Posts

Showing posts from March, 2012

Love Poems (Only Two)

မကြွေပွင့် ဘယ်သူ့နှုတ်ခမ်းမှ ပန်းပွင့်တယ်လို့………..ကိုယ်မယုံ ချစ်တဲ့သူနှုတ်ခမ်း ပန်းကြာနံ့ထုံ…………. စိတ်ကောက်တော့ ကြာလိုငုံ ရင်ခုန်တော့ ကြာလိုဖူး………….. တစ်ခါနမ်းရုံနဲ့ ပန်းကြာငုံ မကြွေပွင့်ရယ်ကြောင့်…….. (ကိုယ့်မှာတော့….) နေမြင့်လေရူး…………။     ကိုယ်ရံတော် အချစ်မင်းကိုယ့်ကို သေနတ်တစ်လက်ဝယ်ပေးသင့်တယ် ကျည်တစ်တောင့်စီပေါ်မှာ မင်းရန်သူတွေရဲ့နာမည်ကိုရေးပေးလိုက်ပေါ့။ ကျန်တာကတော့ ကိုယ့်လက်ကလေးကို မင်းနမ်းလိုက်ရုံပါပဲ။        ။ ညိုမင်းထက်

ကျွန်ုပ်နှင့် ကျွန်တော့် ၏ အတွေးစများ

အဲဒီနေ့ဟာ 27.3.2012 ရက်နေ့ဖြစ်ပါတယ်။ မှတ်မှတ်ရရအဲ ဒီနေ့ နေရာတော်တော်များများ ရောက်ဖြစ်ခဲ့တဲ့နေ့ လဲဖြစ်ပါတယ်.။ ဦးလေးမွေးနေ့ ဆွမ်းကပ်လို့ ဘုန်းကြီးကျောင်းရောက် တယ် NLD မွဲဆွယ်ပဲရောက်တယ်…။ အစုံရောက်ခဲ့ပါတယ် မအားတဲ့ကြားထဲကပေါ့။ အဲဒီနေ့ဟာ (--)နှစ်မြောက် တပ်မတော်နေ့လည်း ဖြစ်ပါတယ်။ ကျွန်တော်ကြားဖူးသလောက်တော့် ဟိုအရင်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့လို့လဲ ဆိုစမှတ်ပြုခဲ့ကြောင်း မှတ်သားခဲ့ရပါတယ်။ ဘာကြောင့်ပြောင်းသွားလဲတော့ အတိအကျ ပြောနိုင်တဲ့လူ ရှားပါတယ်။ ကျွန်တော့်အထင် တပ်မတော်က နယ်ချဲ့တွေကို တော်လှန်ခဲ့လို့ တပ်မတော်နေ့ လို့ ဂုဏ်ပြုတဲ့အနေနဲ့ တပ်မတော် နေ့ရယ်လို့ ခေါ်တယ်ထင်ပါတယ်။           တပ်မတော်သည် ဒီနေ့ထိ ဘာကြောင့် တည်မြဲပြီး နေပါလိမ့်လို့ တွေးဖူးပါသလား….။ တည်မြဲတာလဲမဆန်းပါ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ စစ်စည်းကမ်းများကြောင့် ယနေ့ထိ မားမားမတ်မတ် ရှိနေခြင်းဖြစ်ကြောင်း ကျွန်တော်ယုံကြည်မိပါသည်။           မည်သည့်အဖွဲ့အစည်းမဆို စည်းကမ်းဆိုတာ ရှိစမြဲပါ။ စည်းကမ်းပိုမိုတင်းကြပ်သော စည်းကမ်း   ပိုမို ကောင်းမွန်သော စည်းကမ်းရှိသော အဖွဲ့အစည်း သည် ကြာရှည် တည်မြဲပြီး အများက လေးစားထောက်ခံကြတာ ဖြစ်တဲ့လို့...

ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူး

ဟာသ   နေရာ ... စိတ္တဇဆေးရုံ> ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?   နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့   ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..   လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"   နောက်တစ်နေ့ ....   နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်   ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်   လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က   ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး   ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း   မစားချင်ဘူးလားကွ" ဟူတည်း။ ဟာသ(၂) လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်  ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့  အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က  နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက်...

ဘောလုံးချစ်သူ(ဟာသ)

Image
အခုစစချင်း မင်းရဲ့အလှတရားကို တို့က ကမ္ဘာဖလားနဲ့ တောင်မလဲနိုင်တဲ့အကြောင်း စပြောပါရစေနော်.... အချစ်ဆိုတာ ရီးရဲမက်ဒရစ်လို ပိုက်ဆံချမ်းသာတိုင်း ၀ယ်လို့မရနိုင်ဘူးဆိုတာ မင်းအနည်းနဲ့အများတော့ နားလည်လိမ့်မယ်လို့ထင်ပါတယ်....... .... မန်ယူလို အကြံတူတဲ့လူတွေရှိနေမှန်းလဲသိပါတယ်။ မင်းရဲ့အနားမှာ စည်းကြပ်ဒိုင်တွေရှိလို့ အနီးကပ်တောင်မထိုင်ရဲပါဘူးကွာ... တို့ကို အဖြောင့်တည်ကြည်သဘောနဲ့ ထောင့်တည်ဘော တစ်လုံးလောက်မျှော်လင့်ခွင့်ပေးပါလား.... မင်းရဲ့အချစ်တွေက တို့အပေါ်မှာ ဘလက်ဘန်းလို အရမ်းလန်းနေတော့ တို့ရင်ထဲမှာ ဖူလ်ဟမ်လို လိုအပူကန်နေပါတယ်ချစ်သူရယ်.... မင်းကိုတို့က ဆီနီဂေါ လို တစ်ကယ် အပီပြောမယ်ကြံကာမှ မင်းက ဘရာဇီးလို အထာကြီးနဲ့နေနေတဲ့အတွက် တို့မှာ အင်္ဂလန်လို ရင်ခံနေရပါတယ် ချစ်သူရယ်..... အဲဒီအတွက်မင်းက လစ်ဗျားလို အပြစ်စကားဆိုရင်လဲ တို့လက်ခံပါ့မယ်.... တို့ကမင်းကို ဟော်လန်လို အပျော်ကြံတာမဟုတ်ပဲ ပြင်သစ်လို အရင်ချစ်ခဲ့တဲ့အတွက် မင်းအနားကို ဒိန်းမတ်လို တစ်စိမ်းကပ်တာတောင်မကြိုက်ပါဘူး... ယူဂိုဆလပ်လို အူတိုမတတ်ချစ်ခဲ့ တာကို မင်းကဂရုမစိုက်ပဲ စပါးစ်လို ကုလားတစ်ယောက်နဲ့ စကားပြောနေတ...

တောက်တိုမယ်ရ ဟာသများ

မေမေ့တာဝန်ထားလိုက် " ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ " " လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp အမွေဆက်ခံမိလို့ " ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး " " ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား " " ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp အထင်နဲ့အမြင် " ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား " " ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး " " ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp သိချင်လို့ " ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ " " မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ " " ခင်ဗျားခွေးက...

စလုံးရေ “စ”

စလုံးရေ "စ" ကမ္ဘာက အကောင်းဆုံးလို့ ယူဆထားတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့ "ဒီမိုကရေစီ" ဆိုတဲ့ စနစ်ကို ကျင့်သုံးလာတဲ့ အထဲမှာ မြန်မာနိုင်ငံလဲ အပါအ၀င်ဖြစ်လာပါပြီ။ကျွန်တော် နားလည်တဲ့ "ဒီမိုကရေစီ" ဆိုတာ စည်းကမ်းရှိရှိ လွတ်လပ်ခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်။ စည်းကမ်း မရှိတဲ့ လူ၊နိုင်ငံ၊အဖွဲ့အစည်း ကြာကြာတည်မြဲလေ့မရှိ ပါဘူး။ စည်းကမ်းဆိုတာ ကြိုးတစ်ချောင်း နဲ့တူပြီး အဲဒါက တုတ်နှောင်ဖို့ မဟုတ်ပါဘူး။ အမြင့်ကို တက်ဖို့ပေးထားတဲ့ ကြိုးတစ်ချောင်းပါ။ ဆွဲပြီး တက်ဖို့သာ ကိုယ့်တာဝန်ပါ။ ဘယ်သူကမှ တွန်းတင်မှာ မဟုတ်ပါဘူး။           အရည်အချင်းရှိတဲ့ လူဟာ ထိုက်တန်တဲ့နေရာ ကောင်းကိုရမှာဖြစ်ပါတယ်။ ဒါက ဒီမိုကရေစီပဲ ဖြစ်ပါတယ်လို့ ယူဆမိပါတယ်။ လူပြည်ရောက်တာမှ နှစ်နှစ်ဆယ် ကျော်ရှိသေးတော့ ကြီးပြင်းလာရတဲ့ ခေတ်ကလဲ စစ်အာဏာရှင်စနစ်မှာပါ။ ဒီမိုကရေစီ ဆိုတာ ကျွန်တော် မစားဖူးသေးတဲ့ အရာတစ်ခုပါ။ ဘယ်လိုအရသာ လဲဆိုတာ စာတွေ ရုပ်ရှင်တွေထဲမှာပဲ မြည်းစမ်းဖူးပါတယ်။တစ်ချို့ကချဉ်တယ်၊ တစ်ချို့က ချိုတယ်၊ တစ်ချို့ကငန်တယ် စသည်စသည် ပြောတာကြားခဲ့ရပါတယ်။"ဒီမိုကရေစီ" ရဲ့အရသာကို မခံစားဖူးတာ အမှန်။တိုးတက်တ...