Subscribe:

Blogroll

Related Posts Plugin for WordPress, Blogger...

Labels

Followers

Contributors

Thursday, October 28, 2010

ဒသာနများ.......

၁။ သည်းခံတတ်သူ၏ ဒေါသကို သတိထားပါ။ (ဂျွန်ဒရိုင်းဒန်)

၂။ ကျွန်ုပ်သည် လျှို့ဝှက်ကြံစည်တတ်သူ ဖြစ်ရာ ကျွန်ုပ်၏ အနားတွင်ရှိသော သူများကို တစ်ယောက်မျှမယုံ။ (နာဆာ)

၃။ ဘာသာရေးမပါသော သိပံ္ပသည် ခြေကျိုးနေ၍ သိပံ္ပမပါသော ဘာသာရေးသည် မျက်စိကန်းနေသည်။ (အဲရစ်စတိုတရ်)



၎။ ယုံကြည်စိတ်ချရသောကြောင့် ပျက်စီးခြင်းထက် စိုးရိမ်စိတ်လွန်ကဲသောကြောင့် အထင်သေးခံရခြင်းက ပိုကောင်းသေးတရ်။ (အီမန်ဘတ်စ်)



၅။ လူတိုင်းဟာ ချစ်ရာမှာ မြန်ဆန်ကြပြီး တစိမ့်စိမ့်ဖြင့် မုန်းတတ်ကြတရ်။ (ဘိုင်ရွန်)

၆။ နာခံခြင်းသည်သာလျှင် အမိန့်ပေးနိုင်ခွင့်ရှိတရ်။ (ရပ်ဝယ်တိုအီမာဆန်)



၇။ ကောင်းကင်ဘုံ၌ အစေခံလုပ်ရခြင်းထက် ငရဲပြည်၌ ဗိုလ်လုပ်ရခြင်းက ပိုကောင်းတရ်။ (ဂျွန်မီတန်)



၈။ ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုခြင်းက ပြည်တန်ဆာလုပ်တာနဲ့ အတူတူပဲ။ (ဘားနဒ်ရှော့)

၉။ ပညာ၏ အမြစ်မှာ ခါးသီးသော်လည်း အသီးမှာ ချိုသည်။ (အဲရစ်စတိုတရ်)



၁၀။ ပါးနပ်ခြင်းက ဉာဏ်ပညာမဟုတ်။ (U P Dee)

၁၁။ ညံ့ဖျင်းစွာ စတင်ခြင်းသည် ညံ့ဖျင်းစွာ ပြီးဆုံးစေတရ်။ (U P Dee)



၁၂။ ဘ၀မှာ ၀မ်းနည်းစရာ နှစ်ခုရှိတရ်။ ပထမတစ်ခုက သင်၏ နှလုံးသားဆန္နအလိုတွေ မပြည့်တာဖြစ်ပြီး၊ ကျန်တစ်ခုကတော့ အဲ့ဒီအရာကို သင်ရတာပဲ။ (ဘားနဒ်ရှော့)

၁၃။ ကမ္ဘာပေါ်မှာ ရှိသမျှ လူတော်များ၊ ပညာရှင်များသည် အများအားဖြင့် အတွေးအခေါ်နှင့် ဉာဏ်ပညာကို ဦးစားပေးသည် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ (ဂျစ်)

၁၄။ ကျွန်ုပ်တို့တွင် နားရွက်နှစ်ခုနှင့် လျှာတစ်ခုသာပါရှိသည်ဖြစ်ရာ ကျွန်ုပ်တို့သည် များများနားထောင်၍ နည်းနည်းသာ ပြောရမှာ ဖြစ်သည်။
(အိုင်အိုဂျီးနစ်)


၁၅။ ရှက်သွေးဖြာခြင်းသည် သီလသမာဓိ အရောင်ဖြစ်သည်။ (ရောဘတ်ဘရောင်းနင်း)



၁၆။ စတင်လုပ်ဆောင်သူသည် တစ်ဝက်လုပ်ဆောင်ပြီးသူ ဖြစ်တရ်။ (ဂျွန်ကိ)

၁၇။ ကူညီစိတ်ရှိသူတွင် ဝေဖန်နိုင်ခွင့်ရှိတရ်။ (အေဘရာဟင်လင်ကွန်း)



၁၈။ ရင့်သီးပြင်းထန်သော စကားလုံးများသည် အကြောင်းအရာ အားနည်းကြောင်းကို ညွှန်ပြနေပေသည်။ (ဗစ်တာဟူရို)



၁၉။ မျှော်လင့်ချက်သည် ကောင်းမွန်သော နံနက်စာဖြစ်သော်လည်း ဆိုးဝါးသော ညစာဖြစ်တရ်။ (ဆာဖရန်းစစ်ဘေကွန်)

၂၀။ ပြစ်တင်ရှုတ်ချမှုကို ပယ်ရှားရန်အတွက် အသေချာဆုံးသော နည်းလမ်းမှာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ ပြုပြင်ရန် ဖြစ်သည်။ (ဒီမောစ်သီနိစ်)

၂၁။ နေ့တိုင်းဟာ ဘ၀တစ်ခုဖြစ်၍ ဘ၀တစ်ခုလုံးဟာ ပြန်ရောက်လာတဲ့နေ့ တစ်နေ့ ဖြစ်တရ်။ (ဆမ်းမာဆက်မော့)



၂၂။ ငြင်းခုံကျတဲ့အခါ ခေါင်းမာခြင်းနှင့် ဒေါသကြီးခြင်းဟာ မိုက်မဲညံ့ဖျင်းကြောင်း ပြသတဲ့ သက်သေများဖြစ်တရ်။ (မစ်ချယ်)



၂၃။ ကလေးများက အမှောင်ထဲသို့ သွားရန်ကြောက်သကဲ့သို့ လူကြီးများက သေရန် ကြောက်ကြသည်။ (ဆမ်ဖရန်စစ်ဘေကွန်)



၂၄။ အယူသီးသူဆိုသည်မှာ သူ၏စိတ်ကို မပြောင်းလဲနိုင်သလို အကြောင်းအရာကိုလည်း ပြောင်းလဲနိုင်မည်မဟုတ်ပေ။ (၀င်စတန်ချာချီ)



၂၅။
ပေးခဲ့တဲ့ကတိသည် ပြီးခဲ့သော အခြေအနေကြောင့်ဖြစ်သည်။ ကတိကို
ဖောက်ဖျက်ရခြင်းက လက်ရှိအခြေအနေ ကြောင့် ဖြစ်သည်။ (နီကိုလိုမာကီဟာဘဲလီ)


၂၆။ အကောင်းဆုံးသော သာယာချမ်းမြေ့မှုမှာ ကောင်းမွန်သည့် အလုပ်ကို လူမသိအောင်လုပ်ပြီး ထိုသို့လုပ်သည်ကို အမှတ်တမဲ့သိသွားစေခြင်း ဖြစ်တရ်။
(ကစ်ပလင်း)

0 comments:

Post a Comment

တခြားအကြောင်းအရာလေးတွေ

Related Posts Plugin for WordPress, Blogger...