Posts

Showing posts from 2012

ဟန်းဖုန်းတစ်လုံးရဲ့ အသုံးဝင်မှု(ညီနေမင်းမှုမျှဝေသည်။)

(၁) အရေးပေါ် အတွက် keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ (၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစ...

Mobile secrect code

ဒီ code တွေဟာ ဟန်းဖုန်းရဲ့ လျှို့ဝှက်ကုတ်တွေပါ .. ဘယ်ဖုန်းစာအုပ်ထဲမှာမှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး .. service သမားတွေပဲ သိတာပါ ဒီ code တွေကို .. Nokia *#06# for checking the IMEI *#7780# reset to factory settings *#0000# software version *#2820# bluetooth device address sony ericsson ->*<-<-*<-* secret Menu *#06# IMEL number <-**<- Lockstatus (->means press joystick to the right Motorolla *#06# IMEL number [][][]004[]1[] change pin [][][]119[]1[] Enable EFR [][][]###[]1[] Function []means the *key held in until box appear IPHONE SECRET CODES 3001#12345#* and tap Call. Enter Field Mode. Field mode reveals many of the inner settings of your iPhone, specifically up-to- date network and cell information. *#06# Displays your IMEI. No need to tap Call. IMEI is the unique identifier for your cell phone hardware. Together with your SIM information it identifies you to the provider network. *777# and tap Call. Account balance for prepaid iPhone. *225# and tap Call. Bil...

NOKIA SECRET CODES (From Nyi Nay Min)

  *#06# for checking the IMEI (International Mobile Equipment Identity). *#7780# reset to factory settings. *#67705646# This will clear the LCD display *#0000# To view software version. *#2820# Bluetooth device address. *#746025625# Sim clock allowed status. *#62209526# - Display the MAC address of the WLAN adapter. This is available only in the newer devices that supports WLAN like N80 #pw+1234567890+1# Shows if sim have restrictions. *#92702689# - takes you to a secret menu where you may find some of the information below: 1. Displays Serial Number. 2. Displays the Month and Year of Manufacture 3. Displays (if there) the date where the phone was purchased (MMYY) 4. Displays the date of the last repair - if found (0000) 5. Shows life timer of phone (time passes since last start) *#3370# - Enhanced Full Rate Codec (EFR) activation. Increase signal strength, better signal reception. It also help if u want to use GPRS and the service is not responding or too slow. Phone bat...

Love Poems (Only Two)

မကြွေပွင့် ဘယ်သူ့နှုတ်ခမ်းမှ ပန်းပွင့်တယ်လို့………..ကိုယ်မယုံ ချစ်တဲ့သူနှုတ်ခမ်း ပန်းကြာနံ့ထုံ…………. စိတ်ကောက်တော့ ကြာလိုငုံ ရင်ခုန်တော့ ကြာလိုဖူး………….. တစ်ခါနမ်းရုံနဲ့ ပန်းကြာငုံ မကြွေပွင့်ရယ်ကြောင့်…….. (ကိုယ့်မှာတော့….) နေမြင့်လေရူး…………။     ကိုယ်ရံတော် အချစ်မင်းကိုယ့်ကို သေနတ်တစ်လက်ဝယ်ပေးသင့်တယ် ကျည်တစ်တောင့်စီပေါ်မှာ မင်းရန်သူတွေရဲ့နာမည်ကိုရေးပေးလိုက်ပေါ့။ ကျန်တာကတော့ ကိုယ့်လက်ကလေးကို မင်းနမ်းလိုက်ရုံပါပဲ။        ။ ညိုမင်းထက်

ကျွန်ုပ်နှင့် ကျွန်တော့် ၏ အတွေးစများ

အဲဒီနေ့ဟာ 27.3.2012 ရက်နေ့ဖြစ်ပါတယ်။ မှတ်မှတ်ရရအဲ ဒီနေ့ နေရာတော်တော်များများ ရောက်ဖြစ်ခဲ့တဲ့နေ့ လဲဖြစ်ပါတယ်.။ ဦးလေးမွေးနေ့ ဆွမ်းကပ်လို့ ဘုန်းကြီးကျောင်းရောက် တယ် NLD မွဲဆွယ်ပဲရောက်တယ်…။ အစုံရောက်ခဲ့ပါတယ် မအားတဲ့ကြားထဲကပေါ့။ အဲဒီနေ့ဟာ (--)နှစ်မြောက် တပ်မတော်နေ့လည်း ဖြစ်ပါတယ်။ ကျွန်တော်ကြားဖူးသလောက်တော့် ဟိုအရင်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့လို့လဲ ဆိုစမှတ်ပြုခဲ့ကြောင်း မှတ်သားခဲ့ရပါတယ်။ ဘာကြောင့်ပြောင်းသွားလဲတော့ အတိအကျ ပြောနိုင်တဲ့လူ ရှားပါတယ်။ ကျွန်တော့်အထင် တပ်မတော်က နယ်ချဲ့တွေကို တော်လှန်ခဲ့လို့ တပ်မတော်နေ့ လို့ ဂုဏ်ပြုတဲ့အနေနဲ့ တပ်မတော် နေ့ရယ်လို့ ခေါ်တယ်ထင်ပါတယ်။           တပ်မတော်သည် ဒီနေ့ထိ ဘာကြောင့် တည်မြဲပြီး နေပါလိမ့်လို့ တွေးဖူးပါသလား….။ တည်မြဲတာလဲမဆန်းပါ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ စစ်စည်းကမ်းများကြောင့် ယနေ့ထိ မားမားမတ်မတ် ရှိနေခြင်းဖြစ်ကြောင်း ကျွန်တော်ယုံကြည်မိပါသည်။           မည်သည့်အဖွဲ့အစည်းမဆို စည်းကမ်းဆိုတာ ရှိစမြဲပါ။ စည်းကမ်းပိုမိုတင်းကြပ်သော စည်းကမ်း   ပိုမို ကောင်းမွန်သော စည်းကမ်းရှိသော အဖွဲ့အစည်း သည် ကြာရှည် တည်မြဲပြီး အများက လေးစားထောက်ခံကြတာ ဖြစ်တဲ့လို့...

ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူး

ဟာသ   နေရာ ... စိတ္တဇဆေးရုံ> ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?   နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့   ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..   လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"   နောက်တစ်နေ့ ....   နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်   ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်   လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က   ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး   ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း   မစားချင်ဘူးလားကွ" ဟူတည်း။ ဟာသ(၂) လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်  ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့  အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က  နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက်...

ဘောလုံးချစ်သူ(ဟာသ)

Image
အခုစစချင်း မင်းရဲ့အလှတရားကို တို့က ကမ္ဘာဖလားနဲ့ တောင်မလဲနိုင်တဲ့အကြောင်း စပြောပါရစေနော်.... အချစ်ဆိုတာ ရီးရဲမက်ဒရစ်လို ပိုက်ဆံချမ်းသာတိုင်း ၀ယ်လို့မရနိုင်ဘူးဆိုတာ မင်းအနည်းနဲ့အများတော့ နားလည်လိမ့်မယ်လို့ထင်ပါတယ်....... .... မန်ယူလို အကြံတူတဲ့လူတွေရှိနေမှန်းလဲသိပါတယ်။ မင်းရဲ့အနားမှာ စည်းကြပ်ဒိုင်တွေရှိလို့ အနီးကပ်တောင်မထိုင်ရဲပါဘူးကွာ... တို့ကို အဖြောင့်တည်ကြည်သဘောနဲ့ ထောင့်တည်ဘော တစ်လုံးလောက်မျှော်လင့်ခွင့်ပေးပါလား.... မင်းရဲ့အချစ်တွေက တို့အပေါ်မှာ ဘလက်ဘန်းလို အရမ်းလန်းနေတော့ တို့ရင်ထဲမှာ ဖူလ်ဟမ်လို လိုအပူကန်နေပါတယ်ချစ်သူရယ်.... မင်းကိုတို့က ဆီနီဂေါ လို တစ်ကယ် အပီပြောမယ်ကြံကာမှ မင်းက ဘရာဇီးလို အထာကြီးနဲ့နေနေတဲ့အတွက် တို့မှာ အင်္ဂလန်လို ရင်ခံနေရပါတယ် ချစ်သူရယ်..... အဲဒီအတွက်မင်းက လစ်ဗျားလို အပြစ်စကားဆိုရင်လဲ တို့လက်ခံပါ့မယ်.... တို့ကမင်းကို ဟော်လန်လို အပျော်ကြံတာမဟုတ်ပဲ ပြင်သစ်လို အရင်ချစ်ခဲ့တဲ့အတွက် မင်းအနားကို ဒိန်းမတ်လို တစ်စိမ်းကပ်တာတောင်မကြိုက်ပါဘူး... ယူဂိုဆလပ်လို အူတိုမတတ်ချစ်ခဲ့ တာကို မင်းကဂရုမစိုက်ပဲ စပါးစ်လို ကုလားတစ်ယောက်နဲ့ စကားပြောနေတ...

တောက်တိုမယ်ရ ဟာသများ

မေမေ့တာဝန်ထားလိုက် " ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ " " လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp အမွေဆက်ခံမိလို့ " ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး " " ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား " " ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp အထင်နဲ့အမြင် " ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား " " ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး " " ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp သိချင်လို့ " ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ " " မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ " " ခင်ဗျားခွေးက...

စလုံးရေ “စ”

စလုံးရေ "စ" ကမ္ဘာက အကောင်းဆုံးလို့ ယူဆထားတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့ "ဒီမိုကရေစီ" ဆိုတဲ့ စနစ်ကို ကျင့်သုံးလာတဲ့ အထဲမှာ မြန်မာနိုင်ငံလဲ အပါအ၀င်ဖြစ်လာပါပြီ။ကျွန်တော် နားလည်တဲ့ "ဒီမိုကရေစီ" ဆိုတာ စည်းကမ်းရှိရှိ လွတ်လပ်ခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်။ စည်းကမ်း မရှိတဲ့ လူ၊နိုင်ငံ၊အဖွဲ့အစည်း ကြာကြာတည်မြဲလေ့မရှိ ပါဘူး။ စည်းကမ်းဆိုတာ ကြိုးတစ်ချောင်း နဲ့တူပြီး အဲဒါက တုတ်နှောင်ဖို့ မဟုတ်ပါဘူး။ အမြင့်ကို တက်ဖို့ပေးထားတဲ့ ကြိုးတစ်ချောင်းပါ။ ဆွဲပြီး တက်ဖို့သာ ကိုယ့်တာဝန်ပါ။ ဘယ်သူကမှ တွန်းတင်မှာ မဟုတ်ပါဘူး။           အရည်အချင်းရှိတဲ့ လူဟာ ထိုက်တန်တဲ့နေရာ ကောင်းကိုရမှာဖြစ်ပါတယ်။ ဒါက ဒီမိုကရေစီပဲ ဖြစ်ပါတယ်လို့ ယူဆမိပါတယ်။ လူပြည်ရောက်တာမှ နှစ်နှစ်ဆယ် ကျော်ရှိသေးတော့ ကြီးပြင်းလာရတဲ့ ခေတ်ကလဲ စစ်အာဏာရှင်စနစ်မှာပါ။ ဒီမိုကရေစီ ဆိုတာ ကျွန်တော် မစားဖူးသေးတဲ့ အရာတစ်ခုပါ။ ဘယ်လိုအရသာ လဲဆိုတာ စာတွေ ရုပ်ရှင်တွေထဲမှာပဲ မြည်းစမ်းဖူးပါတယ်။တစ်ချို့ကချဉ်တယ်၊ တစ်ချို့က ချိုတယ်၊ တစ်ချို့ကငန်တယ် စသည်စသည် ပြောတာကြားခဲ့ရပါတယ်။"ဒီမိုကရေစီ" ရဲ့အရသာကို မခံစားဖူးတာ အမှန်။တိုးတက်တ...

Nuclear ကကြီး ခခွေး

နျူကလီးယားနည်းပညာ လေ့လာသူများအတွက် အသုံးတည့်မယ်ထင်တာလေးတွေ တင်ပေးလိုက်ပါတယ်။ ဖော်ပြပါ လိပ်စာများမှာ dl ချနိုင်ပါတယ်။ raddecay http://www.esnips.com/doc/9e820703-1e38-4152-aaa6-a26313ef1a67/radd. .. raddecay ကို .rar ဖိုင်အဖြစ်နဲ့ တင်ပေးထားပါတယ်။ .rar ကို ဖြည်လိုက်ရင် raddecay ဆိုတဲ့ ဖိုဒါတစ်ခုရပါမယ်။ အဲဒီဖိုဒါထဲကမှ အက်တမ်ပုံ အလှအပဖန်တီးထားတဲ့ icon လေးကို click လုပ်ပြီး သုံးနိုင်ကြပါတယ်။ PeriodicTable ထဲမှာပါရှိတဲ့ ဓာတုဒြပ်စင်တွေအားလုံးကို အက်တမ်အမှတ်စဉ်အားဖြင့်၊ အက်တမ်အမည်အားဖြင့်၊ သင်္ကေတအားဖြင့် စီစဉ်ပြီး ရှာဖွေရလွယ်ကူအောင် ပြုလုပ်ပေးထားတာတွေ့ရပါတယ်။ ရေဒီယိုသတ္တိကြွ နယူကလိယများကိုလည်း နယူကလိယ ဇယားပုံစံနဲ့ တွေ့နိုင်သလို အိုင်ဆိုတုပ်အမှတ်စဉ်အလိုက် ကြည့်ရှုနိုင်ပါတယ်။ မိမိတွက်လိုရာ ရေဒီယိုသတ္တိကြွ နယူကလိယကို ရွေးချယ်ပြီး ကြာချိန်ကို ထည့်ပေးမယ်ဆိုရင် သတ္တိကြွပြင်းအားကို တွက်ချက်ပေးတဲ့ Radioactive calculation ကဏ္ဍလည်းတွေ့ရပါတယ်။ ကိန်းဂဏန်းနှင့်သာမက ဂရပ်ဖ်အဖြစ်လည်း ထုတ်ခိုင်းလို့ရပါတယ်။ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်အမျိုးမျိုးအတွက် ဓာတ်ရောင်ခြည်အမျိုးအစားအလိုက် စွမ်းအင် စပက်ထရွန်များကိုလည်း ကူးယူနို...

sign out လုပ်ဖို့မေ့ခဲ့တဲ့ အီမေးအကောင့်တစ်ခုခုကို အခြားစက်တစ်လုံးကနေ လှမ်းပိတ်နည်း

Image
ကိုယ့်အကောင့် တစ်ခုခု ဆိုင်ဘာကဖီးမှာ ဖြစ်ဖြစ် အခြားစက်တစ်ခုခု မှာ ဖြစ်ဖြစ် မေ့ပြီး မထွက်ခဲ့မိဘူးလား ...........စိတ်မပူပါနဲ့ ပြသနာရှိရင် အဖြေရှိပါတယ် အခုတင်ပြပေးမယ်နည်းလေးကတော့ ထွက်ဖို့မေ့ခဲ့တဲ့ အကောက်တစ်ခုခုကို အခြားစက်တစ်လုံးကနေ လှမ်းပိတ်တဲ့နည်းပါ ကဲစမယ်နော် မေးလ်ထဲ ပြန်ဝင်လိုက်ပါ sign out gmail remotely ဒီပုလေးအတိုင်း ပြထားတဲ့အတိုင်း Details ဆိုတာလေးကို ကလစ်လိုက်ပါ Gmail Activity Information sign out all other sessions ဆိုတာလေးကိုကလစ်ပေးလိုက်ပါ နောက် gmail password  ကို မြန်မြန်လေး ပြန်ပြောင်းထားလိုက်ပါ Re -  www.vetfamily.org

သတိထားရမယ့် Virus (၉)မျိုး နှင့် သူတို့ရဲ့ အလုပ်လုပ်ပုံ

Image
သင်ဟာ ကွန်ပျူတာ လုံခြုံရေး ခြိမ်းခြောက်မှုအကြောင်းကို အများအပြား မသိဘူး ဆိုရင်တောင်မှ ခြေခံ ဗဟုသုတက အသုံးကျနိုင်ပါသည်။ တခါတရံမှာ သူတို့ရဲ့ အကျိုးဆက်များကို မသိခင် ဘယ်လို အန္တရာယ် ရှိလဲဆိုတာကို သိဖို့ ခက်ခဲပါလိမ့်မယ်။ Computer virus နဲ့အတူ အကျိုးဆက်တွေက တခါတရံမှာ မည်သို့ သင့်ရဲ့ အချက်အလက်တွေ ဆုံးရှုံးပုံ မည်မျှ အထောက်အထားတွေ ခိုးယူမှု ဖြစ်ပုံတို့ ဖြစ်သည်။ ဒါကြောင့် နောက်ကျတာထက်ကို ပိုပြီး သင်ယူဖို့ ကောင်းပါတယ်။ ၁။Boot Sector Virus   မူလ MS-DOS မှလာသော ယေဘုယျ အမည်ကို "boot sector" ဟု သတ်မှတ်သည်။ သို့ပေမယ့် ယခုအခါ ဘယ် operating system မှာ ဖြစ်ဖြစ် ယေဘုယျအားဖြင့် boot information ကို အသုံးပြုခဲ့သည်။ Modern computer များမှာ အထူးသဖြင့် "master boot record" ဟုခေါ်ပြီး ၎င်းသည် partitioned storage device တစ်ခုပေါ်က first sector ဖြစ်သည်။ Computer ကို boot တက်စေရန် floppy disks ကို အသုံးပြုခြင်းကြောင့် boot sector virus ဟာ ကျော်ကြားလာပါသည်။ Internet အသုံးပြုမှု ကျယ်ပြန့်လာခြင်းနှင့် virus ကူးစက်ခြင်းခံရတဲ့ floppy တွေကြောင့် virus ပျံ့နှံ့မှုဟာ ပိုပြီး အကျ...

တန်ဖိုးထားအပ်သော လူ(၁၀)မျိုး

တန်ဖိုးထားအပ်သော လူ(၁၀)မျိုး   1. သင်တကယ်ချစ်တဲ့သူနဲ့ တွေ့တဲ့အခါ ...သူနဲ့ အဖော်ပြုပေးဖို့ကြိုးစားပါ၊     အကြောင်းက သူသင့်နားက ထွက်ခွာသွားမှ နောင်တရမှာ စိုးလို့ပါ။   2.ယုံကြည်ရတဲ့ မိတ်ဆွေနဲ့ ဆုံတဲ့အခါ...သူနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ၊    အကြောင်းက လူ့ဘ၀ တစ်သက်တာမှာ စစ်မှန်တဲ့လူနဲ့ တွေ့ဖို့ ခဲယဉ်းလို့ပါ။   3.လောကမှာ တန်ဖိုးထားအပ်တဲ့ လူနဲ့ တွေ့တဲ့အခါ...သူ့ကို ကျေးဇူးတင်ပါ...    အကြောင်းက သူဟာ သင့်ရဲ့ ကံကြမ္မာ အပြောင်းအလဲ ကို သယ်ဆောင်ပေးမဲ့သူဖြစ်နေလို့ပါ။   4.သင်ချစ်ဖူးခဲ့တဲ့ သူနဲ့ တွေ့တဲ့အခါ ... အမှတ်တရနဲ့  သူ့ကို ကျေးဇူးတင်ပါ...    အကြောင်းက သူဟာ သင့်ကို အချစ်ဆိုတာ နားလည်စေခဲ့လို့ပါ။   5.သင်မုန်းခဲ့တဲ့ သူနဲ့ တွေ့တဲ့အခါ... ၀မ်းသာအားရနှုတ်ဆက်ပါ...    အကြောင်းက သူက သင့်အတွက် ခွန်အားတွေပေးခဲ့လို့ပါ။   6.သင့်ကို သစ္စာဖောက်ခဲ့တဲ့ သူနဲ့တွေ့တဲ့အခါ... သူနဲ့ ကောင်းကောင်းစကားပြောပါ...    အကြောင်းက သူသာ မရှိခဲ့ရင် သင်ဟာ ဒီလောကကြီး အကြောင်းကို နားလည်မှာမဟုတ်ခဲ့လို့ပါ။   7.သင်တိတ်တခိုး ချစ်ခဲ့ဖူးသူနဲ့ တွေ့တဲ့အခါ... သူ့ကံကောင်းဖို့ ဆုတောင်းပေးပါ...    အကြောင်းက သင် သူ့ကို သဘောကျစဥ...

deep freeze ကို hack ကြရအောင်

(1)တစ်နည်းကတော့ ဆော့ဝဲကိုသုံးတာပါ။ (၂)နောက်တစ်နည်းကတော့အောက် ပါအတိုင်းဖြစ်ပါတယ်။ 1. ကွန်ပျူတာကို restart လုပ် CMOS ထဲကိုဝင် ခုနှစ်ကို ပြီးခဲ့တဲ့ 10 နှစ်လောက်ထိ ပြောင်းပေါ့ (ဥပမာ - 2000) 2. ပြီးရင် Windows မတက်ခင် F8 နှိပ် Safe Mode နဲ့ဝင်ပါ။ 3. Windows တက်လာရင် Ctrl+Alt+Del နှိပ်ပီး DFServ.exe , FrzState2k.exe ဆိုတဲ့ Process နှစ်ခုကို End Process လုပ်လိုက်။ 4. နောက်ပြီး registry editor မှာ အထက်က နာမည် နှစ်ခုနဲ့ ပါတာအကုန်ကို ဖျက်ပစ်။ 5. C:\Program Files\Faronics\Deep Freeze အောက်က ဖိုင်အကုန်လုံးကို ဖျက်ပစ်။ 6. Run> msconfig ရိုက် service အောက်က DFServ service ကို အမှန်ချစ်ဖြုတ်ပေး။ 7. Restart ချပါ။ CMOS မှာ ခုနှစ်ကိုပြန်ပြင်လိုက်ပါ။ ဒါဆို DeepFreeze ပြုတ်သွားပီ။

ရုရှားရောက်ပြည်ချစ်သားများ၏ အချစ်ဇတ်လမ်းများ(မမ ညီမတွေအတွက်)

ယနေ့ ခေတ်စားနေကြသော အွန်လိုင်း အချစ်ဇတ်လမ်းများနှင့် စိတ်မကောင်းစရာ ရင်နင့်ဖွယ် အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို မြင်တွေ့ရ ကြားသိရသမျှ နားမဆံ့တဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ကျမ ပြောချင်တဲ့ အဓိက ဇတ်ဆောင်များကတော့ တိုင်းပြည်ဘဏ္ဍာနှင့် ပညာ သင်ကြားနေကြသော ရုရှားနိုင်ငံမှ ပြည်ချစ်သားများနှင့် နိုင်ငံတကာမှ ညီမများ မမများပါပဲ။ အခုလို ရေးရတဲ့ အတွက် မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်နစ်နာ လိုစိတ်မရှိပါ။ မိန်းမသားများ အတွက် အသိပညာပေးလိုသော စေတနာသာ ပါဝင်ပါတယ်။ ဖြစ်ပုံများကတော့ .... ၂၀၀၉ နှစ်ရဲ့ ဧပြီလလောက် ကပေါ့..... စကာင်္ပူက ပီအာ ရပြီးသား ညီမလေး တစ်ယောက် ကျမကို ဖုန်းဆက်လာတယ်။ မမရယ် ကူညီပါအုံးတဲ့ ... သူ့ချစ်သူက သူ့ကို အတွေ့မခံပဲ ရှောင်နေလို့ပါတဲ့လေ။ ကျမသိသလောက် သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းက အွန်လိုင်းကနေတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ကောင်လေးကတော့ မော်စကိုမှာ စာသင်နေတဲ့ စစ်ဗိုလ် ဆရာဝန်တစ်ယောက်ပေါ့...။ ဒီလောက်ဆို စာဖတ်သူများ နားလည် သဘောပေါက်လောက်ပါပြီ။ သူတို့နှစ်ဦး အကြောင်းကို နှစ်ဖက် မိသားစုများကအစ သိထားကြပါတယ်။ ကောင်လေးကတော့ နယ်မြို့တစ်မြို့ကပါ...

ဒီအတိုင်းပဲကောင်းပါတယ်

ဒီအတိုင်းပဲကောင်းပါတယ်           နွေရာသီနားနီးကပ်လာလေလေ လေရူးသုန်သုန်တိုက်ခတ်မှုကြောင့် စိတ်တွေလေပြီး ကျွန်တော်ကျောင်းပြေး တဲ့နေ့တစ်နေ့ပေါ့ဗျာ။ မန်ကျည်းပင်တွေထက်က ဥသြငှက်လေးတွေ ဘာသာဘာဝ တွန်ကြူးနေတာကို မဆီမဆိုင်စိတ်လေပြီး ကျောင်းလစ်လာခဲ့ပါတယ်။ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး လမ်းခွဲလာခဲ့ပြီး ကိုယ့်အဆောင်ကိုယ် ပြန်အိပ်အုန်းမှပဲဆိုတဲ့အတွေးနဲ့ ကျောပိုးအိတ်လေးလွယ်ပြီး အသော့နှင်လာခဲ့တယ်။           အိပ်ရာနိုးရင် ဘော်ဒါတွေဆီသွားလည်မယ် ဘာညာဆိုပြီး Plan ချထားပြီးသားပါ။အဆောင်နဲ့ ရွှေသာလျောင်းနဲ့နီးတော့ မော့ကြည့်ပြီး ကြည်ညိုမိပါသေးတယ်။အင်း…………စိတ်ပြေလက်ပြေ မင်းရဲ ဆည်ဘေးထိုင်အုန်းမှပဲ ဆိုပြီး လက်ပံပွင့်တွေရဲရဲနီနေတဲ့ ဇော်ဂျီရေကိုထိုင်ကြည့်ပြီး ဆွေးမိပါသေးတယ်။ကလေးတွေကလဲရေကူးပြီး လက်ပံပွင့် လိုက်ကောက်နေတာကို ကြည့်ရင် ရောယောင် ပျော်ရွှင်နေမိပါသေးတယ်။           ကဲအလွမ်းဇာတ်တွေ ကားလိပ်ချမှဖြစ်ပေဦးမယ် ဆိုပြီး ဖွားဘက်တော်(လွယ်အိတ်)ကိုကောက်လွယ်ခဲ့ပြီး အဆောင်ကို လျောက်လာခဲ့ပါတယ်။အဆောင်ရောက်တော့ အိပ်မယ်လှဲနေပြီးမှ "ပူလှပါပေ ရွှေဆည်မြေ" ဆိုတဲ့အတိုင်း (ကိုယ့်ဘာသာစပ်ထားတာပါကဗျာက) အိပ်မပျော်ပဲချွေးတလ...

ကြိုက်မိသောကဗျာများ

ထလော့ မြန်မာ ၁။       ထလော့မြန်မာ-အိုမြန်မာတို့ ဒို့ရွာဒို့မြေ-ဒို့ရွာမြေ၀ယ် စေတီစပါး-များလဲများ၏ များပဲလေလဲ-တမွဲမွဲနှင့် ဆင်းရဲကသာ-ကာလကြာလျှင် ရာဇကာမျိုး-တညှိုးညှိုးနှင့် ပုထိုးမြင့်ဟောင်း-ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျှက်-မစားလေရ၀မ်းမ၀၍ ဆွမ်းမျှမတင်နိုင်-ရှိမည်တည်း။   ၂။        ထလော့မြန်မာ-အိုမြန်မာတို့           ဒို့ရွာဒို့မြေ-ဒို့ရွာမြေ၀ယ်           ရေချိုသောက်ရန်-မြစ်ချောင်းကန်နှင့်           သီးနှံချိုပြား-များလဲများ၏           များဘိလေလဲ-တမွဲမွဲနှင့်           ဆင်းရဲကသာ-ကာလကြာလျှင်           မြင်သာမြင်ရ-မစားရ၍           တောကပြိတ္တာ-ဖြစ်မည်တည်း။ ၃။        ထလော့မြန်မာ-မြန်မာထလော့           အားမပျော့နှင့်-မလျော့လုံ့လ           ကိုယ်ကစ၍-ငါကအားလုံး           လက်ရုံးများမြောင်-ဥာဏ်များမြောင်နှင့်           ဆောင်ကြလေ-ဆောင်ကြလေလော့           ဤမြေဤရွာ-ဘယ်သူ့ရွာလဲ           ဤသာသနာ-ဘယ်သူ့သာသနာလဲ           ထလော့တာဝန်-ကျေလော့လုပ်ငန်း           ဥာဏ်ရှေ့မှန်း၍-တ၀မ်းတစိတ်ညီစေသတည်း။       ဇော်ဂျီ       နိုဝင်ဘာနဲ့တူတဲ့ ကေ...