အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ
အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။ သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။ မိမိကိုယ်မိမိ ပြန်လည်စစ်ဆေးသုံးသပ် ဝေဖန်သင့်ပါသည်။ဤနေရာတွင် စာရေးသူသည် လောကီရေးရာလူမှုဘ၀ဟူသော ဘောင်အတွင်း မှ ရှုမြင်သုံးသပ် ရေးသားသွားရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ငွေ သည် လူတို့၏နေ့စဉ်ဘ၀ တွင်အရေးပါသော ကိရိယာတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့၏ဓန (Wealth) ကိုလည်း ငွေ နှင့်သာ တိုင်းတာကြပါသည်။ ထို့ကြောင့် ဆင်းရဲခြင်းလွတ်ကင်းအောင် နည်းလမ်းစဉ်းစားရာတွင် ငွေရှာဖွေခြင်းနှင့် ငွေသုံးစွဲခြင်းသည် အဓိက စဉ်းစားရမည့် ဦးစားပေး အချက်တစ်ရပ်ဖြစ်လာပါသည်။ အထူးသဖြင့် စီးပွားရေးကျဆင်းနေသော ယခုအခါမျိုးတွင်၏ လူတိုင်းလူတိုင်း ဆင်းရဲခြင်း လွတ်ကင်းအောင် ကြိုးပမ်းလိုကြပေသည်။ ဆင်းရဲခြင်းလွတ်ကင်းအောင် ဟူ၍ဆိုလိုက်လျှင် ေ...