Subscribe:
Blogroll
Related Posts Plugin for WordPress, Blogger...
Labels
Followers
Contributors
Thursday, January 26, 2012
ကြိုက်မိသောကဗျာများ
ထလော့ မြန်မာ
၁။       ထလော့မြန်မာ-အိုမြန်မာတို့
ဒို့ရွာဒို့မြေ-ဒို့ရွာမြေ၀ယ်
စေတီစပါး-များလဲများ၏
များပဲလေလဲ-တမွဲမွဲနှင့်
ဆင်းရဲကသာ-ကာလကြာလျှင်
ရာဇကာမျိုး-တညှိုးညှိုးနှင့်
ပုထိုးမြင့်ဟောင်း-ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်-မစားလေရ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင်-ရှိမည်တည်း။
၂။       ထလော့မြန်မာ-အိုမြန်မာတို့
          ဒို့ရွာဒို့မြေ-ဒို့ရွာမြေ၀ယ်
          ရေချိုသောက်ရန်-မြစ်ချောင်းကန်နှင့်
          သီးနှံချိုပြား-များလဲများ၏
          များဘိလေလဲ-တမွဲမွဲနှင့်
          ဆင်းရဲကသာ-ကာလကြာလျှင်
          မြင်သာမြင်ရ-မစားရ၍
          တောကပြိတ္တာ-ဖြစ်မည်တည်း။
၃။       ထလော့မြန်မာ-မြန်မာထလော့
          အားမပျော့နှင့်-မလျော့လုံ့လ
          ကိုယ်ကစ၍-ငါကအားလုံး
          လက်ရုံးများမြောင်-ဥာဏ်များမြောင်နှင့်
          ဆောင်ကြလေ-ဆောင်ကြလေလော့
          ဤမြေဤရွာ-ဘယ်သူ့ရွာလဲ
          ဤသာသနာ-ဘယ်သူ့သာသနာလဲ
          ထလော့တာဝန်-ကျေလော့လုပ်ငန်း
          ဥာဏ်ရှေ့မှန်း၍-တ၀မ်းတစိတ်ညီစေသတည်း။     
ဇော်ဂျီ
နိုဝင်ဘာနဲ့တူတဲ့ ကောင်မလေးရေ..
မင်းရဲ့Aနမ်းတွေကို
စာချုပ်စာတမ်းနဲ့ မွေးစားချင်တယ် ..
မင်းဘက်က Aဆင်သင့်ဖြစ်ရင်
Aကြောင်းကြားလိုက်ပါ၊
ငါစီးမယ့်ရထားက
ပြဿဒါးနေ့မှ ထွက်မှာ ဖြစ်ပါတယ်။
Wrote by : မင်းခိုက်စိုးစန်
ဖန်ခွက်Aလွတ်
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်Aလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ
ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ပါ
သူတို့က ချိုမြိန်တယ်လို့ ပြောပေမဲ့
Aဲဒီဖျော်ရည်တွေကို
ငါမသောက်ချင်ဘူး
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်Aလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ
စားပွဲပေါ်က ၀ိုင်ပုလင်းတွေ
ပြန်ပြီးသိမ်းထားလိုက်ပါတော့
Aိပ်မက်တစ်ခုထက်တောင်
ယစ်မူးစရာ ကောင်းတယ်ဆိုပေမဲ့
ငါတို့နှစ်ယောက် Aတွက်တော့
ဒါတွေကိုလည်း မလိုAပ်ပါဘူး
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်Aလွတ်ခွက်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ
သူတို့ရဲ့ ဖန်ခွက်တွေကတော့
တစ်စုံတစ်ခုနဲ့ Aမြဲတမ်းပြည့်ဝလို့
မော့သောက်လိုက်ကြတဲ့Aခါ
ကမ္ဘာတစ်ခုလုံး လောက်ပိုင်ဆိုင်သွားကြတယ်
ချစ်ခြင်းမေတ္တာကလွဲလို့ပေါ့
မင်းရှေ့မှာ ချထားတဲ့
ဖန်ခွက်Aလွတ်ထဲကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ
ငါတို့သောက်လိုက်ကြမယ်
ဖန်ခွက်Aလွတ်တွေကို ပြိုင်တူမော့လို့
ငါတို့သောက်လိုက်ကြမယ်
ငါတို့ နှစ်ယောက်စလုံး
ဖန်ခွက်Aလွတ်တွေလို
ကြည်လင်သန့်စင်သွားတဲ့Aထိပေါ့။ ။
Wrote by : မြင့်မိုးေAာင်
"..............."
င့ါမှာ.....
သုံးရာသီကို တစ်ရက်စွန်းတဲ့Aထိ
မင်းရဲ့ မိုးတိမ်တွေနဲ့ ပဲ သာယာနေမိတယ်
ကောင်မလေးရေ....
မင်းဘယ်တော့ရွာချလိုက်မှာလဲ...!!
မြေကြီးထဲက သံယောဇU်Aမြစ်တွေ
Aိမ်မက်နဲ့ ပဲ စိုစွတ်နေရပေါ့....
Wrote by : မင်းခိုက်စိုးစန်
ချာတိတ်ကလေးတစ်ယောက်Aကြောင်း… (၁)
ကျွန်တော်ဟာ 'မမ' ရဲ့ နွားကလေးတစ်ကောင်ပေါ့
နှစ် ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။
(၂)
Aဝေးပြေးလမ်းမကြီး တစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော် Aိမ်ကို ဘယ်လို ပြန်ရမှာလဲ
(၃)
ငယ်ငယ်တုန်းက Aတန်းထဲမှာ
လက်လှဲပြိုင်ရင်
Aနိုင်ရချင်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ
ကျွန်တော်ပေါ့။
Aခုတော့
နွေရောက်ရင် သိမ်းဆည်းရတဲ့ Aနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
ထိုးထည့်ထားလိုက်တော့တယ်
(၄)
Aလွမ်းကို ဂြိုဟ်စားကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။
(၅)
ကျွန်တော့်ကို Aပြစ်မတင်လိုက်ကြပါနဲ့ဗျာ
မမြင်ဖူးတဲ့ လူ Aတွက်တော့
'မူး' ကိုလည်း 'မြစ်' လို့ ထင်ခွင့်ရှိတာမဟုတ်လား။ ။
Wrote by : မင်းခိုက်စိုးစံ
ပြင်Uီးလွင်ခရီးသည်
မိုးပေါ်မှာရေစီး
မြေကြီးပေါ်မှာနေထွက်
တောင်ထိပ်ပေါ်မှာ ကြာပေါက်ခဲ့လေပြီ။
ရေတံခွန်ထက်
ရေသူမတွေ လမ်းလျှောက်ထွက်လာပုံ
ဒီAလှကို
ရိုးမတောင်တန်းကြီးလို ငေးမိသွား
လူတစ်ယောက်ရဲ့ ဆင်းရဲခြင်းဟာ
ချမ်းေAးခြင်းထဲမှာ နိဂုံးလား။
Aတောင်ပံနုနုနဲ့
မင်းဆီရောက်ဖို့ Aသက်လုခဲ့ရတဲ့ လိပ်ပြာ
မင်းလွမ်းနေရစ်ရေAာင်လည်း
မပျံသန်းတတ်ပါ
ဝေဒနာတွေ တောင်ပေါ်Aထိ ပါလာခဲ့တယ်။ Wrote by : ၀ိုင်ချို
ကျွန်တော်ဖတ်မှတ်မိသမျှပြန်ပြောသည်
ခုတလော စာသိပ်မဖတ်ဖြစ်တော့ စာပေဟောပြောပွဲတွေပဲ နားထောင်ဖြစ်တယ်။ စာရေးဆရာက တော့ အစုံပဲ။
အဲဒါတွေထဲကမှ ကျွန်တော်မှတ်မိသမျှ ပြန်ပြောပြပါမယ်။
ဦးဘုန်း(ဓါတု) ရေးထားတာလားမသိဘူး။ After You ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ နိုင်ငံခြားမှာ အဲဒီစာကိုရေးတဲ့သူက မိမိကိုယ်မိမိပဲဦးစားပေးခဲ့ပါတယ်တဲ့။လေယာဉ်မယ်လေး ပြောတဲ့စကားတစ်လုံးက After You ဆိုတဲ့စကားလုံးလေးကိုပြန်စဉ်းစားတယ် မင်းပြီးမှဆိုပါလား အော်တော်တော်အတ္တကြီးတဲ့ငါပါလားဆိုပြီးနောင်တရမိတဲ့အကြောင်း ရှက်ရှက်နဲ့ပြန်ရေးထားတဲ့အကြောင်း ဖတ်ရပါတယ်။ အရင်ကတော့မိမိပြီးမှသာ တစ်ခြားသူ အလုပ်ကိုဦးစားပေးခဲ့ပါတယ်တဲ့သူပြောခဲ့ပါတယ်။သူသုံးခဲ့တဲ့နည်း (Law)က After Me နည်းပါပဲ။
ကြားဖူးတာလေးပြန်ရေးပြပါ့မယ်။လူတစ်ယောက်ကိုနိဗါန်နဲ့ ငရဲကို အလည်ခေါ်သွားတယ်တဲ့။ ငရဲမှာတော့ ငါပဲစားမယ်ဆိုပြီးတော့ လုစားနေကြတယ် တစ်ယောက်နဲ့တစ်ယောက်လဲ သတ်ကြခုတ်ကြပေါ့။
နိဗါန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ခွံ့ကျွေးနေကြတယ်တဲ့ သတ်တာခုတ်တာလဲမတွေ့ရပါဘူး။ဒါပြန်စဉ်းစားကြည့်ရင် After You နည်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စေတနာရှိရှိ အပြန်အလှန်မေတ္တာထားနိုင်မှ လောကကြီး သာယာလာမှာပါ။
          ဟိုရင်ကဆိုစစ်ပွဲတွေပြိုင်ပွဲတွေနဲ့အနိုင်အရှုံးကိုဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါဟာ (Win-Lose) Theory ပါပဲ။
တယောက်ရှုံးရင် တယောက်ကနိုင်ရမယ် အဲလိုဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့ငြိမ်းချမ်းမှုကိုတော့ လစ်လျူရှုသလိုပါပဲ။
အခုနောက်ပိုင်း ပညာရှင်တွေက စဉ်းစားအကောင်အထည်ဖော်နေတဲ့ နည်းကတော့ (Win-Win)Theory ပါပဲ။
ပူပေါင်းလုပ်ဆောင်ခြင်းအားဖြင့် အောင်မြင်မှုဆီကို အတူတူလှမ်းကိုင်ကြတဲ့ နည်းပါပဲ။ဘယ်သူမှမရှုံးပါဘူး အားလုံးအနိုင်ပါပဲ။ဒါက After You နဲ့လဲဆက်စပ်ပါတယ်။
          အခုဆိုရင် သတင်းစာတိုင်းမှာ မရိုးတမ်ဖတ်နေရတာက နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးတဲ့သတင်း စတဲ့အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ကိုစပြီး လုပ်ဆောင်လာတာတွေ့ရပါတယ်။
          နောက်ဆိုရင် Free Flow of Myanmar ဖြစ်တော့မှာပါ။
အဲဒီကျရင် မြန်မာတွေ ဘာမှမတက်လို့မဖြစ်ပါဘူး ကိုယ့်အရည်အချင်းကိုယ်ပိုင်နဲ့ ပြည့်ဝနေအောင်ကြိုးစားကြရမှာ။ ဒါမှသာ နိုင်ငံတကာအလယ်မှာ မျက်နှာမငယ်ပဲ ကောင်းတဲ့ ဘက်မှာ ဒါမှဒို့မြန်မာကွ ဆိုပြီးလက်မထောင်နိုင်မှာပါ။
မကောင်းတဲ့ဘက်မှာတော့ လက်မ မထောင်ချင်ပါဘူး။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့တော့။
မိမိကိုယ်ကိုရယ် နိင်ငံရယ်အတွက် ဘာဆက်လုပ်မလဲ ဘယ်လိုကြိုးစားမလဲ ဆိုတာစဉ်းစား အကောင်အထည်ဖော်ကြရမှာပါ။
          စာရေးဆရာကြည်မင်းပြောသလိုပါပဲ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ မိမိပညာကိုနည်းနည်းတက်ရင်နည်းနည်းပြန်ဖြန့်ပါ။ အများကြီးတက်ထားမှပြန်သင်ရမှာမဟုတ်ပါဘူးတဲ့။
နည်းနည်းတက်ရင်နည်းနည်းပြန်လက်ဆင့်ကမ်းရင်း ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
          ပညာကိုသေရွာမယူကြေးလေ ဟုတ်တယ်နော်။ ဒါမှသာအချိန်တိုတိုအတွင်းမှာ လူအများကြီးကို ပညာတွေလက်ဆင့်ကမ်းပေးနိုင်ပါမှာ။ ဒါမှသာ တိုးတက်တဲ့နိုင်ငံတော် အဖြစ်အချိန်တိုတို အတွင်းမှာ ရရှိလာမှာပါ။
          အယူအဆအမှားတွေကို သုံးစွဲနေကြတာတွေ့ရပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုက မြန်မာနိုင်ငံထဲကိုသိသိသာသာ ကိုနယ်ချဲ့လာတာတွေ့ရပါတယ်။ အနောက်နိုင်ငံတွေရဲ့အချိန်လေးစားမှု
အလုပ်ကြိုးစားမှု အရှုံးအပေါ်တုန့်ပြန်တဲ့ အပြုအမူတွေ ကိုအတုယူပါ့လား။ ဒါအကြံပေးတာပါ။
မဟုတ်တဲ့ အပြုအမူတွေက သမီးရည်းစားတွေ ဘာမြင်ကွင်းမရှောင်ဘာမရှောင် ချစ်နလန်ထ နေကြတာ တွေ့တွေ့နေရပါတယ်။ ဒါအနောက်တိုင်းယဉ်ကျေးမှုပါ မြန်မာရဲ့ ယဉ်ကျေးတဲ့ ယဉ်ကျေးမှုမဟုတ်ပါဘူး။
ကိုယ့်အမေကိုပြန်မေးကြည့် ပြန်သုံးသပ်ကြည့်ပါ ဘယ်လိုနေခဲ့ဘယ်လိုထိုင်ခဲ့ဘယ်လိုပြုမူခဲ့သလဲဆိုတာကို ပြန်လေ့လာကြည့်ပါ။ လူမြင်ကွင်းမရှောင် ဘာမရှောင် အဲလိုအပြုအမူတွေရှိသလား ပြန်မေးကြည့်ပါ။
စည်းဆိုတာရှိပါတယ် စည်းကမ်းရှိမှတိုးတက်တာပါ။
ဗိုလ်ချုပ်စကားနဲ့ပြောရင
"မင်းတို့မြန်မာတွေ ဒီစောက်ကျင့်တွေ မပြင်ရင် ဖာနိုင်ငံပဲဖြစ်မှာပဲ"            တဲ့။
ဒါကြောင့် သားသမီးဝတ်ငါးပါး ကျေတဲ့ သားသမီးများ အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်သော အမျိုးကောင်းသားသမီးများ ဖြစ်အောင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ကြပါစေလို့ တိုက်တွန်းရင်း ရှေ့ဆက်ကြိုးစားခွင့်ပြုပါ။
ကိုရဲမင်းထွန်း(Wisdom Life)
Tuesday, January 24, 2012
နိုင်ငံခြားရောက် လူငယ်များ မိမိတို့စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည်။
ကျနော်တို့ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မ သွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တ ကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။
သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်ကပေးလိုက် ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။ သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ။ မစားရပဲနဲ့ စွန့်တယ်ဆိုတာ အဓိပ္ပါယ်မှမရှိ ဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။
အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ်။
သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။
အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန် ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသား ဆိုရင်လည်း လက်မခံတော့ဘူးနော် ။အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ်။ 
နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။
သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။
ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။
ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့် မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။
တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်။ နဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေး ကြီးပါတယ်။
အဲဒီတော့ကို ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။
ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။
အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။
အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။
အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။
အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။
အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။ အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာ တဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တလလောက် စားလိုက် သောက်လိုက်တဲ့ အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထပ်တခါ ချေးပြီးတော့ တခါပြန် ထွက်ရတယ်။
အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာ လို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွား အောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိ ဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင်ဘာ တွေ ဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။
နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မလား။ ဒါတွေ အကုန်လုံး စဉ်းစားရတော့မယ်။
အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘ၀မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။   ။
မှတ်ချတ်...............စာရေးဆရာကြီး ဦးအောင်သင်းသည် နှင့်  ခေတ်ပြီုင်ဂျာနယ် အယ်ဒီတာတို့  အမေးအဖြေမှ ကောတ်နုတ်တင်ပြပါသည်။
http://mraungmintun-kokomg.blogspot.com/
မြန်မာမိန်းကလေး ၁ ယောတ် living together လုပ်ခဲ့ မိလို့ 
အစ်ကိုအောင်အောင်ရေ အစ်မမော်မော်ကတွေ့ ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့မော်မော်ရဲသူငယ်ချင်းဖြစ်သူ
မောင်တေဇာကဖုန်းဆတ်ပြီးးကျွန်တော့်ကိုပြောပါသည်။တနယ်ထဲသား  ငယ်သူငယ်ချင်းတွေပါပဲ.....
မော်မော်နိုင်ငံခြားမှာအလုပ်လာလုပ်တာ ၁ နှစ်နီးပါးကြာပြီးနောက် နေမကောင်းဖြစ်နေတာကိုတော့ကြားသည်။
တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူကိုယ်တိုင်ခေါ်ခိုင်းနေပြီမို့  ညနေဖက်အိမ်မှထွက်ခဲ့သည်။သူအိမ်ရောတ်တော့ 
သူလုပ်ဖေါ်ကိုင်တ်ေတွေက သူအပေါ်ထပ်မှာရှိတယ်ပြောလို့  ကျွန်တော် အိမ်အပေါ်ထပ်သို
့တန်းတက်ခဲ့သည်။မော်မော်ကကခြေသံကြားသဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့် ။
အကိုအောင်အောင် ကတော့ငါ့ညီမလေးဘယ်လိုဖြစ်နေသလဲလိုသတင်းတောင်လာမေးဖေါ်မရဘူး။
ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။မဟုတ်ပါဘူးမော်မော်ရာ အကိုလည်း ဒီရက်မှာ
အလုပ်နဲနဲ များနေလို့ မလာဖြစ်သေးတာပါ။မော်မော်ကိုကြည့်ရတာ အသားအရေ ဖြုဖတ်ဖြုရော်နှင့်တော်တော်လဲ
ပိန်သွားသည်။ ဟိုတုံးကမော်မော် နှင့်လုံးဝမတူတော့။မော်မော် နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို့ မောင်နှမအရင်းကဲ့သို့ သံယောဇဉ်ရှိသည်။
တခုတော့ရှိသည် မော်မော် ကဘယ်တော့မှကျွန်တော့်ကို အကိုဟုမခေါ်။ကျွန်တော့်နာမည်ပါတွဲခေါ်သည်။
သူ့ ကိုယ်သူတော့ မော်မော်က ကညီိမလေးက ဟုပြောတတ်သည်။
တနေ့ တွင်အိမ်သို့ ကျွန်တော်ဖုန်းဆတ်ရာတွင် မော်မော် က ကျွန်တော့်အား။
အကိုအောင်အောင် ပြောစရာရှိလို့ 
ပြောလေညီမလေး ဘာပြောမလို့ လဲ
အစ်မ၀မ်းကွဲ မမိယဉ်ယဉ်ကိုသိတယ်မဟုတ်လား
အင်းသိတယ်လေ သူကဒီမှာမဟုတ်လား
ဟုတ်တယ် သူခေါ်လို မော်မော် အဲဒီကို လိုက်လာပြီး အလုပ်သွားလုပ်မလို့ 
ဖြစ်ပါ့မလားမော်မော်ရယ် ခုချိန်ထိ ကျောင်းတက်တာကလွဲပြီး ဘာအလုပ်မှမလုပ်ဘူးတဲ့သူက
နိုင်ငံခြားမှာတောင်အလုပ်လာလုပ်မယ်ဆိုတော့ ။
ဖြစ်ပါတယ် အကိုအောင်အောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော်များများသွားလုပ်နေကြတာ
အထူးအဆန်းမှမဟုတ်တာ။
မော်မော် ပြောတာဟုတ်ပါတယ်ဒါပေမဲ့ ။
ဘာမှဒါပေမဲ့မနေနဲ့ အကိုအောင်အောင် အဖေက၀န်ထန်း အမေကဈေးထဲမှာဈေးရာင်းပြီး မော်မော်တို
့မောင်နှမ ၃ ယောက်ကိုလုပ်ကြွေးလာတာ သူတို့ ပင်ပန်းလှပါပြီ ။ဒီတစ်ခါ မော်မော်အလှည့် အောက်မှကလဲ
မောင်လေးနဲ့ ညီမလေးကလဲရှိသေးတယ်
မော်မော်ဟိုမှာ ၃ နှစ် လောက်ကျိုးစားပြီးအလုပ်လုပ်မယ် ပိုက်ဆံစုမယ်။ပြီးရင်
ဒီကိုပြန်လာပြီးစီးပွားရေး လုပ်ငန်းလုပ်မယ်မကောင်းဘူးလား။
မော်မော် ပြောစကားကအကြောင်းပြချက်ခိုင်လုံနေသည်မို့  ကျွန်တော်ဘာမှမပြောသာတော့။
အင်းလေ ညီမလေးကောင်းမယ်ထင်တာသာလုပ်ပါတော့ ။ ဒါနဲ့ ကုန်ကျစရိတ်ကရော။
အဲဒါဘာမှပူစရာမလိုဘူး မမိယဉ်ယဉ်သူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အ လုပ်လုပ်ပြီးပြန်ဆပ်ရမှာ။
 မော်မော်ရောတ်းပြီး တပတ်အကြမှာ သူကိုကျွန်တော် သွားတွေ့ ပါတယ်။
မော်မော်  ညီမလေး အကိုတစ်ခုတော့ပြောချင်တယ်။
တစ်ခုမပြောနဲ့ ဆယ်ခုပြော ။မော်မော်ကမျက်စောင်းထိုးယင်းပြောသည်။
တကယ်ပြောမလို့ မနောက်နဲ့ ။
ကဲပါ အကိုအောင်အောင်ပြောတာ မော်မော် နားထောင်မယ်။ပြီးတော့ လိုက်နာပ့ါမယ်ဂတိပေးပါတယ်ရှင်။
အင်း ဒါဆိုလဲပြီးရော ။ညီမလေးဒီမှာအလုပ်ကိုကျိုးကျိုးစားစားလုပ်။ပိုက်ဆံကိုသေသေချာချာစု။
သူငယ်ချင်းပေါင်းရင်လဲသတိထားပြီးပေါင်း။အားရင်စာဖတ် ။ပြီိးတော့ဘုရားလဲရှိခိုး။
မိဘတွေကိုလည်း ညတိုင်းကန်တော့ပြီးမှအိပ်နော်။
ဟုတ်ကဲ့ပါအစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ မော်မော် ကငေါ့ပြီးမေးသည်
ကျမ္မာရေးလဲဂရုစိုက်နော် ဒါပဲ##########
အကိုမောင်မောင် ဘာတွေစဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ ဆယ်ခွန်းလောက်ရှိနေပြီ။
မော်မော်စကားသံကြားမှ ကျွန်တော်လည်းသတိပြန်လည်လည်လာပြီး။
သြော် ဘာမှမစဉ်းစားပါဘူးညီမလေးရယ်။
ကျွန်တော်က ပိန်သွယ်နေသော မော်မော် လက်ဖမိုးလေးအားအုပ်ကိုင်ယင်း။
ညီမလေးကဘာရောဂါဖြစ်တာလဲ လိုအပ်ရင်ဆေရုံတက်လိုက်ပါလား။
မော်မော်ကခေါင်းကိုခါရမ်းယင်း ။
အကိုမောင်မောင် သန်းထွေးကြူ အဖေနဲ့ အမေကိုပြန်မပြောပါဘူးလို့ ဂတိပေးပါလား။
ဘာတွေပြောမှာမို့ လို့ လဲညီမလေးရယ်။
မရဘူးအကိုမောင်မောင် ဂတိအရင်ပေးပြီးမှညီမလေးပြောမှာ။
ကဲပါညီမလေးရယ်ဂတိပေးပါတယ် ဘယ်သူ့ ကိုမှမပြောပါဘူး ကဲ ပြောတော့
ဒီလိုအကိုအောင်အောင်ဲဒီကိုရောက်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ရတယ်။
အားလုံးမိန်းကလေး ၆ ယောက်ရှိတယ်။အားလုံးကိုအုပ်ချုပ်တဲ့စူပါဗိုက်စာတရုပ်မလဲရှိတယ်။
မော်မော် ကရောက်ခါစဆိုတော့သူတို့ ဆီမှာပြောတဲ့စကားမတတ်သေးတော့အင်္ဂလိပ်လိုပဲပြောရတယ်။
ဒီလိုနဲ့  ၆ လလောက်ကြာလာတော့ စကားလဲတတ်လာပြီ ။လုပ်ငန်းလဲကျွမ်းကျင်လာပြီ။
ပြီးတော့ ဆိုင်ကိုအမြဲလာစားနေကျဖေါက်သယ်တွေနဲ့ လဲရင်းနှီးလာပြီ။ မော်မော် ကအလုပ်ကိုမခိုမကပ်လုပ်တော့
သူဌေးကလည်းသဘောကျတယ်။လာစားတဲ့ဖေါက်သယ်တွေကလဲခင်ကြတယ်။သူဌေးက မော်မော်ကိုတဖြည်းဖြည်းန့ဲ
လစာတိုးပေးတယ်ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ ကိုထိုတ် လို့ ခေါ်တဲ့ မြန်မာတယောက်နဲ့ ခင်မိတယ်။ဆိုင်ကိုလာရင်လဲ
တခြားစားပွဲထိုးတွေကိုမခေါ်ပဲ  မော်မော်ကိုပဲခေါ်တယ်။အဲ ဒီကိုထိုတ် နဲ့ သူငယ်ချင်းတွေလာစားရင်
စကားကိုယဉ်ယဉ်ကျေးကျေးပြောပြီး ခိုင်းတတ်တယ်။စားပြီးလို့ ပြန်ရင်လဲ ငွေရှင်းလို
့ပိုတဲ့ပိုက်ဆံဆိုရင် မော်မော်ကို ကိုအမြဲပေးတယ်။ဒီလိုနဲ့ တနေ့  တော့မော်မော် နဲ့ အတုတူလုပ်တဲ့အစ်မ မငယ် က
မော်မော် နင့်ကို ကိုထိုတ်ကကြိုက်နေတယ် ငါ့ကိုပြောပေးပါလို့ ပြောတယ် နင်ဘယ်လိုသဘောရသလဲ။
ဟာ အစ်မကလည်း ဘာဖြစ်လို့ ပြန်ကြိုက်ရမှာလဲ မော်မော် တို့ က ပိုက်ဆံလာရှာတာ
အချိန်တန်ရင်အိမ်ပြန်ကြရမှာ။အပူမရှာချင်ပါဘူး။
အေးလေစဉ်းစားပါဦးဟာ အချိန်တွေရှိသေးတာပဲ။
တနေ့ မော်မော်တို့ ဆိုင်ပိတ်လို့  မြို့ ထဲသွားဖို့ ကားစောင့်နေတုံး ကိုထိုတ် ကားနဲ့ ရောက်လာပြီး။
မငယ် တို့ ပါလား ဘယ်သွားမလို့ လဲ။
ကျွန်မတို့ မြို့ ထဲသွားလို့ ပါ။
မော်မော် လဲပါတာကိုး လာကျွန်တော်လဲမြို့ ထဲသွားမှာ လိုက်ခဲ့ပါလား။
ရပါတယ် ဘတ်စ်ကားနဲ့ ပဲသွားမယ် ကျေးဇူးတင်ပါတယ်။ မော်မော် ငြင်းလိုက်တယ် ။
ကိုထိုတ်က က မငယ် ကိုကြည့်လိုက်ပြီး ။
လာပါဘာမှအားနာနေစရာမလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ ကူညီရတာပါ။
အေးလေ မော်မော်ကလဲ ကိုထိုတ်ကိုအားနာစရာကြီး လာပါဟာ။
မငယ် လဲ သူ့ ဘက်ပါသွားပြီမို့  မော်မော် လဲအားနာနာ နဲ့ ပဲ ကိုထိုတ်ကားနဲ့ မြို့ ထဲကိုလိုက်ခဲ့ပါတော့တယ်။
မြို့ ထဲရောက်တော့ကိုထိုတ် ကတစ်ခုခု ကျွေးပါရစေဆိုတာနဲ့  ဆိုင်တစ်ဆိုင်မှာဝင်စားကြပြန်ပါတယ်။
ပြီးတော့မှ ကိုထိုတ်လည်း နှုတ်ဆက်ပြီးထွက်သွားပါတော့တယ်။
အဲဒီနောက်ပိုင်း မော်မော် တို့ အပြင်ထွက်တိုင်း ကိုထိုတ် ရောက်ရောက်လာတာတွေ့ ရတယ်။
ကြည့်ရတာမငယ် နဲ့ ကိုထိုတ် အဆက်အသွယ်ရှိပုံရပါတယ်။
ဒီလိုနဲ့ နှစ်သစ်ကူးမှာ မော်မော် တို့ ဆိုင် ၅ ရက်ပိတ်ပါတယ်။
အဲဒီပိတ်ရက်မှာ ကိုထိုတ်က မော်မော်နဲ့ မငယ် ကို ဟန်းဖုန်း တစ်လုံးစီ ၀ယ်ပြီး လက်ဆောင်ပေးပါတယ်။
မော်မော်ကအတန်တန် ငြင်းပေမဲ့ မငယ် ကနှစ်သစ်ကူးလက်ဆောင်ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ
့ယူလိုက်ရပါတယ်ဟန်းဖုန်းလဲရရော ညဖက်ဆိုင်သိမ်းပြီးလို့ အိမ်ရောက်တာနဲ့  ကိုထိုတ်က
ကမော်မော်ဆီအကြောင်းမရှိအကြာင်းရှာပြီး ဖုန်းဆက်ပါတော့တယ်။မငယ် ကလည်း ပြောတယ်။
မော်မော်ကလဲ မြန်မာသူဌေး သားကကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး ချူစားပေါ့ ဟ။
ဟာ မငယ် ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ ရမလား နောက်ပိုင်းမတော်တရော်တွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲ
့ကျွန်မပဲစိတ်ဆင်းရဲရမှာ။
မော်မော် ကလဲအဲဒီအတွက်မပူပါနဲ့ ဟယ် ငါကူညီမှာပေါ့။
အဲဒီအချိန်ကစပြီး မော်မော် လူပေါင်းမှားပြီဆိုတာ သတိမထားမိခဲ့ပါဘူး။
ဒီလိုနဲ့ မော်မော်နဲ့ ကိုထိုတ်  ချစ်သူတွေဖြစ်သွားကြတယ်ဆိုပါတော့။
ကိုထိုတ်ကားလေးနဲ့  မော်မော်တို့ သွားလေရာ မငယ် လဲပါတယ် ။မော်မော် ကိုဘာပဲဝယ်ပေးပေး
မိုက်ကယ် က မငယ် ကိုလည်းဝယ်ပေးတယ်။မငယ် လဲပျော်နေတာပေါ့။
နားနဲ့ မနာ ဖ၀ါးနဲ့ နာပါအကိုအောင်အောင် ။နောက်ပိုင်းချစ်သူတို သဘာဝ လွတ် ၂ လပ် ၂တွေ့ ကြတော့...............
 လတိုင်း လဲ ကိုထိုတ် က လခ နီးပါးပဲ ပိုက်ဆံတွေပေး လိုချင်တာတွေဝယ်ပေးတော့ မော်မော်လဲ ကိုထိုတ် နဲ့ 
နေရတာပျော်လာတယ် အကိုအောင်အောင်။
အိမ်ကိုလဲ လတိုင်းပိုက်ဆံများများပို့ နိုင်တော့အမေတို့ လဲပျော်နေကြတာပေါ့။
ဒီလိုနဲ့ မော်မော်နဲ့ ကိုထိုတ်တွဲနေတာ ၁နှစ်လောက်ကြာတော့ မိန်မသဘာဝတွေ   သိပ်မပြတော့ ဘူး.....့
သူပေးတဲ့ ဆေးအစွမ်းတွေကို  ယုံကြည်လို့ လဲ  ဖြစ်မှာလို့  မထင်မိဘူး။အလုပ်က မအားလို့ 
ဆေးခန်းမပြဖြစ်တာလဲပါတာပေါ့ ......တစ်နေ့ တော့   မော်မော်နေတဲ့   တိုတ်ခန်းကို  ကိုထိုတ်ရဲ
မိန်းမရောတ်လာပြီး မော်မော်ကိုလာအသိပေးပါတယ်.....
ကိုထိုတ်မှာမိန်မနဲ့  ခလေး ၂ယောတ်ရှိကြောင်းပေါ့ ......ပြီးတော့ မော်မော် ခေါင်တွေအရမ်းမူပြီး
နေမကောင်ဖြစ်ပါတယ်..မော်မော်အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ်လုပ်တာ ၁ နှစ်ကျော်ထဲကိုဝင်လာတဲ့အချိန်ပဲ ။
အဲဒီလို မော်မော် နေမကောင်းဖြစ်စမှာပဲ မငယ် လဲ မြန်မာပြည်ကိုပြန်သွားတယ်။ ကိုထိုတ် လဲ
မော်မော်နေမကောင်းဖြစ်နေတော့  ပိုက်ဆံတွေလဲပေးတယ်ဂရုလဲစိုက်တယ်။ဲ
့မော်မော်ဆေးခန်းတစ်ခုမှာသွားပြလိုက်တယ်။အဲဒီမှာဆရာဝန်က မော်မော် ကိုဆေးစစ် တယ်။
အဲဒီလို စစ်လိုက်တဲ့အချိန်မှာပဲ မော်မော် ဘ၀ဆုံးသွားပြီဆိုတာ သိလိုက်ရတယ်အကိုအောင်အောင်။
ဆရာဝန် ကအမျိုးသမီးဆရာဝန်ဆိုတော့ကောင်းပါတယ်။ မော်မော် ကိုမေးတယ်။
ညီမလေးဘာအလုပ်လုပ်တာလဲ ။
စားသောက်ဆိုင်မှာ စားပွဲထိုးပါ ။
ယောင်္ကျားရှိသလား ။
လက်မထပ်ရသေးတဲ့ချစ်သူတော့ရှိပါတယ် ။
အတူတူ နေကြတာလား ။
ဟုတ်ကဲ့ ။ ၂ရက်ခြား ၃ရက် ခြားတော့တွေ့ ဖြစ်ကြပါတယ် ။
အဲဒီလူနဲ့ အတူတူနေတာ ဘယ်လောက်ကြာပြီလဲ ။
တစ်နှစ် လောက်ရှိပါပြီ ။
သူ့ ကိုရော ဒီဆေးခန်း ကို ခေါ်လာလို့ ရမလား ။
အဲ့ဒီလိုမေးတော့မော်မော် မျက်ရည်စို့ လာပြီး
အင်းစိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ။
ကျွန်မဘာဖြစ်တာလဲဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောပါ ။ကျွန်မ လိုအပ်တာအားလုံးလုပ်ပါ့မယ်။
ညီမမှာ ကိုယ်ဝန် ၃လကျော်နေပါပြီး
ရှင် မော်မော် မေ့လဲမတတ်ဖြစ်သွားတယ် ။
ဒါဆိုကျွန်မကိုသူဆေးတွေကျွေးပါတယ်။ဆေးတွေသောတ်ရဲသားနဲ ဘယ်လိုဖြစ်တာလဲ။ ။ အငမ်းမရမေးလိုက်တယ် ။
ညီမကိုတိုတ်တဲ့ ဆေးတွေပြကြည့် လေ။ဖြစ်မှဖြစ်ရလေ  ညီမရယ်။သူဘယ်အချိန်မှာ ဒီဆေးတွေ သောတ်ခိုင်းတာလဲ။
ညီမတို့  အတူတူ မနေခင်မှာ သောတ်ခိုင်းပါတယ်။
ညီမကိုသူအခုတိုတ်နေတာ ကာကွယ်ဆေး မဟုတ်ဘူး၊ကာမအားတိုးဆေးတွေပါ ။
အဲဒီလိုသိလိုက်ရတော့ မော်မော် လေ ဒေါက်တာရှေ့ မှာငိုနေတာ တော်တော်ကြာတယ်။
ဆရာဝန်ကမော်မော်ကိုသူပါမလာပဲ သူလတ်မှတ်မထိုးပေရင် ဒေါတ်တာတို့ ဘာမှလုပ်ပေိးု့ မရပါဘူး။
လုပ်မယ်ဆိုလဲ ညီမလေးအတွတ် အသတ်စိုးရိမ်ရပါတယ်။
 နေမကောင်းဘူးလို့ ပြောပြီး မြန်မာပြည်ကို ပြန်လိုက်ပါညီမရယ်
အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို
သွားသတိယမိလိုက်တော့တယ်။
မော်မော်မှာ ကိုယ်ဝန်၃ လရှိတယ်ဆိုတာ သိပြီးတဲ့ နောတ်ပိုင်းသူကဖျတ်ဖို့ ပဲပြောတယ်လေ။မော်မော်က
ဖျတ်ချပြီးခုလိုဖြစ်နေတဲ့ အချိန်မှာ  သူကိုဆတ်သွယ်လို့ မရတော့ဘူး ...ဖုန်းခေါ်ရင်လဲ ဖုန်းပိတ်ထားတယ်....
မော်မော်ကကပြောလဲပြော ငိုလဲငို နှင့်မို့ ကျွန်တော်ကြည့်ရင်းတော်တော်စိတ်မကောင်းဖြစ်ရသည် ။
ဘယ်လိုအားပေးစကားပြောရမှန်းပင်မသိတော့။
မော်မော် ပြောခဲ့ချင်တာက မော်မော် ကိုငွေမက်ပြီးချူစားချင်လာအောင်မက်လုံးပေးပြီး
ငယ်လေးတွေကိုကူညီသလိုနဲ့  ငွေနဲမျှား၊အချစ်ကိုလိမ်ညာ၊ပြီး ဘ၀တွေကိုပါယူနေကြတဲ့  လူတွေ  ကိုသတိထားစေချင်လိုပါ။
ဘာပဲဖြစ်ဖြစ်အကိုအောင်အောင် စကားကိုနားမထောင်ပဲ နားယောင်ခဲ့မိတဲ့မော်မော် ကိုယ်တိုင်ရဲ့ အမှားလဲပါ ပါတယ်။
တော်ပါတော့ညီမလေးရယ်ရော့ရေသောက်လိုက်ဦး။
ကျွန်တော်ရေတစ်ခွက်ခပ်ပေးလိုက်ရင်းပြောလိုက်ပါတယ်။
မော်မော် လဲရေသောက်ပြီးမောသွားတာကြောင့် ဘာမှမပြောတော့ပဲ ကျွန်တော့်ကိုသာစိုက်ကြည့်နေပါတော့တယ်။
ယောင်္ကျားတစ်ယောက်နဲ့ တရားဝင်လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး မော်မော်လို ဘဝ
ဆုံးသွားသောမိန်းကလေးများဘယ်လောက်ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။
ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
mraungmintun
လင်းသန့် After You (ဦးဘုန်း-ဓာတု)
ရန်ကုန်လေဆိပ်
ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။
ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး
"အားနာမှုမရှိလိုက်ကြတာ"လို့ ခံစားရတယ်။
ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ "စပီကာ"က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။
ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။
ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။
"After you"
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။
"After you" တဲ့။
After ဆိုတာ... ပြီးနောက်။
you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့... "After you" ဆိုတာ "မင်းပြီးမှ"လို့ အဓိပ္ပာယ်ရတယ်။ "မင်းကို ဦးစားပေး"ပါတယ်။ "မင်းအရင်လုပ်"ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ "After me" သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။
"After me"....
"After me"....
"After me"....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။
ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။
"After you" ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ "After you" ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ "After you" ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် "After you" လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို "After you" လုပ်ရမယ်။ "After you" ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။
အဖေက ၀င်ပြောတယ်။
"After me" ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ "After me" ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ မှတ်သင်္ကေတဟာ "After me" ပဲ။ " အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ" ဖြစ်ရမှာ။ "အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ" ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ "After me" ပဲ။ "After me" ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ "After me" သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် "After me" ကိုလျှော့။ "After you" ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ "After me" သမားတွေနည်းလာပြီး "After you" သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။
သူကလည်း ကိုယ့်အပေါ် "After you"။
ကိုယ်ကလည်း သူ့အပေါ် "After you"။
မိဘကလည်း သားသမီးအပေါ် "After you"
သားသမီးကလည်း မိဘအပေါ် "After you"
လူကြီးတွေကလည်း လူငယ်တွေအပေါ် "After you"
လူငယ်တွေကလည်း လူကြီးတွေအပေါ် "After you"
ဆရာကလည်း တပည့်အပေါ် "After you"
တပည့်ကလည်း ဆရာ့အပေါ် "After you"
အပြန်အလှန် "After you" ဆိုတဲ့....
ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
ဦးဘုန်း(ဓာတု)
မန္တလေး
သစ်ထူးလွင် သတင်းမှကူးယူဖေါ်ပြသည်
Monday, January 16, 2012
ကွန်ပျူတာဆိုင်ရာ ကျင့်ဝတ်များ....
မြန်မာအိုင်တီမှ မိတ်ဆွေများပါဖတ်လို့ရအောင်တင်ပေးလိုက်တာပါ။
၁။ ကွန်ပျူတာအား အခြားသူများကို ထိခိုက်နစ်နာစေရန်အတွက် အသုံးမပြုရ။
(ကွန်ပျူတာကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဖြစ်သည်)
၂။ အခြားသူများ၏ ကွန်ပျူတာလုပ်ငန်းများကို အနှောင့်အယှက်မပေးရ။
(ဥပမာ- အဓိပ္ပာယ်မဲ့ အီးမေးလ်များကို မတန်တဆပေးပို့ခြင်း၊
ကွန်ပျူတာဗိုင်းရပ်စ်များပေးပို့ခြင်း)
၃။ အခြားသူများ၏ ကွန်ပျူတာဖိုင်များကို ခိုးမကြည့်ရ။
(တစုံတယောက်က ခွင့်ပြုချက်မပေးဘဲ ထိုသူ၏ကွန်ပျူတာဖိုင်များကို ဖွင့်မကြည့်ရ..။)
၎။ ကွန်ပျူတာကို ခိုးမှုကျူးလွန်ရန်အတွက် အသုံးမပြုရ။
၅။ ကွန်ပျူတာကို လွဲမှားသောသက်သေခံရန်အတွက် အသုံးမပြုရ။
(ဥပမာ- ကောလာဟလများပေးပို့ခြင်း၊ မိမိအီးမေးလ်လိပ်စာများကို
လွဲမှားစွာပေးပို့ခြင်း)
၆။ ကုမ္ပဏီတစ်ခုခုမှ ထုတ်လုပ်သည့်ဆော့ဖ်ဝဲများကို သတ်မှတ်ထားသည့်
အခကြေးငွေများပေးဆောင်ခြင်းမပြုဘဲ ကူးယူသုံးစွဲခြင်းမပြုရ။
(ဆော့ဖ်ဝဲ၊ တေးသီချင်း စီဒီသို့မဟုတ် ဒီဗွီဒီများကို မူပွားကူးယူပြီး
သူငယ်ချင်းများအား လက်ဆင့်ကမ်းပေးဝေခြင်းမပြုရ)
၇။ တစ်ဦးတစ်ယောက် ပိုင်ဆိုင်သည့် ကွန်ပျူတာဖြင့်
ထိုသူ၏တရားဝင်ခွင့်ပြုချက်မရဘဲ ထိုက်တန်သည့်
အခကြေးငွေပေးဆောင်ခြင်းမရှိဘဲကိုယ်ကျိုးအတွက် အသုံးမပြုရ။
၈။ တစ်ဦးတစ်ယောက်၏အသိဥာဏ်ဖြင့် ပြုလုပ်ဖန်တီးထားချက်များကို
အပိုင်စီးကာချုပ်ကိုင်ထားခြင်းမပြုရ။
(သီချင်း၊ဂီတ၊စာ၊ရုပ်ပုံများကို မူပိုင်ရှင်ခွင့်ပြုချက်မရဘဲ အပိုင်စီးကာ
ထင်သလိုပြုလုပ်ခြင်း)
၉။ မိမိရေးသားထားသည့် ကွန်ပျူတာပရိုဂရမ်စနစ် သို့မဟုတ် ဒီဇိုင်းတစ်ခုသည်
လူ့ဘောင်အဖွဲ့အစည်းနှင့် ပြဿနာဖြစ်စေမည့် အချက်များမဖြစ်စေရန်
ထည့်သွင့်စဉ်းစားရမည်။
၁၀။ ကွန်ပျူတာကို လူ့ဘောင်က အထင်ကြီးလေးစားစေမည့် အချက်များအပေါ်တွင်သာ
အခြေခံပြီးသုံးစွဲရမည်။
(တစ်ဦးတစ်ယောက်က မလုပ်ပါနှင့်ဟု အမိန့်ပေးစေခိုင်းမှ
ရှောင်ကြဉ်ရခြင်းထက် ကိုယ်တိုင်ကမလုပ်သင့် မလုပ်ထိုက်သည့်
ကိစ္စတစ်ခုအနေဖြင့် ရှောင်ကြဉ်ရန်ဖြစ်သည်..။
source; Forum ( ကိုသော်ထိုက် )
Saturday, January 7, 2012
မိမိ Data တွေလုံခြုံစေဖို့…
          ကျွန်တော်တို့မြန်မာနိင်ငံမှာ များသောအားဖြင့် Mozilla Firefox ကိုသုံးကြတာများတယ်။ အဲဒီမှာ သုံးရင် Mozilla ရဲ့Function ဖြစ်တဲ့ save passwords လုပ်မှာလား လို့မေးတက်တယ်။ အရင်ဆုံးသူက ဘယ် Website ၀င်ဝင် ဆိုဒ်တွေရဲ့ ပတ်စ်ဝေါ့ ကို မှတ်ထားတက်ပါတယ်။ မသမာသူတစ်ချို့ ရဲ့လက်ထဲကိုယ့် ပတ်စ်ဝေါ့စ် ပါသွားရင်သေရော။
          ဒါကြောင့်အရင်ဆုံး Save Password ဖြုတ်နည်းကို မသိသေးသူတွေအတွက် ပြောပြပေးပါမယ်။ အပေါ်ဘက်က Menu bar မှာရှိတဲ့ tools ကိုသွားပြီးရင် Options>Security ထဲကမှ Save password ကို အမှန်ခြစ်ဖြုတ်ပေးပါ ပြီးရင်တော့ အိုကေနှိပ်ပါ။ ဒါဆို အိုကေပါပီ.။
Description: D:\Documents and Settings\Administrator\Desktop\untitled.JPG
Save password ဖျောက်နည်းပြောပြပြီးပြီမို့ ခြေရာဖျောက်နည်းကို ပြောပြလိုက်မယ်နော်။ ၈၀% လောက်တော့်စိတ်ချ့ရပါတယ်။ ကဲစလိုက်ကြရအောင် Tools>Clear Recent History>everything>Clear လုပ်ပါ ဒါဆိုရင် Back လုပ်ပြီးပြန်ဆွဲလို့မရတော့်ပါဘူး။ ထိုက်သင့်သလောက်လုံခြုံသွားပါပြီ။အောက်မှာပုံနဲ့တကွရှင်းပြပေးပါ့မယ်။
Description: D:\Documents and Settings\Administrator\Desktop\jk.JPG
Short Cut အနေနဲ့က Ctrl+Shift+Del ကိုတွဲနှိပ်လိုက်ပါ။ ဒါဆိုအိုကေပြီပေါ့။
          ဒီလောက်နဲ့မကျေနပ်သေးဘူးလား ထပ်ဖျောက်မယ်ဗျာ လာထား။ Control panel ထဲကမှ
Internet Options>Delete files>delete cookies>Clear History>OK  ပြီးရင်ပြန်ထွက်ပါ။
Description: D:\Documents and Settings\Administrator\Desktop\nm.JPG
မကျေနပ်သေးဘူးလား လုပ်အုန်းမယ်ဗျာ ကဲ Run box ထဲမှာ prefetch လို့ ရိုက် Enter ခေါက် ဖိုင်တွေကျလာလိမ့်မယ်။ သူက အင်တာနက်သုံးတဲ့အခါမှာ temporary ဖိုင်အဖြစ်သိမ်းထားတာပါ။ အဲဒီကနေတစ်ဆင့် လဲ ပတ်စ်ဝေါ့စ် ကို ခြေရာခံနိုင်ပါတယ်။ ဒါကြောင့် အားလုံးကို shift delete ကျွေးပစ်ပါ။
          နောက် Regsitry ထဲထိဝင်ဖျောက်ကြရအောင်ဗျာနော့….။
 ဒီနည်းက ဂျီတော့ သုံးတဲ့လူတွေအတွက်ပါ။Run Box မှာ regedit လို့ရိုက် enter ခေါက်။
HKEY_Current_User>Software>Google>Gtalk>accounts အဲဒီထဲမှာသုံးထားတဲ့အကောင့်နဲ့ဖိုင်တစ်ချို့ရှိပါတယ်။ မိမိအကောင့်ကိုရွေးပြီး Delete လုပ်လိုက်ပါ ဒါဆို အိုကေပဲပေါ့ ဟုတ်တယ်မလား။
ပညာဥာဏ်ဖြင့် အုပ်စိုးသောကမ္ဘာကြီးဖြစ်ပါစေ။
ကိုရဲမင်းထွန်း
အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ
          ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။
          သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။ မိမိကိုယ်မိမိ ပြန်လည်စစ်ဆေးသုံးသပ် ဝေဖန်သင့်ပါသည်။ဤနေရာတွင် စာရေးသူသည် လောကီရေးရာလူမှုဘ၀ဟူသော ဘောင်အတွင်း မှ ရှုမြင်သုံးသပ် ရေးသားသွားရန် ရည်ရွယ်ပါသည်။
          ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ငွေ သည် လူတို့၏နေ့စဉ်ဘ၀ တွင်အရေးပါသော ကိရိယာတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့၏ဓန (Wealth) ကိုလည်း ငွေ နှင့်သာ တိုင်းတာကြပါသည်။
          ထို့ကြောင့် ဆင်းရဲခြင်းလွတ်ကင်းအောင် နည်းလမ်းစဉ်းစားရာတွင် ငွေရှာဖွေခြင်းနှင့် ငွေသုံးစွဲခြင်းသည် အဓိက စဉ်းစားရမည့် ဦးစားပေး အချက်တစ်ရပ်ဖြစ်လာပါသည်။ အထူးသဖြင့် စီးပွားရေးကျဆင်းနေသော ယခုအခါမျိုးတွင်၏ လူတိုင်းလူတိုင်း ဆင်းရဲခြင်း လွတ်ကင်းအောင် ကြိုးပမ်းလိုကြပေသည်။
          ဆင်းရဲခြင်းလွတ်ကင်းအောင် ဟူ၍ဆိုလိုက်လျှင် ချွှေတာပါဟူသော စကားသည် အလိုအလျောက် အလွယ်တကူ နားလည်ကြသည်မှာ မသုံးစွဲဘဲနေကြဖို့ ပြောသည်ဟု နားလည်ကြသည်။ ဤသည်မှာ မှားယွင်းနားလည်ချက်သာဖြစ်ပါသည်။
          ချွေတာခြင်းဟူသော ဝေါဟာရသည် Economy ဟူသော ဝေါဟာရကိုဘာသာပြန်ထားခြင်းဖြစ်ပါသည်။ မူရင်းအင်္ဂလိပ်စကားမဟုတ်ချေ။ စကားလုံး၏ နောက်ကြောင်းသမိုင်းကို မတူးဆွတော့်ဘဲ လိုရင်းကိုသာ ရှင်းလင်း ပါမည်။ ချွေတာခြင်းဆိုသည်မှာ အသုံးနှင့်အဖြုန်းကို ခွဲခြား နားလည်၍ သုံးတက်ခြင်းကိုဆိုလိုပါသည်။
ဖြုန်းသည်ဆိုသည် မလိုအပ်ဘဲ သုံးခြင်းဟု ယေဘုယျအားဖြင့် နားလည်ကြပါသည်။ အမှန်စစ်စစ် ယင်းထက် ပို၍ အဓိပ္ပါယ်ကျယ်ပြန့်ပါသည်။ မသုံးသင့်သည်ကိုသုံးခြင်းသည် ဖြုန်းခြင်း ဖြစ်သကဲ့သို့ သုံးသင့်သည်ကို မသုံးဘဲ ထားခြင်းသည်လည်း ဖြုန်းခြင်းပင်ဖြစ်ပါသည်။
          ဥပမာ- တစ်လတစ်ကြိမ်ခန့်လူငယ်များ ရုပ်ရှင်၊ဗီဒီယိုကြည့်ခြင်း သည်ဖြုန်းသည်ဟု မဆိုနိုင်ပါ။ သို့ရာတွင် တစ်နေ့တည်း ဆက်တိုက်ကြည့်ခြင်းမျိုး၊ အခွေ ၁၀ ချပ်ကို တစ်ထိုင်တည်းကြည့်ခြင်းသည် ဖြုန်းရာရောက်ပါသည်။ထို့အတူ အချွေတာခြင်းမဟုတ်ပါ။ကြာရှည်လာသော် အစာအိမ်ေ၇ာဂါရလျှင်ချွေတာစုဆောင်း ခဲ့သမျှ ဆေးဖိုးဝါးခနှင့် ကုန်သွားတက်ပါသည်။ ထို့ကြောင့်သုံးခြင်းနှင့် ဖြုန်းခြင်းကို မှန်မှန်ကန်ကန် ခွဲခြား နားလည်ပြီး သုံးစရာရှိလျှင်သုံး၍၊ ဖြုန်းခြင်းဟု ယုံကြည်လျှင် မသုံးဘဲ နေခြင်းသည် ချွေတာခြင်း ဖြစ်ပါသည်။
          များမကြာမီသေးမီက ဂျာနယ်တစ်ခုတွင် ဆရာကြီးနှစ်ဦးက ချွေတာခြင်းသည်တစ်ဦးချင်းအတွက် ကောင်းသော်လည်း လူ့အဖွဲ့အစည်းအတွက် ငွေစီးဆင်းမှုလျော့နည်းစေနိုင်ကြောင်း မိန့်ဆိုကြသည်ကို ဖတ်လိုက်ရပါသည်။ဆရာကြီးများ၏ အယူအဆမှာ သုံးသင့်သုံးထိုက်သည်များကို မသုံးဘဲမနေသင့်ကြောင်း ပြောလိုဟန်ရှိပါသည်။ သုံးသင့်သုံးထိုက်သည်ကိုမူ သုံးရပါမည်။မသုံးသင့် မသုံးထိုက်သည်မူ လုံးဝမသုံးသင့်ပါ။
          သာမန်အခြေအနေတွင် မသုံးထိုက်သည်၊ သုံးထိုက်သည်ကို ဂရုတစိုက်စိစစ်ရန် ပျက်ကွက်သည့်အတွက် ပြဿနာဆိုးဆိုးဝါးဝါး မဖြစ်သော် ငြားလည်း စီးပွားရေးကျဆင်းနေသောအချိန်မျိုးတွင် ဂရုတစိုက်စိစစ်ရန် လိုပါသည်။ မိသားစုတစ်ခုတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေယင်းအချက်မှာ အဓိကအရေးကြီးအချက်ဖြစ်ပါသည်။ နှမ်းတစ်စေ့နှင့်ဆီမဖြစ်ပါဟုမယူဆသင့်ပါ။ နှမ်းတိုင်းနှမ်းတိုင်း ၌ဆီရှိသည်ကို သတိမူသင့်ပါသည်။
          စာရေးသူ ဘဏ်တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ်က ဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများကို သွားရောက်စစ်ဆေးသည့်အခါ ၀န်ထမ်းအချို့ နေ့လယ်စာစားချိန်နှင့် ကြုံတက်ပါသည်။ သူတို့၏ထမင်းဝိုင်းတွင်ထမင်းချိုင့်များချရာ၌စားပွဲမပေစေရန် ငွေစက္ကူပတ်သောစာရွက် လေးငါးဆယ်ခုခင်းထားပြီး ကျန်လေးငါးဆယ်ရွက်မှာ ပါးစပ်သုတ်ရန်ထားသည်ကို တွေ့ရပါသည်။
          ထားပါစို့၊စုစုပေါင်း ၁၀ ရွက်၊၀န်ထမ်းငါးဖွဲ့ထမင်းစားလျှင်အရွက် ၅၀ ဘဏ်ခွဲ၃၀ ရှိသောစာရွက် ၁၅၀၀ တစ်နေ့ကုန်ပါသည်။ တစ်လလျှင် အရွက် ၃၀၀၀၀၊ တစ်နှစ်လျှင်အရွက် ၃၆၀၀၀၀ လေ့ကျင့်ပါသည်။တစ်ရွက်မှာထိုစဉ်ကပုံနှိပ်ခ အပါအ၀င်တစ်ကျပ်ကျသင့်ပါသည်။ထိုသို့ဆိုလျှင် တစ်ဘဏ်လုံးမှာ ၃၆၀၀၀၀ ကျပ်မျှလေလွင့်သွားပါသည်။ ဤသို့အမှတ်တမဲ့ လေလွင့်သောစရိတ် ငါးမျိုးလောက်ရှိလျှင် တစ်နှစ်ကို ကျပ်သိန်း ၂၀ ခန့်လေလွင့်စရိတ်ဖြစ်သွားပါသည်။
          မိသားစု ဆိုကြပါစို့၊ အခြားစရိတ်ကို မချွေတာသေးခင် မိမိအိမ်မီးဖို ချောင်မှ အမှိုက်ပုံးထဲတွင် စွန့်ပစ်ထားသော ထမင်း၊ဟင်းကျန်များမရှိစေရဟူသောမူဖြင့်စားနိုင်သလောက်ချက်၊ ချက်သမျှအကုန်စား၍ ချွေတာကြည့်လျှင် အိမ်အသုံးစရိတ် ၁၀ ရာခိုင်နှုန်းခန့်သက်သာသွားနိုင်ပါသည်။
          ဆင်းရဲခြင်းလွတ်ကင်းအောင် ကြိုးပမ်းကြမည်ဆိုလျှင် ပထမဆုံးလိုက်နာရမည့်အချက်များမှာ သုံးသင့်သည်ကိုသာသုံး၍ မသုံးသင့်သည်များကို မသုံးဘဲနေခြင်းဖြင့်နည်းမှန်လမ်းမှန် ချွေတာပါဟု အကြံပြုလိုပါသည်။အချို့ကလည်းစောဒကတက်လိုကြပါသည်။ "စားဖို့တောင် အနိုင်နိုင်ရှာနေရတာချွေတာရေးစကကား လာပြောနေသေးတယ်" ဟု။
          ကျွန်တော်သည် ၂၀၀၇ ခုနှစ်က INGO အဖွဲ့အစည်းတစ်ခုတွင် ငွေရေးကြေးရေးညှိနှိုင်းသူ(Finance Coordinator)အဖြစ် ဆောင်ရွက်ခဲ့ဖူးပါသည်။HIV/AIDS ဝေဒနာသည်များကို အသေးစားချေးငွေ ထုတ်ချေးရာတွင် Project Officer အဖြစ် တာဝန်ယူခဲ့ပါသည်။ အလွန့်အလွန်ဆင်းရဲသော ဝေဒနာသည်များကကို တွေ့ဖူးပါသည်။
          သူတို့ကို စိတ်ဓာတ်မြှင့်တင်ပေးရင်း ချွေတာခြင်းအကြောင်းကိုရှင်းလင်းပြခဲ့ပါသည်၊ တစ်ဦးမှာ ရခိုင်မု့န်တီချက်နည်းကို အဖွဲ့မှဆရာမ တစ်ဦးက သင်ပြပေးပြီး ငွေကျပ် ၅၀၀၀၀ ချေးလိုက်ရာ နောက်နှစ်လကြာသောအခါ အဆိုပါ မိန်းခလေးက သူ ရခိုင်မု့န်တီရောင်းနေကြောင်း၊စက်ရုံ ဂိတ်ဝတွင်ရောင်းရာ အဆင်ပြေကြောင်း၊တစ်ရက်ကို ကျပ် ၃၀၀၀ ဖိုးအနည်းဆုံးရောင်းရကြောင်း၊မိမိအတွက်အမြတ် ၆၀၀ ကျပ် အနည်းဆုံးရရှိကြောင်း ၀မ်းသာအားရ ပြောလာပါသည်။
          နောက်တစ်ဦးမှာ မိန်းကလေးပင်ဖြစ်ပါသည်။ သူ့အား ငွေကျပ် ၅၀၀၀၀ ထုတ်ချေးလိုက်ပြီး စာရင်းဇယားမှတ်ဖို့၊ အသုံးနှင့် အဖြုန်းကို ခွဲခြားတက်ဖို့၊ တစ်ပွဲထိုးဖြတ်လမ်းချမ်းသာခြင်းမလိုက်ဖို့ အကြံပေးလိုက်ပါသည်။ခြောက်လခန့်ကြာသောအခါ သူသည် ကျောင်းဈေးတစ်ခုတွင် ပြည့်ပြည့်စုံစုံ ရောင်းချသော လုပ်ငန်းကိုလုပ်ကိုင်နိုင်သည်သာမက သူ့ညီမအတွက်ပင်ဆိုင်ခွဲတစ်ခု ထောင်ပေးနိုင်သော အခြေအနေသို့ ရောက်ရှိသွားပါသည်။ "စားဖို့တောင်အနိုင်နိုင်ရှာနေရတာ"ဆိုသောသူများ "ကံညံ့နေလို့"၊ "ဘာဂြိုလ်ထဲရောက်နေလို့" ဆိုသူများကို အကြံပြုလိုပါသည်။အားမငယ်ပါနှင့်။ အလုပ်တစ်ခုကိုမဖြစ်မနေလုပ်ပါ။တစ်ပွဲထိုးချမ်းသာနိုင်မည်ထင်ပြီး(အတိုးနှုန်းမြင့်မားသော ငွေချေးသူများထံမှ)အလုပ်မလုပ်ပါနှင့်။ စုဘူးတစ်ဘူးထားပါ။ တစ်နေ့တစ်ဆယ်ပဲဖြစ်ဖြစ်စုဘူးထဲထည့်ပါ။
          ကမ္ဘာကျော်စာရေးဆရာကြီး ချားလ်ဒစ်ကင်ကပြောဖူးပါသည်။ ငွေတစ်ရာကျပ်ရ၍ကိုးဆယ့်ကိုးကျပ်သုံးပြီး တစ်ကျပ်စုသောသူသည် လောကတွင်ပျော်ရွင်သောသူဖြစ်လိမ့်မည်။
ငွေတစ်ရာကျပ်ရ၍တစ်ရာကျပ်သုံးသောသူသည် လောကတွင် စိတ်ဆင်းရဲစရာနှင့်ကြုံတွေ့ရလိမ့်မည်။အကျယ်ချဲ့၍မရှင်းတော့်ပါ။ စာဖတ်သူ မိမိဘာသာ အကျယ်ချဲ့၍စဉ်းစားစေချင်ပါသည်။ အလိုအလျောက် သိလာခြင်းက ပို၍လေးနက်တက်ပါသည်။
          ကမ္ဘာစီးပွားရေးကပ် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုသော စကားလုံးကြီးများကို ပညာရှင်များ၊လုပ်ငန်းရှင်ကြီးများစွာစိတ်ဝင်စားနေကြသည်။ ထိုသူများအတွက် ဆင်ပိန်လျှင် ကျွဲလောက်တော့ ကျန်ချေဦးမည်။လက်လုပ်လက်စား ၊ လခစား၊ စီးပွားရေးဆင်းရဲမွဲတေမှုမျဉ်း၏ အထက်နားရှိဘ၀ကိုရုန်းကန်နေရသောသူများအတွက် မေတ္တာ၊ စေတနာဖြင့် ဤဆောင်းပါးကိုရေးခြင်းဖြစ်ပါသည်။စာရေးသူကိုယ်တိုင်လည်း၊ချမ်းသာလှသူ၊လုပ်ငန်းတစ်ခုကြီးကြီးမားမားလုပ်နေသူမဟုတ်ပါ။ အသက် ၆၀ ကျော်အထိကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရသေးသော လူအိုကြီးတစ်ဦးဖြစ်ပါသည်။ ဒီစီးပွားရေးကပ်ကို သူများတွေအာရုံမစိုက်မီကပင် အာရုံစိုက်ပြီး မိမိဘ၀အတွက် ကြုံတွေ့လာမည့် အခက်အခဲများကို ကြိုတင် စဉ်းစားကာ လိုအပ်သောအစီအမံများပြုလုပ်၍ မိမိကိုယ်တိုင် ချွေတာသုံးစွဲရေးလမ်းစဉ်ကို ဘိုးဘွားမိဘများသင်ပြပေးသည့် အတိုင်း မဟုတ်သည့်တိုင် သင့်တင့်စွာ ကျင့်သုံးနေသူတစ်ဦးဖြစ်ပါသည်။
          "ဘာမှမလုပ်တက်ဘူး၊ ဘာလုပ်ရမှာလဲ" ဟု မဆိုမိပါစေနှင့်။''နှုတ်မှုလက်မှု၊အတက်စုကို၊ငယ်နုသောအား၊ မမေ့ငြားနှင့်၊ရင်းများကုန်စင်၊တက်မြော်မြင်က၊ တစ်ခုမျှလျက်၊ အသက်မွေးကျောင်း၊ဖြစ်တုံရှောင်း၏" ဟူသောရှေးပညာရှိကြီးများ၏ ဆုံးမစာအတိုင်းကြိုးစားပါက တွေ့လာရမည့် စီးပွားရေးကပ်ကို ကျော်လွားလွန်မြောက်နိုင်ပါသည်။ အကြံတုံးဥာဏ်တုံးဖြင့် စိတ်ညစ်ညစ်နှင့် အရက်ဖိသောက်၊စဉ်းစားနေတာဆိုပြီး ဆေးလိပ်တွေနင်းဖွာ၊ ရသမျှလေးထီထိုးနေလျှင်ကား ကျွန်တော် ထိုသူများအတွက် ဆိုစရာစကားမရှိတော့ပါ။
The Voice သတင်းဂျာနယ်
အတွဲ ၅၊ အမှတ် ၂၁၊    
မတ်လ ၃၀-ဧပြီ ၅၊ ၂၀၀၉။
Friday, January 6, 2012
မြန်မာမိန်းကလေးမှ ဟုတ်ရဲ့လား...?ကိုယ်မွေးလာမယ့်ကလေးကို ဘယ်လူမျိုးလဲလို့ မေးခဲ့ရင်ရော အဖြေရှိရဲ့လား....?
တချိန်က ဖွတ် နှင့် ပုတ်သင် သူငယ်ချင်း နှစ်ယောက် အလွန်ပင် ရင်းနှီး ချစ်ခင်ကြတယ်။ သွားရင်လာရင်လည်းအတူတူ စားရင် အိပ်ရင်လည်း အတူတူ ဘယ်လိုအခြေနေမျိုးမှာပဲ ဖြစ်ဖြစ် မခွဲမခွာအမြဲနေရှာကြသတဲ့ သူတို့တွေ ရဲ့ ချစ်ခင်ရင်းနှီးမှု့တွေ ရှိနေတာကို ဖွတ် ရဲ့ မိဘများ မှာမနှစ်မြို့သလို သဘောလည်းမကျဘူး.သားဖြစ်သူ ဖွတ်ကို မိဘများက ပုတ်သင် နဲ့ မပေါင်းသင်းဖို့ အဆက်အဆံမလုပ်ဖို့ ကိုယ်နဲ့ မျိုးရိုးတူ ဖွတ်နဲ့ပဲ အပေါင်းသင်းလုပ်ဖို့ ပုတ်သင် ဟာ အမေအဖေ တို့ နဲ့ မျိုးရိုးချင်းလည်းမတူ ဘာသာချင်းလည်း မမျှ.အဲဒီပုတ်သင် ကြောင့်ပဲ အမေအဖေ တို့ရဲ့ အမျိုး ဘာသာ တနေ့မှာ ပျက်စီးရလိမ့်မယ် သား၊ မိဘတွေ အကြောင်းအကျိုးပြ ဆိုဆုမ္မ ပေမဲ့ သားဖြစ်သူ ဖွတ် ကတော့ ဒါတွေကို နားမလည်ဘူး တရင်းတနှီးပေါင်းသင်း တယ် လူမှု့ရေးကိုပဲ ကြည့်တယ် လူမျိုးရေးကို မမြင်ဘူး ဒီလိုနဲ့ နေလာလိုက်ကြတာ နှစ်အတော်ကြာသွားတယ် အချိန်ကြာလာတာနဲ့အမျှ ဖွတ် နဲ့ ပုတ်သင် တို့ရဲ့ ရင်းနှီး မှု့ကလည်း ခိုင်မာလာတာပေါ့၊၊
ဒီလို ရင်းနှီး လို့လည်း တကောင် နဲ့ တကောင် အပြန်အလှန် လုံးထွေးပြီးနေကြတယ်၊ ဖွတ် ကကိုယ်ထည်ကြီးတယ် ခွန်အားကြီးတယ် ပုတ်သင် က ကိုယ်ထည်သေးတယ် ခွန်အားသေးတယ် လုံးထွေးဆော့ကစားတဲ့ အချိန်တိုင်း ပုတ်သင်က အောက်ကပဲ အမြဲနေရတယ် ဖွတ် ရဲ့ ကိုယ်ထည်ကြီးနဲ့ အဖိခံနေရတယ်.ဒါကို ပုတ်သင် က မှတ်ထားတယ် မကျေနပ်ဘူး ဖွတ် က တမင်လုပ်တာမဟုတ်ပါဘူး ရိုး2သား2ဆော့ကစားနေတာပါပဲ.ပုတ်သင် က လုပ်ထားဦးပေါ့ကွာ ဖွတ်ရာ တနေ့ မင်းတို့ရဲ့ ဖွတ် မျိုးတွေ အမြစ်ပြုတ်အောင် ငါ လုပ်ပြမယ် ဆိုပြီး ရန်ငြိုးဖွဲ့ ကြုံးဝါးတယ်....။
တနေ့တော့ မုဆိုး တွေ တောထဲဝင်လာတာကို ပုတ်သင် တွေ့တော့ . ဟာ. ဟန်ကျလိုက်တာ ငါ့ ကိုအမြဲ အနိုင်ယူတဲ့ ဖွတ် တော့ တဆွေလုံး တမျိုးလုံး ပြုတ်ပြီတာမှတ်ပေတော့ ဆိုပြီး မုဆိုး တွေရဲ့ ရှေ့ကနေ လမ်းပြ ခေါ်သွားပါလေရော.ဖွတ် တွေနေတဲ့ တွင်း နားရောက်ရော ပုတ်သင် က အဝင်ပြပြီး ဂယ်ပေါက်ကနေ ထွက်သွားတယ်.ဒီတော့ မုဆိုး များကလည်း .ဟ. ဒီမှာ ဖွတ် ကျင်းတွေဆိုပြီး ရှိသမျှ ဂယ်ပေါက် မှန်သမျှ အကုန် ပိတ်ဆို့ . အပေါက်တခုပဲ ထားတယ် အဲဒီ အပေါက်ကနေပဲ မီးရှို့လိုက်တော့ ဖွတ် အားလုံး ဒုက္ခ တွေရောက်ကြတော့တယ်.ကံကောင်းချင်တော့ ပုတ်သင် နဲ့ ပေါင်းသင်းတဲ့ ဖွတ် ရယ် မိဘ နှစ်ပါးရယ် လွတ်မြောက်သွားပါတယ်.....။
ဒီအခါမှာ သားဖြစ်သူ ဖွတ် က မိဘတွေကို တောင်းပန်ရှာတယ် မိခင် ဖခင် တို့ရဲ့ ဆုံးမ စကားကို နားမထောင်ခဲ့မိလို့ အခုလို ဒုက္ခတွေနဲ့ကြုံတွေ့ခဲ့ရတာ.ပုတ်သင် ဟာဒီလိုယုတ်မာတဲ့ စိတ်ထားမျိုးရှိလိမ့်မယ်လို့ မထင်ခဲ့မိတာ သားအမှားပါ သားကို ခွင့်လွတ်ပါ.ခွင့်လွတ်ပါတယ် သားရယ်.အစက ဒီလိုဖြစ်လာနိုင်လို့ သား ကို ပုတ်သင် နဲ့ မပေါင်းဖို့ ကြိုတင်ဆုံးမ ခဲ့တာပေါ့.ဒီမယ် သား. ကိုယ်ဘာသာ ကိုယ့်လူမျိုး ဒုက္ခတွေ ရောက်ရတာဟာ အမျိုးမတူ ဘာသာမမျှတဲ့ လူတွေနဲ့ ရောယှက်ပေါင်းသင်းမိလို့ပဲ . အပြင်မှာ ရွှေမုန် ကြဲထားပေမဲ့ အတွင်းမှာ နှောက်ချီးခံထားတာကို သားမှမမြင်နိုင်တာ။
ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ. ရွှေမြန်မာ တို့ နားလည်ရမှာက ဘာသာခြား လူမျိုးခြားတွေနဲ့ သူငယ်ချင်း အဆင့်မှာတောင် ဒီလောက် ဒုက္ခ ရောက်ရတယ်ဆိုရင် ဘဝ တစ်ခုလုံးအတွက် လက်တွဲဖော် အဖြစ် ခရီးဆက်ကြမဲ့ မြန်မာမိန်းကလေးတွေ စဉ်းစားတာကြည့်တော့။ ပြည်ပရောက်လို့ ဗီဇ ပျောက်နေကြတဲ့ မြန်မာမိန်းကလေးတွေ နိုင်ငံခြားသား၊ ဘာသာခြားတွေက ပစ္စည်းဥစ္စာပြ စည်းရုံးလာတဲ့ အခါမှာ အဟုတ်ထင်မှတ်ပြီး လက်ခံနေကြတယ် သာယာနေကြတယ် ပေးလာတဲ့ ဥစ္စာပစ္စည်းဟာ လူမျိုး နဲ့ ဘာသာကို ဝါးမျိုဖို့ လမ်းခင်းနေတယ်ဆိုတာ နားမလည်ကြဘူး. ငါကောင်းစားဖို့အရေးကြီးတယ် လူမျိုး နဲ့ ဘာသာ ကိုအလေးထားနေစရာမလိုဘူးလို့ အထင်ရောက်နေကြတဲ့ မြန်မာမိန်းကလေးတွေ ဘာသာခြားတွေရဲ့ ရင်ခွင်ရိုင်းထဲမှာ မရှုမလှ ဒုက္ခ လှလှကြီးရောက်နေကြရတာ ဒု နဲ့ ဒေး ပါပဲ....။
ပစ္စည်းဥစ္စာကို မက်မောပြီး လူမျိုးခြားနဲ့ အိမ်ထောင်ပြုနေတဲ့ မြန်မာမိန်းကလေးတွေလည်း ရေတွက်လို့မကုန်နိုင်အောင်ပါပဲ. ဒီနေရာမှာ.ကောသလ အိပ်မက်(16)ချက်ထဲက 6 ခုမြောက်အိပ်မက်ကို သတိရမိပါတယ်...
မေး. ခွေးအိုထံဆက်.ရွှေခွက်သိန်းတန်.ကျင်ငယ်အမြဲ.ခွက်ထဲစွန့်ပြန်။
ဖြေ... မျိုးမြတ်သမီး.ပစ္စည်းမက်ဟန်.အမျိုးယုတ်.လင်လုပ်ပေါင်းဆက်ဆံ။
ဆိုလိုတာက အမျိုးအားဖြင့် လည်ကောင်း ဘာသာ အားဖြင့်လည်ကောင်း မြင့်မြတ်လှတဲ့ မြန်မာ မိန်းကလေးများဟာ အမျိုးဘာသာ အားဖြင့်ယုတ်နိမ့်လှတဲ့ လူမျိုးဘာသာခြားတွေကို လင်လုပ်ပြီး ပေါင်းသင်းဆက်ဆံကြလိမ့်မယ်လို့ ပြောတာပါ.
မြတ်ဗုဒ္ဓ ရဲ့ အဖြေဟာဒီနေ့ ခေတ်ကာလ မြန်မာ မိန်းကလေး တွေကို ရည်ရွယ်ခဲ့လေသလား မပြောတ်ဘူး မှန်တာတော့ အတော်လေးကို မှန်နေပါတယ်. ဒီလိုတွေဖြစ်တာကလည်း မိဘ တွေရဲ့ ဆုမ္မ မှု့ နည်းတာရယ် ရဟန်း တော်များရဲ့ ဆုမ္မ မှု့ နည်းပါးတာရယ် နာခံတဲ့ သားသမီးတွေရဲ့ အသိဥာဏ်ခေါ်င်းပါးမှု့ မိုက်မဲရမ်းကား မှု့စတာတွေကြောင့် လူမျိုးရေး ဘာသာရေးကို ဦးစားမပေးပဲ နှလုံးသားရေး နဲ့ သွေးသားဆန္ဒ
ကိုဦးစားပေးမှု့တွေကြောင့် မြန်မာမိန်းကလေးများ ဘဝတွေပျက် မျက်ရည်စက်လက် နဲ့ အနိမ်ခံ ဘဝကိုရောက်ကြတာပါ။
ယခုလိုရေးသားချင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒ အမှန်ပင် မရှိတာကို
ရိုးသားစွာ ဝန်ခံပါသည်၊ လူမျိုး နှင့် ဘာသာကို ချစ်မြတ်နိုးသည့် အတွက်ကြောင့်သာ ရေးသားရချင်းဖြစ်ပါသည်. ဒီစာကို ဖတ်မိသော မြန်မာမိန်းကလေးများ အမျိုးဘာသာ ကိုထိမ်းသိမ်းချင်တဲ့ စိတ်ဓာတ် နှင့် အသိတရားလေး ရှိသွားရင် စာရေးသားရကျိုးနပ်ပါပြီ။
လူ့အခွင့်အရေးနဲ့၊ အမျိုးသမီးအခွင့်အရေး၊ဲ့ ပွင့်လင်း မြင်သာမှုရှိရေးဆိုတာလေ...............
မိမိကိုယ်ကို တန်ဖိုးထားတတ်သော မိန်းကလေးများလည်း ရှိကြသလို တန်ဖိုးမထားတတ်သူများလည်း အစုလိုက် အပြုံလိုက် ရှိနေကြသည်။ ထိုအထဲတွင် မြန်မာလူမျိုး မိန်းကလေးများ အဆိုးဆုံးဖြစ်သည်။ နိုင်ငံရပ်ခြားကို စီးပွားရေး၊ ပညာရေး၊ မိသားစု၊ ကျန်းမာရေး၊ နိုင်ငံရေး အစရှိသဖြင့် အကြောင်းပြချက်မျိုးစုံဖြင့် သွားလာနေထိုင်ကြပြီး တွေ့တဲ့လူနဲ့ အဆင်ပြေသလို နှီးနွယ်မှုများကို မြင်တွေ့လာရသည်။ တချို့သော မိန်းကလေးများဆိုလျှင် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုရသည့် အဆင့်အထိ ဖြစ်လာကြသည်။ တချို့သော မိန်းကလေးများက အိမ်ထောင်မပြုသည့်တိုင်အောင် ကြုံဆုံရာ နိုင်ငံခြားသားနှင့် အတူနေထိုင်ခြင်းများအထိ ဖြစ်လာခဲ့ကြသည်။ မြန်မာပြည်ကို ပြန်လျှင် မိသားစု၊ ခင်ပွန်းသည်၊ ချစ်သူရည်းစား ရှိသည့်တိုင် နိုင်ငံခြားတွင်တော့မူ အတောမသတ်နိုင်သော လုပ်ရပ်များကို လုပ်ကိုင်နေဆဲဖြစ်ကြသည်။ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့စဉ်က ဗိုင်းကောင်းကျောက်ဖိ နေထိုင်ခဲ့တဲ့ မြန်မာ့ သမီးပျိုလေးများသည် ယခုအခါ နိုင်ငံခြားတွင် အရှက်ဖုံးရုံအလှမျိုးနဲ့အတူ လူမျိုးမတူသူတွေကြားထဲမှာ နိုင်ငံခြားသားနဲ့ အသွင်တူအောင်တမျိုး၊ အိမ်သူဖြစ်အောင်တဖုံ ဖန်တီးနေထိုင်ခြင်းက မြန်မာမိန်းကလေးမှ ဟုတ်ရဲ့လားဟု ပြန်မေးလိုက်ချင်သည်။ ကိုယ်မွေးလာမယ့်ကလေးကို ဘယ်လူမျိုးလဲလို့ မေးခဲ့ရင်ရော အဖြေရှိရဲ့လားလို့ မေးလိုက်ချင်သည်။
၊ Living together ဆိုတာ မြန်မာတွေရဲ့
ဓလေ့မဟုတ်ပါဘူး၊ ကျနော်တို့မြန်မာမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ ဓလေ့ထုံးတမ်း
ဥပဒေဆိုတာရှိတာကို လူတိုင်းသိပါတယ်၊ ဥပဒေအရခွင့်ပြုပေမဲ့ ဓလေ့ထုံးတမ်းအရ
ခွင့်မပြုတဲ့ကိစ္စတွေအများကြီးရှ
ိပါတယ်၊ မြန်မာယောင်္ကျား တစ်ယောက်ဟာ
မိန်းမဘယ်နှစ်ယောက်ယူယူ ဥပဒေအရ ခွင့်ပြုထားပေမဲ့ ဓလေ့ထုံးတမ်းအရ
တစ်လင်တစ်မယားဘဲ ကျင့်သုံးရတဲ့စနစ်ပါ၊ဥပဒေအရ အသိသက်သေတွေနဲ့
လက်မှတ်ထိုးမှ တရားဝင်ဖြစ်တယ်ဆိုပေမဲ့ အရှေ့ ၇ အိမ်၊ အနောက် ၇အိမ်သိတာနဲ့
ပုဆိုးတန်းတင်အကြင်လင်မယားဖြစ်အသိမှတ်ပြုပေးကြတာလဲ ဒီနေ့အချိန်ထိပါဘဲ၊
နိုင်ငံခြားမှာ လုပ်နေပြီ၊ ငါတို့မလုပ်ရင် ခောတ်နောက်ကျမယ် ဆိုတဲ့
အတွေးမတွေးပါနဲ့၊ ဘာမှမဆိုင်ပါဘူး၊ ကျနော်တို့ Culture နဲ့မကိုက်ညီလို့ ၊
ထုံးစံမဟုတ်လို့ မလုပ်တဲ မကျင့်သုံးတဲ့ ကိစ္စတွေအများကြီးပါ၊ ဥပမာ
အဖေရဲ့နံမည်ကို သားသမီးတွေမှာ ပါစရာမလိုတာ၊ ယောင်္ကျားရဲ့နံမည်ကို မိန်းမ
ယူစရာမလိုတာ အသက် ၁၈ နှစ်ကျော်ပေမဲ့ မိဘနဲ့အတူနေတာ၊ လူငယ်တွေကို ရပ်ကွက်က
ဝိုင်းစောင့်ရှေုာက်ပေးတာတွေဟာ ကျနော်တို့ မြန်မာတွေရဲ့ ထုံးစံပါ၊
ဒါတွေကိုခောတ်နောက်ကျသွားပြီဆိုပြီး ပြင်ကြမလား၊ ဘယ်သူတွေပြင်မယ်ဆိုပြီး
စဉ်းစားဘူးလဲ၊ နိုင်ငံခြားမှာ Living together နေကြတယ်ဆိုတာ
သူ့အကြောင်းတွေနဲ့သူရှိပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် တရားဝင်မဖြစ်ခင်
နေကြည့်ကြမယ်တို့ ၊ ဥပဒေကြောင်းအရတို့ စုံနေတာဘဲဆိုတာ အားလုံးသိကြပါတယ်၊
ကျနော်အာဖရိကမှာနေဘူးပါတယ်၊ မိန်းမတစ်ယောက်ဟာ တရားဝင်
ယောင်္ကျားမရှိသေးပေမဲ့ ကလေးရှိနေတယ်ဆို၇င် အဲဒိကလေးကို
အစိုးရကထောက်ပံ့ကြေးပေးပါတယ်၊ ကလေးနှစ်ယောက် သုံးယောက် ရပြီးမှ ယောင်္ကျားက
လက်ထပ်ခွင့်တောင်းမယ်ဆိုရင်လဲ မိန်းကလေးဘက်ကို တင်တောင်းရပါတယ်၊
ကလေးတွေတောင် ရနေပြီ တင်တောင်း စရာလိုသေးလားဆိုရင် သူတို့ဓလေ့အရ
လိုပါတယ်၊ နောက်ပြီး အဲဒီလိုလက်မထပ်ခင်မွေးတဲ့ကလေးတွေကို
တရားမ၀င်သားသမီးအဖြစ် အသိအမှတ်ပြုကြပါတယ်၊ ဒါသူတို့ ဥပဒေကြောင်း၊
ဓလေ့ထုံးစံတွေပါ၊ ကျနော်တို့ မြန်မာပြည်မှာ Living together ဆိုတာ ကို
ဘယ်လိုပုံစံမျိုးနဲ့ ကျင့်သုံးကြမှာလဲ၊ နေ့ခင်းတည်းခိုခန်း ဖြစ်ဖြစ်
တစ်နေရာရာမှာ ဖြစ်ဖြစ်ချိန်းတွေ၊ အတူနေ ညနေကျရင်ကိုယ့်အိမ်ကိုပြန် ဒါ
Living together လို့ခေါ်မလား၊ ဟုတ်တယ်လေလို့ လွဲမှားစွာဖြေတဲ့သူတွေ
တပုံကြီးပါ၊ အိမ်တအိမ်မှာ အတူတူ နေရောညရော နေကြပါပြီတဲ့၊
လက်မှတ်တော့မထိုးရသေးဘူးဆိုပါတော့ ၊ Living together
လို့ပြောလို့ရတယ်ပေါ၊ ဒါပေမဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်ကို ဘယ်လို ပြောမလဲ၊
ကျနော်တို့ ကျမတို့က လင်မယားအစစ်မဟုတ်သေးပါဘူး၊ စမ်းသပ်ဆဲကာလပါလို့
ပြောမလား၊ သဘောထားမတိုက်ဆိုင်ရင် ပျင်းသွားရင်
ကိုယ့်ဘာသာကိုယ်နေကြမှာပါလို့ပြောမလား၊ ၂၁ ရာစုဖြစ်နေပေမဲ့
မြန်မာ့အသိုင်းအ၀န်းကလုံးဝ လက်မခံပါဘူး၊ နောက်ဆုံး
ဧည့်စာရင်းတိုင်ရင်တောင် ဘယ်လိုပတ်သက်ပါတယ်ဆိုပြီးတိုင်ကြမလဲ၊
ကျနော့်အမြင်ပြောရရင် Living together နေကြမယ်ဆိုပြီး နေတဲ့
မြန်မာအတွဲတွေဟာ သူတို့စိတ်ထဲမှာ သေချာရေရာမှုတွေမရှိသေးဘူး၊
တစ်ယောက်နဲ့တစ်ယောက် သာယာမှုဘဲ လိုချင်နေကြသေးတယ်၊ငြီးငွေ့သွားရင်
ကွဲကြမှာသေချာတယ်လို့ဘဲ ကျနော်ထင်ပါတယ်၊ အင်္ဂလိပ်စကားလုံးကို သုံးပြီး
ခောတ်မှီသလိုနဲ့ ရှေ့တိုးသာ နောက်ဆုပ်သာ ဖြစ်အောင်
တစ်ယောက်နဲ့တစ်ယောက်ဟန်ဆောင်နေကြတယ်လို့ဘဲထင်ပါတယ်၊ ချစ်သူကို
တစ်ကိုယ်လုံးပုံအပ် ပေးချင်ပေးနိုင်ပေမဲ့ ဒါမျိုးစနစ်ကိုတော့
မြန်မာမိန်းကလေးတွေ လုပ်ကြမယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့
အသိုင်းအ၀န်းဆိုတာ ရှိသေးတယ်၊ သိက္ခာဆိုတာရှိသေးတယ်လေ၊
နောက်တစ်ခုကျနော်ပြောချင်ပါတယ်၊ မြန်မာတွေက sex နဲ့ပတ်သက်ရင် ခောတ်နောက်
ကျတယ် ပွင့်လင်းမှုမရှိကြဘူးဆိုပြီးပြောတဲ့ အသံကိုကြားနေရပါတယ်၊
ဘာကိုဆိုလိုချင်ပါသလဲ၊ လူရှေ့မရှောင် သူရှေ့မရှောင် တော်သလင်း
ဇာတ်ခင်းရမှာလား၊ လူကြားသူကြားထဲထုတ်ပြောရမှာလား၊ ဘာမှမဆိုင်ပါဘူး၊
တစ်ခုဘဲရှိတယ်၊ လူငယ်တွေကို sex နဲ့ ပတ်သက်ပြီး မမှားသင့်တာမမှားရအောင်
ကြီးတဲ့လူတွေက ပြောပြသင့်တယ်၊ ရှင်းပြသင့်တယ်၊ ၊ လူငယ်တွေကို
ပွင့်ပွင့်လင်းလင်းဆွေးနွေး သင့်တယ်ဆိုတာတော့ ကျနော်လက်ခံပါတယ်၊
  sex နဲ့ပတ်သက်ရင် ပွင့်လင်းတယ်ဆိုတဲ့
ဥရောပနိုင်ငံမှာ၊ တရားဝင် ဘိတွေဖွင့်ထားတယ်၊ တီဗွီမှာကြော်ငြာတယ်၊
ကားမှာ လာကပ်တယ်၊ ဒါပေမဲ့ မိဘတွေက သူတို့သားသမီးတွေ သူတို့အုပ်ထိန်းမှု
အောက်မှာရှိနေတုံးကာလမှာ ဒီကိစ္စတွေကို ခွင့်မပြုထားပါဘူး၊ ကျနော်က
ကျနော်တို့နိုင်ငံရဲ့ ဓလေ့ထုံးစံတွေကို ပြောပြရင် သူတို့ အံသြတသင့်
နားထောင်ပါတယ်၊ ချီးကျူးပါတယ်၊ သူတို့ ဟန်ဆောင်ပြောတာမဟုတ်ဘူးဆိုတာ
ကျနော်သိပါတယ်၊ ပြောရရင် ကိုယ့်လူမျိုးရဲ့ ဓလေ့မဟုတ်တာကြီးကို
ခောတ်မှီရအောင်ဆိုတဲ့ စကားနဲ့ ဇွတ်မဖန်တီးကြပါနဲ့၊ နောက်ပြီး
မြန်မာမိန်းကလေးတွေကိုပြောချင်တာကတော့ မိန်းကလေးဆိုတာ ကိုယ့်တန်ဘိုးကို
ကိုယ်ထိန်းမှရတယ်ဆိုတဲ့ စကားပါဘဲဗျာ
ခေတ်ကြီးကလဲ တိုးတက်လာနေပြီ ဆိုတော့ဗျာ...တိုးတက်တာပေါ့..ဒီလိုပါပဲ။ ထိန်းသိမ်းတယ် စောင့်ရှောက်တယ်ဆိုတာ..ကိုယ့်စိတ်နဲ့ပဲ ဆိုင်ကြတာ မဟုတ်လား။ ကိုယ်ကောင်း ခေါင်းမရွေ့ပါဘူးဆိုတာလဲ ရှိတယ်နော်။ တကယ်လို့သာ...ခေါင်းက ရွေ့ကြရင်ဖြင့်..အနာဂတ် မျိုးဆက်သစ်များအတွက် ရင်လေးစရာ ရင်တမမ ဖြစ်စရာပေါ့ဗျာ...တန်ဖိုးဆိုတာ..စိတ်နေ စိတ်ထား သဘောထားကြီးမြတ်မူ၊..နားလည်တတ်မူ၊ အမျိုးဂုဏ် ကို ထိန်းသိမ်း စောင့်ရှောက်မူ၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက် မူတွေပဲ မလား ။ လူဆိုတာ စရိုက်မတူတော့ ရိုင်းတတ်တယ်လို့..ဖတ်ဖူးပါတယ် ။ ဒီလိုပဲ ချစ်စ ခင်စ ကြင်နာစ တုန်းမှာ မသိခဲ့ကြပေမယ့်။ အိမ်ထောင်ဲပြုပြီးတဲ့နောက်မှာ...နောက်ဆက်တွဲ..အရေးကြီးတဲ့ ကွင်းဆက် ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာ ဘာသာဝါဒ မတူတာမျိုး။ ဓလေ့ စရိုက် မတူတာမျိုး ။ယာဉ်ကျေးမူ မတူတာမျိုးတို့စသည့်ဖြင့် မလိုလားအပ်တဲ့..ဆိုးကျိုးတွေ ဖြစ်လာကြရင်။ဖြစ်လာလိမ့်မယ်လို့..သိထားကြမယ်ဆိုရင်..တစ်ဘဝအတွက်စာ မကြည့်ပဲ သံသာရာလေးပါ ထည့်ပြီး တွက်ထားမယ်ဆိုရင်.တကယ့်ကို ကောင်းမှာပါ...ဒိုမြန်မာတွေ မြန်မာပီပီ အမျိုး ဘာသာ သာသနာနဲ့ အမျိုးဂုဏ် ၊ ဇာတိဂုဏ်တို့ကို ထိန်းသိမ်း စောင့်ရှောက်နိုင်တဲ့ သူတော်ကောင်းကြီးများ ဖြစ်နိုင်ကြပါစေလို့...ဆန္ဒပြုရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
တခြားအကြောင်းအရာလေးတွေ
Related Posts Plugin for WordPress, Blogger...