပေါင်းထည့်ပေးနိုင်သည်။


်6. S Health ဟုခေါ်သော ကျန်းမာရေး (နှလုံးခုန်နှုန်း ၊ ဆီး ၊ သွေး) တိုင်းနိုင်သည့် features ပါဝင်သည်။



7. S Beam: phone နှစ်ခု ကျောချင်းကပ်ပြီး photo,video များကို ပို့နိုင်သည်။




8. Group play: သီချင်းတစ်ပုဒ်ထဲကို ဖုန်းတစ်လုံးမှ တစ်လုံး ပွားပြီး ပြိုင်တူဖွင့်လိုရသော feature ဖြစ်သည်။


9. ဖုန်းဖြင့် video ကြည့်နေစဉ် မျက်နှာကိုအခြားတစ်ဖက်သို့လှည့်လိုက်ပါက video ကို auto pause (ခဏရပ်)ထားပေးမယ့် Smart pause ပါဝင်သည်။




10. ဖုန်းဖြင့် web browsing ပြုလုပ်နေလျှင် မျက်လုံးကို စာမျက်နှာအောက်ဘက်အဆုံးသို့ရွေ့လိုက်သည်နှင့် screen အောက်သို့ လက်ဖြင့်ရွှေ့စရာမလိုဘဲ ဖုန်းက auto အောက်သို့ရွေ့ပေးမည့် smart scroll features ပါဝင်သည်။



Sunday, June 3, 2012

ဟန်းဖုန်းတစ်လုံးရဲ့ အသုံးဝင်မှု(ညီနေမင်းမှုမျှဝေသည်။)



(၁) အရေးပေါ် အတွက် keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။
(၃) ဖွက်ထားတဲ့ အပို ဘက္ထရီသင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

Mobile secrect code



ဒီ code တွေဟာ ဟန်းဖုန်းရဲ့ လျှို့ဝှက်ကုတ်တွေပါ .. ဘယ်ဖုန်းစာအုပ်ထဲမှာမှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး ..
service သမားတွေပဲ သိတာပါ ဒီ code တွေကို ..

Nokia
*#06# for checking the IMEI
*#7780# reset to factory settings
*#0000# software version
*#2820# bluetooth device address

sony ericsson
->*<-<-*<-* secret Menu *#06# IMEL number <-**<- Lockstatus (->means press joystick to the right

Motorolla
*#06# IMEL number
[][][]004[]1[] change pin
[][][]119[]1[] Enable EFR
[][][]###[]1[] Function
[]means the *key held in until box appear

IPHONE SECRET CODES
3001#12345#* and tap Call. Enter Field Mode.
Field mode reveals many of the inner settings of your iPhone,
specifically up-to- date network and cell information.

*#06# Displays your IMEI. No need to tap Call.
IMEI is the unique identifier for your cell phone hardware. Together with your SIM information it identifies you to the provider network.

*777# and tap Call. Account balance for prepaid iPhone.

*225# and tap Call. Bill Balance. (Postpaid only)
*646# and tap Call. Check minutes. (Postpaid only)
These three are pretty self explanatory.
*#21# and tap Call. Setting interrogation for call forwards.
Discover the settings for your call forwarding. You’ll see whether you have voice, data, fax, sms, sync, async, packet access, and pad access call forwarding enabled or disabled.
*#30# and tap Call. Calling line presentation check.
This displays whether you have enabled or disabled the presentation of the calling line, presumably the number of the party placing the call.
*#76# and tap Call. Check whether the connected line presentation is enabled or not.
State whether the connected line presentation is enabled or disabled. Presumably similar to the calling line presentation.
*#43# and tap Call. Determine if call waiting is enabled.
Displays call waiting status for voice, data, fax, sms, sync data, async data, packet access and pad access. Each item is either enabled or disabled.
*#61# and tap Call. Check the number for unanswered calls.
Show the number for voice call forwarding when a call is unanswered. Also show the options for data, fax, sms, sync, async, packet access and pad access.
*#62# and tap Call. Check the number for call forwarding if no service is available.
Just like the previous, except for no-service rather than no-answer situations.
*#67# and tap Call. Check the number for call forwarding when the iPhone is busy.
And again, but for when the iPhone is busy.
*#33# and tap Call. Check for call control bars.
Check all the usual suspects (voice, data, fax, sms, etc) to see whether barring is enabled or disabled for outgoing.

NOKIA SECRET CODES (From Nyi Nay Min)




 
*#06# for checking the IMEI (International Mobile Equipment Identity).
*#7780# reset to factory settings.
*#67705646# This will clear the LCD display
*#0000# To view software version.
*#2820# Bluetooth device address.
*#746025625# Sim clock allowed status.
*#62209526# - Display the MAC address of the WLAN adapter. This is available only in the newer devices that supports WLAN like N80
#pw+1234567890+1# Shows if sim have restrictions.

*#92702689# - takes you to a secret menu where you may find some of the information below:
1. Displays Serial Number.
2. Displays the Month and Year of Manufacture
3. Displays (if there) the date where the phone was purchased (MMYY)
4. Displays the date of the last repair - if found (0000)
5. Shows life timer of phone (time passes since last start)

*#3370# - Enhanced Full Rate Codec (EFR) activation. Increase signal strength, better signal reception. It also help if u want to use GPRS and the service is not responding or too slow. Phone battery will drain faster though.
*#3370* - (EFR) deactivation. Phone will automatically restart. Increase battery life by 30% because phone receives less signal from network.
*#4720# - Half Rate Codec activation.
*#4720* - Half Rate Codec deactivation. The phone will automatically restart

If you forgot wallet code for Nokia S60 phone, use this code reset: *#7370925538#
Note, your data in the wallet will be erased. Phone will ask you the lock code. Default lock code is: 12345

Press *#3925538# to delete the contents and code of wallet.

*#7328748263373738# resets security code.
Default security code is 12345

Unlock service provider: Insert sim, turn phone on and press vol up(arrow keys) for 3 seconds, should say pin code. Press C,then press * message should flash, press * again and 04*pin*pin*pin#

Change closed caller group (settings >security settings>user groups) to 00000 and ure phone will sound the message tone when you are near a radar speed trap. Setting it to 500 will cause your phone 2 set off security alarms at shop exits, gr8 for practical jokes! (works with some of the Nokia phones.)

Wednesday, March 28, 2012

Love Poems (Only Two)

မကြွေပွင့်

ဘယ်သူ့နှုတ်ခမ်းမှ

ပန်းပွင့်တယ်လို့………..ကိုယ်မယုံ

ချစ်တဲ့သူနှုတ်ခမ်း

ပန်းကြာနံ့ထုံ………….

စိတ်ကောက်တော့ ကြာလိုငုံ

ရင်ခုန်တော့ ကြာလိုဖူး…………..

တစ်ခါနမ်းရုံနဲ့

ပန်းကြာငုံ မကြွေပွင့်ရယ်ကြောင့်……..

(ကိုယ့်မှာတော့….)

နေမြင့်လေရူး…………။

 

 

ကိုယ်ရံတော်

အချစ်မင်းကိုယ့်ကို သေနတ်တစ်လက်ဝယ်ပေးသင့်တယ်

ကျည်တစ်တောင့်စီပေါ်မှာ

မင်းရန်သူတွေရဲ့နာမည်ကိုရေးပေးလိုက်ပေါ့။

ကျန်တာကတော့

ကိုယ့်လက်ကလေးကို

မင်းနမ်းလိုက်ရုံပါပဲ။      

ညိုမင်းထက်

ကျွန်ုပ်နှင့် ကျွန်တော့် ၏ အတွေးစများ


အဲဒီနေ့ဟာ 27.3.2012 ရက်နေ့ဖြစ်ပါတယ်။ မှတ်မှတ်ရရအဲ ဒီနေ့ နေရာတော်တော်များများ ရောက်ဖြစ်ခဲ့တဲ့နေ့ လဲဖြစ်ပါတယ်.။ ဦးလေးမွေးနေ့ ဆွမ်းကပ်လို့ ဘုန်းကြီးကျောင်းရောက် တယ် NLD မွဲဆွယ်ပဲရောက်တယ်…။

အစုံရောက်ခဲ့ပါတယ် မအားတဲ့ကြားထဲကပေါ့။ အဲဒီနေ့ဟာ (--)နှစ်မြောက် တပ်မတော်နေ့လည်း ဖြစ်ပါတယ်။ ကျွန်တော်ကြားဖူးသလောက်တော့် ဟိုအရင်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့လို့လဲ ဆိုစမှတ်ပြုခဲ့ကြောင်း မှတ်သားခဲ့ရပါတယ်။ ဘာကြောင့်ပြောင်းသွားလဲတော့ အတိအကျ ပြောနိုင်တဲ့လူ ရှားပါတယ်။ ကျွန်တော့်အထင် တပ်မတော်က နယ်ချဲ့တွေကို တော်လှန်ခဲ့လို့ တပ်မတော်နေ့ လို့ ဂုဏ်ပြုတဲ့အနေနဲ့ တပ်မတော် နေ့ရယ်လို့ ခေါ်တယ်ထင်ပါတယ်။

          တပ်မတော်သည် ဒီနေ့ထိ ဘာကြောင့် တည်မြဲပြီး နေပါလိမ့်လို့ တွေးဖူးပါသလား….။ တည်မြဲတာလဲမဆန်းပါ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ စစ်စည်းကမ်းများကြောင့် ယနေ့ထိ မားမားမတ်မတ် ရှိနေခြင်းဖြစ်ကြောင်း ကျွန်တော်ယုံကြည်မိပါသည်။

          မည်သည့်အဖွဲ့အစည်းမဆို စည်းကမ်းဆိုတာ ရှိစမြဲပါ။ စည်းကမ်းပိုမိုတင်းကြပ်သော စည်းကမ်း  ပိုမို ကောင်းမွန်သော စည်းကမ်းရှိသော အဖွဲ့အစည်း သည် ကြာရှည် တည်မြဲပြီး အများက လေးစားထောက်ခံကြတာ ဖြစ်တဲ့လို့ ယုံကြည်ပါသည်…….။ ကျွန်တော်သည် ဂိုဏ်းစွဲ၊ကဏ္ဏစွဲ၊ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲ၊ ပါတီစွဲ လုံးဝမရှိပါ။ အများယောင်တိုင်း လိုက်မယောင်တက်ပါ။ မှန်ကန်ပြီး အများအတွက် အသုံးဝင်သော အဖွဲ့အစည်း စည်းကမ်း၊ ၀ါဒီ၊ လုပ်ရပ်များ ကို လက်တွေ့ အသုံးချနေသော အဖွဲ့အစည်း ကိုသာ အားပေးယုံကြည် ပါသည်။

"စည်းကမ်း ဟူသည် လူ့တန်ဖိုး"  ဆိုသော ဆောင်ပုဒ်ကို အမြဲယုံကြည်ပါသည်။

          နောက်လိုအပ်ချက်တစ်ခု သည် ရိုးသားမှု (တနည်း) ကိုယ်ကျင့်တရား ပင်ဖြစ်ပါသည်။ တချို့ပညာရှင် တွေပြောသော စကားက

          "I Practice what I preach" တဲ့ ရိုးသားမှုဟူသည်မှာ ကိုယ်ဟောသလို ကိုယ်ကျင့်ခြင်းပင် ဖြစ်သည်။ လို့ အဓိပ္ပါယ်ရပါတယ်။ လိုအပ်နေသေးတဲ့အချက်ရှိသေးတယ်လို့ ထင်ပါတယ် စာဖတ်သူ သိခဲ့ရင် ကျွန်တော့်ကိုဆက်သွယ် ပြောပြပေးပါလို့ တိုက်တွန်းပါရစေ။

          ဘယ်ပါတီ၊ ဘယ်အဖွဲ့ကို ထောက်ခံ ထောက်ခံ၊ အားပေး အားပေး စည်းကမ်းရှိရှိ ထောက်ခံကြပါ စည်းကမ်းရှိရှိ အားပေးကြပါလို့  

ကျွန်တော် တိုက်တွန်း အကြံပေးတိုက်တွန်းပါရစေ။ စည်းကမ်းအတွင်းမှာပဲ လွတ်လပ်ကြပါ။ မင်းမဲ့တိုင်းပြည် ကဲ့သို့ မလွတ်လပ် ကြပါနဲ့လို့ အကြံပေးချင်ပါတယ်။ ကျွန်တော် ယုံကြည်တဲ့ ဒီမိုကရေစီဆိုတာ

"ဒီမိုကရေစီ ဟူသည် စည်းကမ်းရှိရှိ လွတ်လပ်ခြင်း" လို့ ယူဆ ခံယူပါတယ်။

စည်းကမ်းတော့ရှိပါပြီးတဲ့ အလုပ်မလုပ်ပဲ တွင်ကျယ် တိုးတက်လာပါ့မလား………………….။

ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး ဆိုတဲ့ ကိုင်ဇာ သီချင်းလိုပါပဲ……….. ဘာမှတိုးတက်မှုမဖြစ်လာပါ………

လို့ပြောကြားပါရစေ။ လွတ်လပ်ရေး မရခင်မှာ ပြောကြားခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ထဲမှာ လွတ်လပ်ရေးဆိုတဲ့ နေရာမှာ ဒီမိုကရေစီ လို့ ပြောင်းထည့် ပြပါ့မယ်………………။ အလုပ်လုပ်ကြဖို့ ပြောတဲ့ မိန့်ခွန်းပါ။

          "အလုပ်မလုပ်ဘဲနဲ့တော့ ဒီမိုကရေစီ ရပေမယ့် ဘယ်နည်းနဲ့ ခင်ဗျားတို့ ဒီမိုကရေစီ အရသာကို ကျပ်ပြည့်တင်းပြည့် ခံစားစံစားရမှာမဟုတ်ဘူးဆိုတာ ဘယ်အစိုးရပဲတက်တက်၊ ဘယ်ပါတီပဲတက်တက် ဘယ်သူအုပ်ချုပ်အုပ်ချုပ် အလုပ်မလုပ်ပဲနဲ့တော့ ခင်ဗျားတို့ ဘာမှမဖြစ်ဘူးဆိုတာ ကျွန်တော်ထစ်ထစ် ချရဲရဲ ကြီး ပြောရဲတယ်" ဆိုတာပါပဲ။

          ဖတ်ဖူးတာကြာပြီဖြစ်တဲ့ "လူ၏" ဆိုတဲ့ ကဗျာလေး ထည့်လိုက်ပါအုန်းမယ်။ ပါဝင်တာတွေက "စည်းကမ်း၊ပညာ၊ကိုယ်ကျင့်တရား" စသည်စသည်……………….

"လူ၏………."

"စည်းကမ်း" သည် လူ၏ "တန်ဖိုး" ဖြစ်သလို

"ပညာ" သည်လူ၏ "အရင်းအနှီး" ဖြစ်သည်

"ကိုယ်ကျင့်တရား" သည် လူ၏ "တန်ဖိုး" ဖြစ်သည်

ဆိုတဲ့ ကဗျာလေးဖြစ်ပါသည်။

          ကျွန်တော်တွေးဆမိသလောက် အဲဒီသုံးချက်ကို လိုက်နာပြည့်စုံရုံဖြင့် အေးအေးချမ်းချမ်း အောင်အောင်မြင်မြင် နေနိုင်မယ်လို့ ယုံကြည်မိပါတယ်…………………………… ။

ကျွန်တော်သိတက်စ အချိန်စဉ်းစားတက်တဲ့ အချိန် မှစပြီး အမှန်တရားဆိုတာဘာလဲ၊ လူ့အခွင့်အရေးဆိုတာဘာလဲ၊ စည်းကမ်းဆိုတာဘာလဲ၊ လွတ်လပ်မှုဆိုတာ ဘာလဲ…….၊ တရားမျှတမှုဆိုတာ ဘာလဲ………….၊ လာဘ်စားမှုဆိုတာဘာလဲ………၊ငြိမ်းချမ်းရေးဆိုတာဘာလဲ၊ စည်းလုံးမှုဆိုတာဘာလဲ စသည် စသည် စဉ်းစားခဲ့ မေးမြန်း မှတ်သား ဖတ်ရှုလေ့လာခဲ့တာ ယနေ့ထိပါပဲ……………………………..

အလုံးစုံသိခွင့်မရှိသေး………………. မသိသေးတာတော့ အမှန်……………………………..

ကျွန်တော့်ကို နည်းလမ်းပြခဲ့သော  အသိပညာ ၊အတက်ပညာ အမှားအမှန်ခွဲခြား တက်သော ဦးနှောက်ကို မီးညှိပေးခဲ့သော တမလွန် မှ အဖိုး…………….၊ စာအုပ်စာပေတွေ ဖတ်ဖြစ်အောင် မျိုးစေ့ချ ပျိုးထောင်ပေးခဲ့သော ဦး အဒေါ်တွေ၊ ဦးလေးက စာဖတ်တက်တဲ့ အရွယ်ကစ ပြီး ရွှေသွေး၊ မင်္ဂလာမောင်မယ်၊ရတနာပန်းခင်း၊ ၃၈-ဖြာမင်္ဂလာ စသော ကာတွန်းစာအုပ်၊ စတာတွေနဲ့ ပျော်မွေ့စေခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော် လောကကြီးနဲ့ သဟဇာတ ဖြစ်အောင် လူအများထက်မသာသော် လည်း…………..

လူအများနည်းတူ အမှားအမှန်ခွဲခြားတက် ၊ လူ့တန်ဖိုး လေးစားတက်ပြီး လူတွေနဲ့ နေတက်ထိုင်တက်ခဲ့ပါတယ်။

          ကျွန်တော့်အတွက် "စာအုပ်စာပေ၊လူ့မိတ်ဆွေ" ဆိုတာ ထာဝရ မှန်ကန်ခဲ့ပါတယ်။…………..။

ကျွန်တော်တို့ ပြည်သူတွေ ကိုယ့်အလုပ် ကိုယ် လုပ်နေသည်မှန်သောငြားလဲ ကျွန်တော်တို့ လုပ်ရပ်တိုင်းသည် တိုင်းပြည် ၏ အဆင့်အတန်း ကိုဖော်ပြ နေတယ်ဆိုတာ မမေ့သင့်ပါ……………။

ကျွန်တော်တို့လုပ်ရပ်သည် တစ်ချိန်မှာ သမိုင်းဆိုတာ ဖြစ်လာမှာပါ…………….။

ဒီသမိုင်းအကောင်းအဆိုး သည် လူတိုင်း နှင့် တစ်ဦးချင်းစီနှင့် ထာဝရ သက်ဆိုင်နေပါသည်……………….။

          မြန်မာတွေဟာ ဘာ………….ဆိုသော ပုံရိပ်အတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါသည်။

တစ်ယောက်ချင်း၏ လုပ်ရပ်…………

တစ်ယောက်ချင်း၏ စိတ်ဓာတ်……………..

တစ်ယောက်ချင်း၏ ကိုယ်ကျင့်တရား…………..

တစ်ယောက်ချင်း၏ ဥာဏ်ပညာ………………..

သမိုင်း အဆက်ဆက် လက်ဆင့်ကမ်းရသည့် နာမည် အဆိုးအကောင်းများ………………………….

          စာဖတ်သူ အားလုံး ကို အားမာန်ပေးနိုင်စေမဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးနဲ့ အားဖြည့်ရင်းနိဂုန်းချုပ်ခွင့်ပြုပါ………………..

 

 

ငှက်တို့သမိုင်း

-      မလိုက်ရဲရင်လဲ

အသိုက်ထဲမှာပဲ ကျန်ခဲ့လေ……..။

-      တစ်နေ့နိုးမှာပေါ့

ရှေ့ခရီးမျှော် မာန်တင်းပါကွယ်

(ငှက်ဆိုတာကတော့….) ပျံရင်းသေ…။

 

-      ကဆုန်စိုင်းသလိုပေါ့

မုန်တိုင်းက ရှေ့မှာမွှေ

တောမီးက ရှေ့မှာဝိုင်း……….

 

-      ခြင်္သေ့က မြက်မစား

ကျားက ကြွက်မချောင်း

ဖွတ်က မိကျောင်းလိုမနေ

အိုးဝေ တွန်သံနှောလေတဲ့

စိမ်းမြညို ဟောဟို တောဆီသို့…..

အမောခံ ဇောမာန်တင်းပါလို့….

ပျံရင်းသေ ခရီးဆက်မယ်……တဲ့

(အဲဒါ…….) ငှက်တို့သမိုင်း…..။

သဘာဝတရားမှ အမှန်တရားများကို မြတ်နိုးတန်ဖိုးထားတက်ကြပါစေ……….

 

    ကျေးဇူးရှိသူအပေါင်း ခင်ပွန်းကြီးဆယ်ပါး ကို ဤ ဆောင်းပါးဖြင့် ရှိခိုးဦးတင်လိုက်ပါရစေ……..။   

အစဉ်ကြိုးစားလျှက်

ပစ်တိုင်းထောင်(Wisdom Life)

Read More In                               www.wisdomlife7.blogspot.com

 

တခြားအကြောင်းအရာလေးတွေ

Related Posts Plugin for WordPress, Blogger...