ကြိုက်မိသောကဗျာများ
ထလော့ မြန်မာ ၁။ ထလော့မြန်မာ-အိုမြန်မာတို့ ဒို့ရွာဒို့မြေ-ဒို့ရွာမြေ၀ယ် စေတီစပါး-များလဲများ၏ များပဲလေလဲ-တမွဲမွဲနှင့် ဆင်းရဲကသာ-ကာလကြာလျှင် ရာဇကာမျိုး-တညှိုးညှိုးနှင့် ပုထိုးမြင့်ဟောင်း-ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျှက်-မစားလေရ၀မ်းမ၀၍ ဆွမ်းမျှမတင်နိုင်-ရှိမည်တည်း။ ၂။ ထလော့မြန်မာ-အိုမြန်မာတို့ ဒို့ရွာဒို့မြေ-ဒို့ရွာမြေ၀ယ် ရေချိုသောက်ရန်-မြစ်ချောင်းကန်နှင့် သီးနှံချိုပြား-များလဲများ၏ များဘိလေလဲ-တမွဲမွဲနှင့် ဆင်းရဲကသာ-ကာလကြာလျှင် မြင်သာမြင်ရ-မစားရ၍ တောကပြိတ္တာ-ဖြစ်မည်တည်း။ ၃။ ထလော့မြန်မာ-မြန်မာထလော့ အားမပျော့နှင့်-မလျော့လုံ့လ ကိုယ်ကစ၍-ငါကအားလုံး လက်ရုံးများမြောင်-ဥာဏ်များမြောင်နှင့် ဆောင်ကြလေ-ဆောင်ကြလေလော့ ဤမြေဤရွာ-ဘယ်သူ့ရွာလဲ ဤသာသနာ-ဘယ်သူ့သာသနာလဲ ထလော့တာဝန်-ကျေလော့လုပ်ငန်း ဥာဏ်ရှေ့မှန်း၍-တ၀မ်းတစိတ်ညီစေသတည်း။ ဇော်ဂျီ နိုဝင်ဘာနဲ့တူတဲ့ ကေ...