Nuclear ကကြီး ခခွေး
နျူကလီးယားနည်းပညာ လေ့လာသူများအတွက် အသုံးတည့်မယ်ထင်တာလေးတွေ တင်ပေးလိုက်ပါတယ်။ ဖော်ပြပါ လိပ်စာများမှာ dl ချနိုင်ပါတယ်။ raddecay http://www.esnips.com/doc/9e820703-1e38-4152-aaa6-a26313ef1a67/radd. .. raddecay ကို .rar ဖိုင်အဖြစ်နဲ့ တင်ပေးထားပါတယ်။ .rar ကို ဖြည်လိုက်ရင် raddecay ဆိုတဲ့ ဖိုဒါတစ်ခုရပါမယ်။ အဲဒီဖိုဒါထဲကမှ အက်တမ်ပုံ အလှအပဖန်တီးထားတဲ့ icon လေးကို click လုပ်ပြီး သုံးနိုင်ကြပါတယ်။ PeriodicTable ထဲမှာပါရှိတဲ့ ဓာတုဒြပ်စင်တွေအားလုံးကို အက်တမ်အမှတ်စဉ်အားဖြင့်၊ အက်တမ်အမည်အားဖြင့်၊ သင်္ကေတအားဖြင့် စီစဉ်ပြီး ရှာဖွေရလွယ်ကူအောင် ပြုလုပ်ပေးထားတာတွေ့ရပါတယ်။ ရေဒီယိုသတ္တိကြွ နယူကလိယများကိုလည်း နယူကလိယ ဇယားပုံစံနဲ့ တွေ့နိုင်သလို အိုင်ဆိုတုပ်အမှတ်စဉ်အလိုက် ကြည့်ရှုနိုင်ပါတယ်။ မိမိတွက်လိုရာ ရေဒီယိုသတ္တိကြွ နယူကလိယကို ရွေးချယ်ပြီး ကြာချိန်ကို ထည့်ပေးမယ်ဆိုရင် သတ္တိကြွပြင်းအားကို တွက်ချက်ပေးတဲ့ Radioactive calculation ကဏ္ဍလည်းတွေ့ရပါတယ်။ ကိန်းဂဏန်းနှင့်သာမက ဂရပ်ဖ်အဖြစ်လည်း ထုတ်ခိုင်းလို့ရပါတယ်။ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်အမျိုးမျိုးအတွက် ဓာတ်ရောင်ခြည်အမျိုးအစားအလိုက် စွမ်းအင် စပက်ထရွန်များကိုလည်း ကူးယူနို...