Subscribe:

Blogroll

Related Posts Plugin for WordPress, Blogger...

Labels

Followers

Contributors

Friday, March 9, 2012

စလုံးရေ “စ”

စလုံးရေ "စ"

ကမ္ဘာက အကောင်းဆုံးလို့ ယူဆထားတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့ "ဒီမိုကရေစီ" ဆိုတဲ့ စနစ်ကို ကျင့်သုံးလာတဲ့ အထဲမှာ မြန်မာနိုင်ငံလဲ အပါအ၀င်ဖြစ်လာပါပြီ။ကျွန်တော် နားလည်တဲ့ "ဒီမိုကရေစီ" ဆိုတာ စည်းကမ်းရှိရှိ လွတ်လပ်ခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်။ စည်းကမ်း မရှိတဲ့ လူ၊နိုင်ငံ၊အဖွဲ့အစည်း ကြာကြာတည်မြဲလေ့မရှိ ပါဘူး။ စည်းကမ်းဆိုတာ ကြိုးတစ်ချောင်း နဲ့တူပြီး အဲဒါက တုတ်နှောင်ဖို့ မဟုတ်ပါဘူး။ အမြင့်ကို တက်ဖို့ပေးထားတဲ့ ကြိုးတစ်ချောင်းပါ။ ဆွဲပြီး တက်ဖို့သာ ကိုယ့်တာဝန်ပါ။ ဘယ်သူကမှ တွန်းတင်မှာ မဟုတ်ပါဘူး။

          အရည်အချင်းရှိတဲ့ လူဟာ ထိုက်တန်တဲ့နေရာ ကောင်းကိုရမှာဖြစ်ပါတယ်။ ဒါက ဒီမိုကရေစီပဲ ဖြစ်ပါတယ်လို့ ယူဆမိပါတယ်။ လူပြည်ရောက်တာမှ နှစ်နှစ်ဆယ် ကျော်ရှိသေးတော့ ကြီးပြင်းလာရတဲ့ ခေတ်ကလဲ စစ်အာဏာရှင်စနစ်မှာပါ။ ဒီမိုကရေစီ ဆိုတာ ကျွန်တော် မစားဖူးသေးတဲ့ အရာတစ်ခုပါ။ ဘယ်လိုအရသာ လဲဆိုတာ စာတွေ ရုပ်ရှင်တွေထဲမှာပဲ မြည်းစမ်းဖူးပါတယ်။တစ်ချို့ကချဉ်တယ်၊ တစ်ချို့က ချိုတယ်၊ တစ်ချို့ကငန်တယ် စသည်စသည် ပြောတာကြားခဲ့ရပါတယ်။"ဒီမိုကရေစီ" ရဲ့အရသာကို မခံစားဖူးတာ အမှန်။တိုးတက်တဲ့ နိုင်ငံ တွေမှာ ဆိုရင် အချိန်ကိုလေးစားပါတယ်။ စည်းကမ်းကို လေးစားပါတယ်။သွားလာရေးဝန်ဆောင်မှုတွေ တိကျသေချာပါတယ်။ ဘာလုပ်လုပ်တိကျသေချာပါတယ်။ ဥာဏ်မကောင်းသော်ငြားလဲ စည်းကမ်းရှိရှိ စိတ်ဓာတ်ကောင်းကောင်းနဲ့ကြိုးစားတော့ တိုးတက်တဲ့ တိုင်းပြည်ဖြစ်လာပါတယ်။

          ရထားတွေ၊ကားတွေ ဟာလဲအချိန်လုံးဝတိကျသေချာပါတယ်။ ရောက်ချိန်ကွက်တိ ရထားဆိုလဲ ဘူတာာကြည့်စရာမလိုဘူး နာရီကို ကြည့်ပြီးဆင်းချ လိုက် ကိုယ်ဆင်းရမဲ့ ဘူတာ ကွက်တိပါ။ အဲဒီလောက်ထိတိကျပါတယ်။မြန်မာနိုင်ငံမှာတော့ ကားတွေ ရထားတွေမှာ ရေးထားပါတယ်။ဘာကိုဆိုလိုတာလဲတော့မသိပါဘူး။ "အချိန်မေးမြန်းခြင်းသည်းခံပါ။" တဲ့

စောရောက် တဲ့ ထုံးစံမရှိခဲ့ပါဘူး။

          "ဒီမိုကရေစီ" ဖြစ်လာပြီဆိုတော့ ဒီပို့ဆောင်ဆက်သွယ်ရေး ကစပြီး စည်းကမ်းရှိရှိပြောင်းလဲ သင့်ပါပြီ လို့ အကြံပေးချင်ပါတယ်။ ဒီစာကိုဖတ်မိတဲ့ လူတိုင်း ကျွန်တော့်ကိုယ်စားပြောပေးကြပါ။တစ်ဆင့် စကားတစ်ဆင့်နားပေါ့။ပြိုင်တူတွန်းရင်ရွေ့နိုင်ပါတယ်။ သူများနိုင်ငံမှာ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါတယ်။မီးနီနေရင် လုံးဝမဖြတ်ဘူး။ လူ့အခွင့်အရေးလေးစားတယ်။တွေ့ရာ ကွမ်းသွေး မထွေးဘူး။ ကြော်ငြာဆိုင်းဘုတ်တွေ မဖျက်ဆီးဘူး။ ဆေးတွေလျောက်မမှုတ်ဘူး။ တွေ့ရာအမှိုက်မပစ်ဘူး။ ဒါတွေကိုအတုယူသင့်ပါတယ်။ ခုလူငယ်တွေမှာ အတွေ့များလာတာက အတွဲတွေဟာ သမီးရည်းစား အခြေအနေမှာတင် Living Together လုပ်လာကြတာ မျက်ဝါးထင်ထင်တွေ့လာရပါတယ်။ သူတို့တော့မသိဘူး ကျွန်တော်က ကြီးကြီးကျယ်ကျယ်တွေ လျောက်စဉ်းစားတော့ လူ့စွမ်းအားအရင်း အမြစ်တွေ Sex ဆိုတဲ့ နွံထဲမှာ နစ်သွားမှာ ကြောက်မိပါတယ်။ လူ့စွမ်းအားအရင်းအမြစ် တွေကို နှမြောမိပါတယ်။ယိုသူမရှက် မြင်သူရှက်ဆိုတာ အဲဒါပါ။ တလွဲဆံပင်မကောင်း ကြပါနဲ့။ အတုခိုးသင့်တာပဲ အတုခိုးကြဖို့ စာတစ်ပုဒ်နဲ့ တိုက်တွန်းလိုပါတယ်။ ဒီနေ့ကစပြီး ပြောင်းကြရအောင်ပါ။

"ကဲ စလုံးရေ "စ"ကြပါစို့"

source www.koyemintun.blogspot.com

www.wisdomlife7.blogspot.com

www.koyemintun.multiply.com

0 comments:

Post a Comment

တခြားအကြောင်းအရာလေးတွေ

Related Posts Plugin for WordPress, Blogger...