Love Poems (Only Two)

မကြွေပွင့်

ဘယ်သူ့နှုတ်ခမ်းမှ

ပန်းပွင့်တယ်လို့………..ကိုယ်မယုံ

ချစ်တဲ့သူနှုတ်ခမ်း

ပန်းကြာနံ့ထုံ………….

စိတ်ကောက်တော့ ကြာလိုငုံ

ရင်ခုန်တော့ ကြာလိုဖူး…………..

တစ်ခါနမ်းရုံနဲ့

ပန်းကြာငုံ မကြွေပွင့်ရယ်ကြောင့်……..

(ကိုယ့်မှာတော့….)

နေမြင့်လေရူး…………။

 

 

ကိုယ်ရံတော်

အချစ်မင်းကိုယ့်ကို သေနတ်တစ်လက်ဝယ်ပေးသင့်တယ်

ကျည်တစ်တောင့်စီပေါ်မှာ

မင်းရန်သူတွေရဲ့နာမည်ကိုရေးပေးလိုက်ပေါ့။

ကျန်တာကတော့

ကိုယ့်လက်ကလေးကို

မင်းနမ်းလိုက်ရုံပါပဲ။      

ညိုမင်းထက်

Comments

Popular posts from this blog

စာပေဟောပြောပွဲများ

Driver ဒေါင်းနိုင်သောဆိုဒ်များ

Crack File အကြောင်း တစ်စေ့တစ်စောင်း 14.8.10