Subscribe:

Blogroll

Related Posts Plugin for WordPress, Blogger...

Labels

Followers

Contributors

Saturday, February 11, 2012

Nuclear ကကြီး ခခွေး

နျူကလီးယားနည်းပညာ လေ့လာသူများအတွက် အသုံးတည့်မယ်ထင်တာလေးတွေ
တင်ပေးလိုက်ပါတယ်။ ဖော်ပြပါ လိပ်စာများမှာ dl ချနိုင်ပါတယ်။

raddecay

http://www.esnips.com/doc/9e820703-1e38-4152-aaa6-a26313ef1a67/radd...

raddecay ကို .rar ဖိုင်အဖြစ်နဲ့ တင်ပေးထားပါတယ်။ .rar ကို ဖြည်လိုက်ရင်
raddecay ဆိုတဲ့ ဖိုဒါတစ်ခုရပါမယ်။ အဲဒီဖိုဒါထဲကမှ အက်တမ်ပုံ
အလှအပဖန်တီးထားတဲ့ icon လေးကို click လုပ်ပြီး သုံးနိုင်ကြပါတယ်။
PeriodicTable ထဲမှာပါရှိတဲ့ ဓာတုဒြပ်စင်တွေအားလုံးကို
အက်တမ်အမှတ်စဉ်အားဖြင့်၊ အက်တမ်အမည်အားဖြင့်၊ သင်္ကေတအားဖြင့် စီစဉ်ပြီး
ရှာဖွေရလွယ်ကူအောင် ပြုလုပ်ပေးထားတာတွေ့ရပါတယ်။ ရေဒီယိုသတ္တိကြွ
နယူကလိယများကိုလည်း နယူကလိယ ဇယားပုံစံနဲ့ တွေ့နိုင်သလို
အိုင်ဆိုတုပ်အမှတ်စဉ်အလိုက် ကြည့်ရှုနိုင်ပါတယ်။

မိမိတွက်လိုရာ ရေဒီယိုသတ္တိကြွ နယူကလိယကို ရွေးချယ်ပြီး ကြာချိန်ကို
ထည့်ပေးမယ်ဆိုရင် သတ္တိကြွပြင်းအားကို တွက်ချက်ပေးတဲ့ Radioactive
calculation ကဏ္ဍလည်းတွေ့ရပါတယ်။ ကိန်းဂဏန်းနှင့်သာမက ဂရပ်ဖ်အဖြစ်လည်း
ထုတ်ခိုင်းလို့ရပါတယ်။

ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်အမျိုးမျိုးအတွက်
ဓာတ်ရောင်ခြည်အမျိုးအစားအလိုက် စွမ်းအင် စပက်ထရွန်များကိုလည်း
ကူးယူနိုင်ပါတယ်။

သူ့ရဲ့ ကိုးကားမူရင်းများကိုပါ ထည့်ပေးထားတဲ့အတွက် ဒီထက်ပိုပြီး
ကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုသူအတွက်လည်း သက်ဆိုင်ရာ အင်တာနက် စာမျက်နှာ
လိပ်စာများကို ရရှိနိုင်ပါတယ်။

PeriodicTable

http://www.esnips.com/doc/75c29f01-6383-41d0-b0a2-4ab3634e8e3f/Peri...

PeriodicTable ကတော့ အများစုမှာ ရှိပြီးသားဖြစ်မှာပါ။ အင်တာနက်မှာ
လိုက်ရှာရင်လည်းတွေ့နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ သုံးရအဆင်ပြေတယ်
ထင်တာလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဓာတုဒြပ်စင် အမျိုးမျိုးရဲ့
ရုပ်ဂုဏ်သတ္တိများ ဓာတ်ဂုဏ်သတ္တိများကို လေ့လာနိုင်ပါတယ်။

နျူကလီယားနည်းပညာလေ့လာနေသူများသာမက ဓာတုဗေဒနှင့် Material နဲ့ပတ်သက်ပြီး
လေ့လာနေရသူအားလုံးအတွက် အသုံးတည့်နိုင်ပါတယ်။


UnitConverter

http://www.esnips.com/doc/ee8d82b8-5ca0-47b9-8341-357a7f9a6d15/Unit...

ယူနစ်ပြောင်းတဲ့ software အသေးလေးဖြစ်ပါတယ်။
တွက်ချက်ရေးလုပ်နေသူအားလုံးနဲ့ ဆိုင်ပါတယ်။ စိတ်မဝင်စားတဲ့ ယူနစ်တွေကို
ဖယ်ထားလို့ရသလို၊ နောက်ထပ်လည်း အခြားယူနစ်တွေ ရှိပါသေးတယ်။

help ဖိုင်လေးတွေကိုပါ လေ့လာပြီး အသုံးပြုကြပါလို့ တိုက်တွန်းပါတယ်။

sign out လုပ်ဖို့မေ့ခဲ့တဲ့ အီမေးအကောင့်တစ်ခုခုကို အခြားစက်တစ်လုံးကနေ လှမ်းပိတ်နည်း

ကိုယ့်အကောင့် တစ်ခုခု ဆိုင်ဘာကဖီးမှာ ဖြစ်ဖြစ် အခြားစက်တစ်ခုခု မှာ ဖြစ်ဖြစ် မေ့ပြီး မထွက်ခဲ့မိဘူးလား ...........စိတ်မပူပါနဲ့ ပြသနာရှိရင် အဖြေရှိပါတယ် အခုတင်ပြပေးမယ်နည်းလေးကတော့ ထွက်ဖို့မေ့ခဲ့တဲ့ အကောက်တစ်ခုခုကို အခြားစက်တစ်လုံးကနေ လှမ်းပိတ်တဲ့နည်းပါ

ကဲစမယ်နော်

မေးလ်ထဲ ပြန်ဝင်လိုက်ပါ

sign out gmail remotely

ဒီပုလေးအတိုင်း ပြထားတဲ့အတိုင်း Details ဆိုတာလေးကို ကလစ်လိုက်ပါ

Gmail Activity Information

sign out all other sessions ဆိုတာလေးကိုကလစ်ပေးလိုက်ပါ

နောက်

gmail password  ကို မြန်မြန်လေး ပြန်ပြောင်းထားလိုက်ပါ

Tuesday, February 7, 2012

သတိထားရမယ့် Virus (၉)မျိုး နှင့် သူတို့ရဲ့ အလုပ်လုပ်ပုံ


သင်ဟာ ကွန်ပျူတာ လုံခြုံရေး ခြိမ်းခြောက်မှုအကြောင်းကို အများအပြား မသိဘူး ဆိုရင်တောင်မှ ခြေခံ ဗဟုသုတက အသုံးကျနိုင်ပါသည်။ တခါတရံမှာ သူတို့ရဲ့ အကျိုးဆက်များကို မသိခင် ဘယ်လို အန္တရာယ် ရှိလဲဆိုတာကို သိဖို့ ခက်ခဲပါလိမ့်မယ်။ Computer virus နဲ့အတူ အကျိုးဆက်တွေက တခါတရံမှာ မည်သို့ သင့်ရဲ့ အချက်အလက်တွေ ဆုံးရှုံးပုံ မည်မျှ အထောက်အထားတွေ ခိုးယူမှု ဖြစ်ပုံတို့ ဖြစ်သည်။ ဒါကြောင့် နောက်ကျတာထက်ကို ပိုပြီး သင်ယူဖို့ ကောင်းပါတယ်။


၁။Boot Sector Virus
 
မူလ MS-DOS မှလာသော ယေဘုယျ အမည်ကို "boot sector" ဟု သတ်မှတ်သည်။ သို့ပေမယ့် ယခုအခါ ဘယ် operating system မှာ ဖြစ်ဖြစ် ယေဘုယျအားဖြင့် boot information ကို အသုံးပြုခဲ့သည်။ Modern computer များမှာ အထူးသဖြင့် "master boot record" ဟုခေါ်ပြီး ၎င်းသည် partitioned storage device တစ်ခုပေါ်က first sector ဖြစ်သည်။ Computer ကို boot တက်စေရန် floppy disks ကို အသုံးပြုခြင်းကြောင့် boot sector virus ဟာ ကျော်ကြားလာပါသည်။ Internet အသုံးပြုမှု ကျယ်ပြန့်လာခြင်းနှင့် virus ကူးစက်ခြင်းခံရတဲ့ floppy တွေကြောင့် virus ပျံ့နှံ့မှုဟာ ပိုပြီး အကျိုး သက်ရောက်လာတယ်။



၂။ Browser Hijacker

ဒီ virus အမျိုးအစားမှာ ဆိုရင် အလကားရတဲ့ download တွေမှာ နည်းလမ်း အတော်များများနဲ့ သူကိုယ်တိုင် ပျံ့နှံ့နိုင်ခြင်း၊ အချို့ browser function တွေကို ထိထိရောက်ရောက် ပုန်းကွယ် တိုက်ခိုက်ခြင်း၊ အထူးသဖြင့် re-directing ပုံစံဖြင့် user တွေရဲ့ particular site တွေဆီသို့ အလိုအလျောက် ပျံ့နှံ့နိုင်သည်။ Web ကြော်ငြာများမှ ငွေကြေးတိုးပွားစေဖို့ သူတို့က နည်းဗျူဟာ designed ပြုလုပ်ခဲ့တယ်လို့ ယေဘုယျအားဖြင့် ယူဆရသည်။ သူတို့တွေက virus များစွာကဲ့သို့ အထူးသဖြင့် "search" ကဖော်ပြချက်ရဲ့ တနေရာရာမှာ ပါဝင်ပါသည်။ Cool web search သည် ကောင်းစွာသိနိုင်တဲ့ နမူနာ ဖြစ်ပါသည်။ ဒါပေမယ့် တခြားဟာက သာမန်လုနီးပါးပါ။

၃။ Direct Action Virus

ဒီ virus အမျိုးအစားဟာ မကြိုက်ဆုံးနှင့် ဖိုင်ထဲမှာပါဝင်တဲ့ virus ကိုစီမံတဲ့အခါ လုပ်ဆောင်မှုထဲမှာ သာလျင် ပါဝင်သည်။ ပျံ့နှံ့အားက ဖြန့်ဝေပြီးနောက် virus များဟာ အခြေခံအားဖြင့် ပုန်းကွယ်နေပြီး ၎င်းတို့က virus ကူးစက်ထားတဲ့ ဖိုင်က နောက်တစ်ကြိမ် စီမံခြင်းမရှိဘဲ နဲ့ အခြားလှုပ်ရှားမှုများ မရှိပါ။ Virus အများစုဟာ အလွယ်တကူ ပြန်လည် ထုတ်လုပ်ခြင်း၏ တိုက်ရိုက်လုပ်ဆောင်မှုနည်းလမ်းကို အသုံးမပြုပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းက လျင်မြန်စွာ မပေါက်ပွားပါဘူး။ ဒါပေမယ့် အဲဒီ အမျိုးအစား virus က အရင်ထဲက ပျက်စီးပြီးသားပါ။ ၁၉၈၈ မှာ computer များကို ခဏ ခြိမ်းခြောက်ခဲ့တဲ့ Vienna virus ဟာ တိုက်ရိုက်လုပ်ဆောင်မှု virus ရဲ့ နမူနာ ဖြစ်ပါသည်။

၎။ File Infector Virus


Virus ရဲ့ အကောင်းဆုံး အမျိုးအစား ဖြစ်ကောင်းဖြစ်နိုင်၊ အကိုက်ခံရတဲ့ ဖိုင်တွေဟာ host file မှာ root ပြုလုပ်ပြီး ဖိုင်ကိုစီမံတဲ့အခါ သူ့ operation စတင်ပါသည်။ virus ကူးစက်ခြင်းခံရသောကြောင့် ဖိုင်တွေကို လုံးဝ overwrite ဖြစ်နိုင်ပါတယ်။ သို့မဟုတ် ဖိုင်ရဲ့ အစိတ်အပိုင်း အစားထိုးရုံသာ ဖြစ်နိုင်၊ သို့မဟုတ် ဘယ်ဟာဖြစ်ဖြစ် အစားထိုးလို့ မရနိုင်၊ ဒါပေမယ့် ဖိုင်တွေကို re-write အစား user ရည်ရွယ်ခဲ့တဲ့ program ထက် virus ကစီမံခဲ့ရတယ်။ File virus လို့ အဓိပ္ပါယ် သတ်မှတ်သော်လဲ ယေဘုယျအားဖြင့် ဖိုင်အားလုံးထဲမှာ ရှိတဲ့ virus အားလုံးကို မသက်ရောက်နိုင်ပါ။ ဥပမာအားဖြင့် Macro virus က file virus ရဲ့ အောက်ကလို့ မရည်ရွယ်ပါဘူး။ Definition ကယေဘုယျအားဖြင့် virus သာ အဓိပ္ပါယ် ရည်ညွန်းခဲ့ပြီး အဲဒီ virus အစား သူတို့ host ကို (.exe) ကဲ့သို့ တရားဝင် သတ်မှတ်ထားတဲ့ file format ကို သုံးခဲ့တယ်။

၅။ Macro Virus

Program ရဲ့အမျိုးမျိုးသော ကျယ်ပြန့်မှုမှာ Microsoft excel ကဲ့သို့ application ထုက်လုပ်မှု ပါဝင်ပြီး တိကျတဲ့ macro programming language ကို သုံးတဲ့ document ထဲမှာ ပုန်းနေတဲ့ virus အတွက် ၎င်းက ပြုလုပ်ပေးဖို့ ဖြစ်နိုင်ပါတယ်။ Macro virus ရဲ့ ပျံ့နှံ့အားဟာ အရမ်းကျယ်ပြန့်ပါသည်။ Macro virus ကို ကောင်းကောင်းသိနိုင်တာက သေချာသလောက်တော့ Melissa ဖြစ်ပြီး ညစ်ညမ်း website တွေမှာ စကားလုံး စာရွက်စာတမ်းလို့ ထင်ရတဲ့ password တွေ ပါဝင်နေပါသည်။ Virus တွေက စကားလုံးနဲ့ link တွေ ကို အသုံးချပြီး Microsoft outlook ကနေ အလိုအလျောက် email တွေကို သူတို့ကိုယ်တိုင် ကူးနိုင်ပါသည်။

၆။ Multipartite Virus

အချို့ virus များဟာ နည်းလမ်းတစ်ခုမှ တဆင့် ပျံ့နှံ့ဖို့ သို့မဟုတ် payload တစ်ခုသို့ ပေးပို့စဉ်တွင် multipartite virus က အားလုံးကို လိုချင်သည်။ ဒီ အမျိုးအစား virus က နည်းလမ်းများစွာနဲ့ ပျံ့နှံ့နိုင်ပြီး ၎င်းက ပြောင်းလဲနိုင်သော ရောဂါပိုး ၀င်တဲ့ ကွန်ပျူတာဟာ operating system install လုပ်ခြင်း သို့မဟုတ် တိကျတဲ့ ဖိုင်ရဲ့ ရပ်တည်ရေး ကဲ့သို့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်မှု ကွဲပြားပါ လိမ့်မည်။


၇။ Polymorphic Virus

အခြား jack-of all trades မှာ polymorphic virus တွေဟာ အမှန်တကယ် ပိုပြီး အသွင်ပြောင်းခြင်း သို့မဟုတ် virus သတ်ပြီးတိုင်းနောက် သူတို့ဟာ payload ပေးပို့ဖို့ ပြောင်းလဲနေတဲ့ code ကို အသုံးပြုခဲ့သည်။ တနည်းအားဖြင့် ဒါမှမဟုတ် ဒါ့အပြင် စိတ်ချနိုင်တဲ့ အခြေအနေမှာ တွေဆုံတဲ့အခါ သူ့ဟာသူ အလိုအလျောက် ပြောင်းလဲနေသော polymorphic virus တွေဟာ encryption algorithm နှင့်အတူ သူ့ဟာသူ စောင့်ရှောက်နိုင်ပါသည်။ သူ့ လှည့်စားမှု ရဲ့ ၇ည်ရွယ်ချက်က ရှောင်လွဲဖို့ ဖြစ်ပါတယ်။ Antivirus program တွေဟာ တိကျတဲ့ code ကို သုံးခြင်းဖြင့် virus ကို မကြာခဏ ရှာနိုင်ပါသည်။ Virus ရဲ့ code ပြောင်းလဲခြင်းက virus ရှာဖွေတွေ့ရှိခြင်းကို ရှောင်ရှားဖို့ ကူညီနိုင်သည်။

၈။ Resident Virus

ဒီ ကျယ်ပျံ့တဲ့ virus definition က အချို့ virus ကို system ရဲ့ memory ထဲမှာ သူကိုယ်တိုင် ထည့်ခြင်းဖြင့် သက်ရောက်နိုင်ပါသည်။ ထို့နောက် အချို့ လုပ်ဆောင်မှုရဲ့ အရေအတွက် တော်တော်များများကို ယူပြီး မူလ ကူးစက်ပြီးသား ဖိုင်ကို သီးခြား run နိုင်ပါသည်။ Resident virus ဟာ direct payload virus နဲ့ နှိုင်းယှဉ်ပြီး သူတို့ဟာ system ရဲ့ memory ထဲကို သူတို့ကိုယ်တိုင် မထည့်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ရောဂါ ကူးစက်ပြီးသား ဖိုင်ကို စီမံတဲ့အခါမှာ သာလျင် လုပ်ဆောင်ပါသည်။

၉။ Web Scripting Virus

များစွာသော website တွေမှာ စိတ်ဝင်စားစရာ ပါရှိတဲ့ စီစဉ်မှုအရ ရှုပ်ထွေးတဲ့ code တွေနဲ့ စီမံထားသည်။ သင့်ရဲ့ browser မှာ online video ပြနေသောအခါ ဥပမာအားဖြင့် video ကိုယ်တိုင်နှင့် player ကြားခံနှစ်ခုလုံး ထောက်ပံ့ဖို့ တိကျတဲ့ code language စီမံခြင်း လိုအပ်ပါတယ်။ ဟုတ်ပါတယ် code တွေဟာ တခါတရံမှာ စွန့်စားရနိုင်တယ်။ ၎င်းက computer ကို virus ၀င်ဖို့ သို့မဟုတ် website ကို ဖြတ်ပြီး computer ပေါ်မှာ လှုပ်ရှားနိုင်ဖို့အတွက် သူဟာ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ပါတယ်။ Malicious site တွေမှာတောင်မှ ရည်ရွယ်ထားတဲ့ ကူးစက်ပြီးသား code တွေနဲ့ တခါတရံ ဖန်တီးနိုင်သည်။ Virus တွေ့နိုင်တဲ့ အခြေအနေ အမျိုးမျိုးမှာ webmaster ရဲ့ သိရှိမှုမပါဘဲ site တစ်ခုထဲ code တွေ ထည့်သွင်း နိုင်ပါသည်။

နိဂုံးချုပ် အနေဖြင့် ဒီ article မှာ computer virus အမျိုးအစားတိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် လူတွေသိတဲ့ virus အမျိုးအစားတိုင်းရဲ့ စာရင်းတွေ မပါဝင်ပါဘူး။ အချို့ worms ဒါမှမဟုတ် Trojans လည်းပဲ မပါဝင်ပါဘူး။ အဲဒါဟာ သာမန် ခြိမ်းခြောက်မှု နှစ်ခုဖြစ်ပြီး virus နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် နည်းစနစ်အရ မတူပါဘူး။

အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ စာဖတ်သူများ ဗဟုသုတ
ကြွယ်စေရန် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
အပြည့်အစုံဖတ်ချင်ရင်တော့
ဒီမှာ သွားဖတ်ကြပါ ဆော့ဝဲလ်တွေလဲတော်တော်စုံပါတယ်။

တန်ဖိုးထားအပ်သော လူ(၁၀)မျိုး

တန်ဖိုးထားအပ်သော လူ(၁၀)မျိုး

 

1. သင်တကယ်ချစ်တဲ့သူနဲ့ တွေ့တဲ့အခါ ...သူနဲ့ အဖော်ပြုပေးဖို့ကြိုးစားပါ၊

    အကြောင်းက သူသင့်နားက ထွက်ခွာသွားမှ နောင်တရမှာ စိုးလို့ပါ။

 

2.ယုံကြည်ရတဲ့ မိတ်ဆွေနဲ့ ဆုံတဲ့အခါ...သူနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ၊

   အကြောင်းက လူ့ဘ၀ တစ်သက်တာမှာ စစ်မှန်တဲ့လူနဲ့ တွေ့ဖို့ ခဲယဉ်းလို့ပါ။

 

3.လောကမှာ တန်ဖိုးထားအပ်တဲ့ လူနဲ့ တွေ့တဲ့အခါ...သူ့ကို ကျေးဇူးတင်ပါ...

   အကြောင်းက သူဟာ သင့်ရဲ့ ကံကြမ္မာ အပြောင်းအလဲ ကို သယ်ဆောင်ပေးမဲ့သူဖြစ်နေလို့ပါ။

 

4.သင်ချစ်ဖူးခဲ့တဲ့ သူနဲ့ တွေ့တဲ့အခါ ... အမှတ်တရနဲ့  သူ့ကို ကျေးဇူးတင်ပါ...

   အကြောင်းက သူဟာ သင့်ကို အချစ်ဆိုတာ နားလည်စေခဲ့လို့ပါ။

 

5.သင်မုန်းခဲ့တဲ့ သူနဲ့ တွေ့တဲ့အခါ... ၀မ်းသာအားရနှုတ်ဆက်ပါ...

   အကြောင်းက သူက သင့်အတွက် ခွန်အားတွေပေးခဲ့လို့ပါ။

 

6.သင့်ကို သစ္စာဖောက်ခဲ့တဲ့ သူနဲ့တွေ့တဲ့အခါ... သူနဲ့ ကောင်းကောင်းစကားပြောပါ...

   အကြောင်းက သူသာ မရှိခဲ့ရင် သင်ဟာ ဒီလောကကြီး အကြောင်းကို နားလည်မှာမဟုတ်ခဲ့လို့ပါ။

 

7.သင်တိတ်တခိုး ချစ်ခဲ့ဖူးသူနဲ့ တွေ့တဲ့အခါ... သူ့ကံကောင်းဖို့ ဆုတောင်းပေးပါ...

   အကြောင်းက သင် သူ့ကို သဘောကျစဉ်တုန်းက သူ့အတွက် ကံကောင်းပျော်ရွှင်ခြင်းတွေ ပြည့်စုံစေချင်ခဲ့လို့ပါ။

 

8.သင့်ကို ရုတ်တရက် လမ်းခွဲသွားတဲ့ လူနဲ့တွေ့တဲ့အခါ... သူ့ကို ကျေးဇူးတင်ပါ....

   အကြောင်းက  သူဟာ သင့်အတွက် အမှတ်တရတွေ ထားရစ်ခဲ့လို့ပါ။

 

9.သင်အပေါ် အထင်လွဲခဲ့ဖူးသူနဲ့ တွေ့တဲ့အခါ...အထင်လွဲမှုကို ရှင်းပြဖို့ကြိုးစားပါ...

   အကြောင်းက ဒီလို ရှင်းပြခွင့် အခိုက်အတန့်လေး နောက်ထပ် မရနိုင်တော့မှာစိုးလို့ပါ။

 

10.သင်နဲ့ စိတ်တူကိုယ်တူ ဘ၀လက်တွဲဖော်နဲ့ တွေ့တဲ့အခါ.. သူရဲ့ အချစ်တွေအတွက် ရာနှုန်းပြည့် ကျေးဇူးတင်ပါ...

     အကြောင်းက သင်တို့ နှစ်ဦးစလုံးအတွက် လက်ရှိမှာ ကံကောင်းခြင်းတွေနဲ့ အချစ်စစ်တွေ ပေးနေတဲ့သူဖြစ်နေလို့ပါ။

 

ကျေနပ်နိုင်ကြပါစေ။

(ဇေယျာ)25/Sep/2011, Sunday, 11:30 pm

မူရင်း ။ ။http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20070629/24... ကို ဘာသာပြန်သည်။

Sunday, February 5, 2012

deep freeze ကို hack ကြရအောင်

(1)တစ်နည်းကတော့ ဆော့ဝဲကိုသုံးတာပါ။

(၂)နောက်တစ်နည်းကတော့အောက် ပါအတိုင်းဖြစ်ပါတယ်။

1. ကွန်ပျူတာကို restart လုပ် CMOS ထဲကိုဝင် ခုနှစ်ကို ပြီးခဲ့တဲ့ 10 နှစ်လောက်ထိ ပြောင်းပေါ့ (ဥပမာ - 2000)

2. ပြီးရင် Windows မတက်ခင် F8 နှိပ် Safe Mode နဲ့ဝင်ပါ။

3. Windows တက်လာရင် Ctrl+Alt+Del နှိပ်ပီး DFServ.exe , FrzState2k.exe ဆိုတဲ့
Process နှစ်ခုကို End Process လုပ်လိုက်။

4. နောက်ပြီး registry editor မှာ အထက်က နာမည် နှစ်ခုနဲ့ ပါတာအကုန်ကို ဖျက်ပစ်။

5. C:\Program Files\Faronics\Deep Freeze အောက်က ဖိုင်အကုန်လုံးကို ဖျက်ပစ်။

6. Run> msconfig ရိုက် service အောက်က DFServ service ကို အမှန်ချစ်ဖြုတ်ပေး။

7. Restart ချပါ။ CMOS မှာ ခုနှစ်ကိုပြန်ပြင်လိုက်ပါ။ ဒါဆို DeepFreeze ပြုတ်သွားပီ။

Thursday, February 2, 2012

ရုရှားရောက်ပြည်ချစ်သားများ၏ အချစ်ဇတ်လမ်းများ(မမ ညီမတွေအတွက်)

ယနေ့ ခေတ်စားနေကြသော အွန်လိုင်း အချစ်ဇတ်လမ်းများနှင့် စိတ်မကောင်းစရာ ရင်နင့်ဖွယ် အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို မြင်တွေ့ရ ကြားသိရသမျှ နားမဆံ့တဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ကျမ ပြောချင်တဲ့ အဓိက ဇတ်ဆောင်များကတော့ တိုင်းပြည်ဘဏ္ဍာနှင့် ပညာ သင်ကြားနေကြသော ရုရှားနိုင်ငံမှ ပြည်ချစ်သားများနှင့် နိုင်ငံတကာမှ ညီမများ မမများပါပဲ။ အခုလို ရေးရတဲ့ အတွက် မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်နစ်နာ လိုစိတ်မရှိပါ။ မိန်းမသားများ အတွက် အသိပညာပေးလိုသော စေတနာသာ ပါဝင်ပါတယ်။

ဖြစ်ပုံများကတော့ .... ၂၀၀၉ နှစ်ရဲ့ ဧပြီလလောက် ကပေါ့..... စကာင်္ပူက ပီအာ ရပြီးသား ညီမလေး တစ်ယောက် ကျမကို ဖုန်းဆက်လာတယ်။ မမရယ် ကူညီပါအုံးတဲ့ ... သူ့ချစ်သူက သူ့ကို အတွေ့မခံပဲ ရှောင်နေလို့ပါတဲ့လေ။ ကျမသိသလောက် သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းက အွန်လိုင်းကနေတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ကောင်လေးကတော့ မော်စကိုမှာ စာသင်နေတဲ့ စစ်ဗိုလ် ဆရာဝန်တစ်ယောက်ပေါ့...။ ဒီလောက်ဆို စာဖတ်သူများ နားလည် သဘောပေါက်လောက်ပါပြီ။ သူတို့နှစ်ဦး အကြောင်းကို နှစ်ဖက် မိသားစုများကအစ သိထားကြပါတယ်။ ကောင်လေးကတော့ နယ်မြို့တစ်မြို့ကပါ။ ကောင်မလေးက ရန်ကုန်ကပေါ့။ ကောင်လေး မော်စကိုမှာ နေစဉ်တလျှောက် လိုအပ်သမျှ အစားအသောက်ကအစ အဲဒီညီမလေးဆီကို မှာနေကြပါ။ အဲဒီညီမလေးကလည်း ဘာပဲ မှာမှာ ရောက်အောင် ၀ယ်ပြီး ပို့ခဲ့ပါတယ်။ ဇတ်လမ်းအကြမ်းလေးကတော့ ကောင်လေးဟာ မြန်မာ ပြန်ရောက်သွားကတည်းက သူ့ကို ရှောင်နေပါတယ်။ ဖုန်းဆက်လည် မကိုင်ဘူး။ နောက်ဆုံး သူ ကျမကို ရင်ဖွင့်ပြီး မြန်မာကို လိုက်သွားပြီး တွေ့မယ်၊ ပွင့်ပွင့်လင်းလင်း မေးမယ်ပေါ့။ ကျမလည်း အင်း.... တစ်လုံးကလွဲလို့ အကြံမပေးတတ်ဘူးလေ။ ဒီလိုနဲ့ သူပြန်သွားပြီး တစ်ပတ်အကြာမှာ မေလ်းရောက်လာတယ်။ သူတို့ ပြန်အဆင်ပြေသွားကြလို့ အခု ခရီးတွေတောင် အတူတူ သွားကြတယ်တဲ့။ ကျမလည်း ၀မ်းသာမိပါတယ်။ ဒါဟာ သတင်းကောင်းလို့ပဲ ထင်ခဲ့တယ်။

ဒါပေမယ့် ကျမထင်ထားသလို မဟုတ်ခဲ့ပါဘူး။ ကောင်မလေးက သူမပြန်ခင် လက်ထပ်ခွင့် ရအောင်လုပ်ပြီး သူ့ကို လက်ထပ်ခိုင်းတော့ ကောင်လေးက သူမယူနိုင်ဘူးတဲ့လေ...။ သူ့မှာ လက်ထပ်ရမယ့်သူက ရှိပြီးသားတဲ့။ မိန်းမသားဘ၀ တောင်းပန်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။ နောက်ဆုံးသိရတာကတော့ အဲဒီညီမလေးကလည်း ဘယ်လို ဆုံးဖြတ်လိုက်တယ် မသိဘူး။ အဲဒီညီမလေးက သူကိုယ်တိုင် အရှက်ခွဲ ခံပြီး စစ်ခုံရုံးကို တင်ပြီး တရားစွဲပါတော့တယ်။ ကောင်လေးကလည်း အစစ်ဆေး ခံရပြီး ရာထူးလည်းပြုတ်၊ ထောင်ကျသွားခဲ့တယ်။ ကောင်မလေးက သူတို့ ခရီးသွားခဲ့တုန်းက ဓါတ်ပုံတွေနဲ့ တည်းခဲ့တဲ့ ဟိုတယ်တွေ နေ့ရက် အချိန်တွေကိုပါ အတိအကျ ရုံးတော်ကို သက်သေတင်နိုင်ခဲ့လို့ပေါ့။ ဒါပေမယ့် မိန်းကလေး ဘ၀ ဘာဖြစ်သွားလဲ။ ဒီလို အဖြစ်အပျက်တွေ ကျမတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်များ များပြားနေလဲဆိုတာ မသိနိုင်ဘူးနော်။

အခုဆိုရင် နိုင်ငံတကာက မိန်းကလေးတွေ တော်တော်များများဟာ ရုရှားက စစ်ဗိုလ်တွေနဲ့ အွန်လိုင်းမှာတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ရာက တဆင့်တက်လို့ ရုရှားအထိ သွားရောက်လည်ပတ် အတူနေထိုင်နေကြတယ်လို့ အတိအကျကို သိနေရပါတယ်။ အထူးသဖြင့် ဒူဘိုင်းနဲ့ စကာင်္ပူနိုင်ငံက မိန်းကလေးတွေ တော်တော်များများပါပဲ.....။ ၂၀၀၉ အောက်တိုဘာကလည်း ဒူဘိုင်းက ညီမလေးတစ်ယောက် မော်စကို (MEPHI) က သူ့ကောင်လေး စစ်ဗိုလ်ဆီ သွားလည်တယ်တဲ့။ အခုလည်း စင်္ကာပူက ညီမလေး တစ်ယောက် ထပ်သွားပြန်ပြီ။ နောက်ထပ် ရုရှားကို သွားဖို့ စီစဉ်နေကြတဲ့ ညီမလေးတွေ အများအပြား ရှိနေပါသေးတယ်။ ဒါက အခုလက်ရှိ ကျမ ပတ်ဝန်းကျန်မှာ မြင်နေရတာပါ။ ကျမ မသိတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဒါမျိုးတွေ များပြားနေမလဲဆိုတာတော့ ကျမ မသိပါဘူး။ ကျမ ဒီသတင်းတွေ ကြားရရင် နှစ်ဦး စလုံးအတွက် ရင်လေးမိ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီတော့ ကျမ အပေါ်ကတင်ပြသွားခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ မဖြစ်လာရအောင် သတိပေးတဲ့ အနေနဲ့ ဒီပိုစ့်လေးကို ရေးသားလိုက်ရတာပါ။ မိန်းကလေးတွေကိုလည်း သတိပေးချင်သလို၊ ရုရှားရောက် ပြည်ချစ်သားများကိုလည်း သတိပေးချင်ပါတယ်။ ပြည်သူ့ဘဏ်ဏ္ဍာနဲ့ စာသင်ဖို့ လွှတ်ထားတယ်ဆိုတာကိုလည်း သတိထားစေချင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လို နေရမယ် ထိုင်ရမယ်ဆိုတာကိုလည်း နားလည်စေချင်ပါတယ်။ ကိုယ်လက်မထပ်နိုင်ပဲ သူများ သားသမီးတွေကို အခုလို ခေါ်ပြီး အပျော်မရှာပါနဲ့။ ကိုယ့်ဘ၀နဲ့ တန်တဲ့ မိန်းမမျိုးကိုပဲ ရှာယူကြပါလို့။ တာဝန်ရှိသူများကလည်း အခုလို အဖြစ်မျိုးတွေ မဖြစ်ရလေအောင် ထိန်းသိမ်း သင့်ထယ်လို့ ထင်မိပါတယ်။ ရုရှားပို့ထားပြီး ဘာမှ မသိသလို မနေကြပါနဲ့။ ပြည်ချစ်သားများ နိုင်ငံသားကောင်းများ နိုင်ငံတကာမှာ နာမည်ပျက် နေတာကိုလည်း သတိထားနိုင်ကြာပါစေ။ မိန်းကလေးများကလည်း မိမိရဲ့ တန်ဘိုးရှိလှတဲ့ ဂုဏ်သိက္ခာကို တန်ဘိုးထားကြစေချင်ပါတယ်။ှ

ရုရှားမှ ကိုကိုတွေ မောင်မောင်တွေ အနေနဲ့ကလည်း စာသင်တဲ့ ကာလက နဲနဲရယ်၊ အချိန်ပြည့် အွန်လိုင်းမှာ အချိန်ဖြုန်းနေကြသလိုပါပဲ။ အတူနေတဲ့ ညီမလေးတွေ ပြောသမျှ အွန်လိုင်းမှာ (၁၀) ယောက်မှာ (၉) ယောက်က ရုရှားက စစ်ဗိုလ်တွေပါတဲ့လေ။ အော် ...... တော်တော်ဆိုးတာပဲနော်။ တနေ့မှာ တိုင်းပြည်ကို ဘယ်လိုများ ထိန်းသိမ်း စောင့်ရှောက်ကြပါ့မလဲ...။ အပေါ်က တင်ပြသွားတဲ့ တကယ့်အဖြစ်အပျက်လေးကို ကျမ လူနာမည် အတိအကျ၊ ဗိုလ်သင်တန်း အပတ်စဉ်တွေကိုပါ ပြောပြနိုင်ပါတယ်။

ဒီနေ့ဟာ ဒီဇင်ဘာ (၃၀) ရက်နေ့ အမေများနေ့ပါရှင်....... ဒါကြောင့် သားသမီးတွေ အားလုံးရဲ့ မိခင်ကိုယ်စား ကျမက ဒီပိုစ့်လေးနဲ့ မိန်းကလေး၊ ယောကျာင်္းလေး ခွဲခြားခြင်းမရှိပဲ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးလေးတွေကို တင်ပြရင်း ဆုံးမလိုက်တာပါ။ နားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူတိုင်းအချစ်နဲ့ မကင်းနိုင်သလို တန်ဘိုးရှိတဲ့ မြင့်မြတ်တဲ့ ချစ်ခြင်းတွေနဲ့ တဘ၀လုံး လုံခြုံအေးမြ နိုင်ကြပါစေ....

ခင်မင်လေးစားလျှက်
နွေး

forward mail ကပါ။
အားလုံးဖတ်သင်တယ်ထင်လို့ ပါ။

ဧဒင်ဥယျာဉ်ထဲက ရာမညချစ်သူရေးတာကိုပြန် ဝေမျှတာပါ။

ဒီအတိုင်းပဲကောင်းပါတယ်

ဒီအတိုင်းပဲကောင်းပါတယ်

          နွေရာသီနားနီးကပ်လာလေလေ လေရူးသုန်သုန်တိုက်ခတ်မှုကြောင့် စိတ်တွေလေပြီး ကျွန်တော်ကျောင်းပြေး တဲ့နေ့တစ်နေ့ပေါ့ဗျာ။ မန်ကျည်းပင်တွေထက်က ဥသြငှက်လေးတွေ ဘာသာဘာဝ တွန်ကြူးနေတာကို မဆီမဆိုင်စိတ်လေပြီး ကျောင်းလစ်လာခဲ့ပါတယ်။ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး လမ်းခွဲလာခဲ့ပြီး ကိုယ့်အဆောင်ကိုယ် ပြန်အိပ်အုန်းမှပဲဆိုတဲ့အတွေးနဲ့ ကျောပိုးအိတ်လေးလွယ်ပြီး အသော့နှင်လာခဲ့တယ်။

          အိပ်ရာနိုးရင် ဘော်ဒါတွေဆီသွားလည်မယ် ဘာညာဆိုပြီး Plan ချထားပြီးသားပါ။အဆောင်နဲ့ ရွှေသာလျောင်းနဲ့နီးတော့ မော့ကြည့်ပြီး ကြည်ညိုမိပါသေးတယ်။အင်း…………စိတ်ပြေလက်ပြေ မင်းရဲ ဆည်ဘေးထိုင်အုန်းမှပဲ ဆိုပြီး လက်ပံပွင့်တွေရဲရဲနီနေတဲ့ ဇော်ဂျီရေကိုထိုင်ကြည့်ပြီး ဆွေးမိပါသေးတယ်။ကလေးတွေကလဲရေကူးပြီး လက်ပံပွင့် လိုက်ကောက်နေတာကို ကြည့်ရင် ရောယောင် ပျော်ရွှင်နေမိပါသေးတယ်။

          ကဲအလွမ်းဇာတ်တွေ ကားလိပ်ချမှဖြစ်ပေဦးမယ် ဆိုပြီး ဖွားဘက်တော်(လွယ်အိတ်)ကိုကောက်လွယ်ခဲ့ပြီး အဆောင်ကို လျောက်လာခဲ့ပါတယ်။အဆောင်ရောက်တော့ အိပ်မယ်လှဲနေပြီးမှ "ပူလှပါပေ ရွှေဆည်မြေ" ဆိုတဲ့အတိုင်း (ကိုယ့်ဘာသာစပ်ထားတာပါကဗျာက) အိပ်မပျော်ပဲချွေးတလုံးလုံး နဲ့နိုးလာခဲ့ပါတယ်။

          အဆောင်အောက်ထပ်မှာမြန်မာကား မြန်မာ့အသံက ပြနေသံကြားတော့ အောက်ဆင်းပြီး ရောငေးမိပါသေးတယ်။ မင်းသားက ကျော်ဟိန်းပါ မင်းသမီးတော့နာမည်မသိပါဘူး။ တ၀က်တပျက် ၀င်ငေးလို့ ဘာကားမှန်းမသိခဲ့ပါ။

          အဆောင်မှူးကိုမေးကြည့် တော့ အားရ၀မ်းသာပြန်ဖြေပါတယ် "ငါလဲမသိဘူး" တဲ့ ကဲဟုတ်ပြီ မသိဘူးပဲထား………ပျင်းပျင်းနဲ့ ဆက်ကြည့်မယ်ပေါ့။ ဇာတ်လမ်းအတိုင်းရေးပြပါ့မယ်။ ကျော်ဟိန်းက ဆိုက်ကားသမားပါ သူ ညနေ အိမ်ပြန်လာတော့ ပဲပြုပ်သည်သူ့ဇနီး က ကြက်သားဈေးကြီးတယ်၊ဆီဈေးကြီးတယ် ဘာညာ ဆိုပြီး ငြီးနေလေရဲ့ ဒါကို ကျော်ဟိန်းက

          "အော် မိန်းမရယ် ကြက်သားဆီပြန်နဲ့ မဟုတ်လဲ စားလို့ဖြစ်ပါတယ် အိမ်နောက်ဖေးမှာစိုက်ထားတဲ့ အသီးအရွက်လေးကြော်ချက်စားကြတာပေါ့၊ ကုန်ဈေးနှုန်းတက်တိုင်းသာ ငြီးနေရင် မင်းပဲသေရုံရှိမှာပေါ့" တဲ့

          ကျွန်တော်လဲကိုယ့်အတွေးနဲ့ကိုယ် ကျိတ်ပြုံးမိပါတယ် စာဖတ်သူလဲပြုံးမိမှာအသေချာပါပဲ။

သူတို့အနောက်မှာ သူတို့ သမီးလေးက ပထ၀ီကျက်နေပါတယ်။ မြန်မာကလေးပီပီ ဆံကျစ်ကလေးနဲ့ပေါ့။ဘေးမှာလဲရေနံဆီမီးခွက် လေးထွန်းပြီး တင်ပျင်ခွေလျက် စာအံနေလေရဲ့။ အကုန်ပြောရင်ရှည်နေမှာစိုးလို့ ဖြတ်ပြောပါ့မယ်။ကျော်ဟိန်းရဲ့သူငယ်ချင်းဆိုက်ကားသမားတွေရောက်လာပြီးရေနွေးကြမ်းသောက် ပဲလှော်သုတ်စားပြီး အ လာဘ  သ လာဘ ပြောကြပါလေရော။

အဲဒီအချိန်မှာ သူ့သမီးလေးက တခုခု ရှာနေပုံရတယ်ဆိုပြီး သမီးကို

"သမီးဘာရှာနေတာလဲ" ဆိုပြီးမေးလိုက်တယ်။    

သမီးက "သမီးမြန်မာပြည်မြေပုံကဒ်လေးကျိုးသွားလို့ ဖေဖေ တပိုင်းပဲရှာတွေ့တော့တယ်" ဆိုပြီး

အလယ်ပိုင်း လေးပဲလာပြတယ်၊ကျန်တဲဟာတွေ့ကရှာမတွေ့ဘူးပေါ့ဗျာ။ ကျော်ဟိန်းသူငယ်ချင်းတွေက

ဦးတို့ ဆွဲပေးမယ်လေ ခန့်မှန်းလောက်တော့် ဆွဲတက်ပါတယ်

ပြောတော့ ကျော်ဟိန်းက

          "မြန်မာနိုင်ငံ မြေပုံက အရင်ကတည်းက လှပြီးသားကွ မင်းတို့လုပ်မှ မလှပဲ ရွဲ့စောင်း ကုန်ပါအုန်းမယ်ကွာ" ဆိုပြီး ကျန်တဲ့အပိုင်းကို လိုက်ရှာနေတယ်။ သူတွေ့တော့မှ အပိုင်းပိုင်း ပြန်ဆက်လိုက်တော့ မြန်မာနိုင်ငံမြေပုံကို လှလှပပ ပြည့်ပြည့်စုံစုံ လေးနဲ့ ပြန်ရတယ်။ သူပြောလိုက်တဲ့ စကားတစ်ခွန်းက

 "ငါပညာမတက်ပေမဲ့ ဒို့မြန်မာနိုင်ငံကို ဒီအတိုင်း လှလှပပ ပြည့်ပြည့်စုံစုံ အမြဲတမ်းမြင်ချင်တာကွ"

 လို့ပြောပါတယ် ။

ဇာတ်လမ်းလေးက မိနစ် ၂၀ လောက်ပါပဲ။ ဒီအချိန်လေးအတွင်းမှာ အမိမြန်မာပြည်ကို မြတ်နိုးဖို့ Concept ကို ဆိုက်ကားသမားမိသားစုလေးတစ်ခုထဲနဲ့ ပေါ်အောင် ရိုက်ပြသွားတာ အရမ်းမိုက်ပါတယ်။ ကိုယ့်ဘာသာကိုယ်ပြန်တွေးမိတယ်။"ဒီနေ့ကျောင်းပြေးရကျိုးနပ်ပါ့လား"ဆိုပြီး တွေးမိပါတယ် ။

 ဒီကားနာမည်က "ဒီအတိုင်းပဲကောင်းပါတယ်'' တဲ့

          ဒီလို ဆိုက်ကား သမားက တောင် အမိနိုင်ငံကို ချစ်မြတ်နိုးရင် ပညာတက်တဲ့လူတွေ ဆိုရင်ဘယ်လောက် တိုးတက်ငြိမ်းချမ်းမှု ကိုလိုလားကြမလဲဗျ။ကျွန်တော်လဲ အပါအ၀င် စာဖတ်သူတို့ရော နိုင်ငံကို ချစ်တက်မြတ်နိုးတက်ပြီး တိုးတက်မှုရော ကာကွယ်မှုရော ပြုလုပ် နိုင်တဲ့ နိုင်ငံသား ကောင်းများ ဖြစ်အောင် ကြိုးစား ကြပါစို့လို့ တိုက်တွန်းရင် ကြိုးစားခွင့်ပြုပါ။         

ပစ်တိုင်းထောင်(Wisdom Life)

တခြားအကြောင်းအရာလေးတွေ

Related Posts Plugin for WordPress, Blogger...