software fullversion
ကြိုက်တဲ့ Software တွေကို အမြဲတမ်းသုံးလို့ရအောင် September 1, 2011 ရက် ၊ 10:02am တွင် December Mgmg ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ စာပို့ရန် View Blog ဒီဆောပ်ဝဲလ်ကို ကျွန်တော်တွေ့တွေ့ချင်း ဘယ်လိုသုံးမှန်းကို မသိဘူး ။ လိုက်ပြီးတော့ လေ့လာတော့မှ ကောင်းကောင်း သိတာ ။ အဲဒီတော့မှ ဆောပ်ဝဲလ်နာမည်နဲ့ အာနိသင်နဲ့တူနေတာပါကိုး ဆိုပြီးတော့ပေါ့ဗျာ ။ ဟုတ်ပါတယ်ဗျာ .... ။ ဒီဆောပ်ဝဲလ်ကို ဘယ်လိုအသုံးဝင်လဲဆိုရင်..... တစ်ချို့ဆောပ်ဝဲလ်တွေက ရက်ပေါင်း သုံးဆယ်ပဲ အလကားပေးသုံးတယ် ။ ရက်သုံးဆယ်ပြည့်ရင် Register လုပ်ခိုင်းတယ် ။ မလုပ်ရင် သုံးလို့မရတော့ဘူးပေါ့ ။ ဒီဆောပ်ဝဲလ်က အချိန်ကို ဆွဲထားတဲ့ ဆောပ်ဝဲလ်ပါ ။ ဥပမာ ဆောပ်ဝဲလ်ကို သုံးတာ ရက်သုံးဆယ်ပဲ ရမယ်ပေါ့ .. ... အဲဒါကို ဒီဆောပ်ဝဲလ်က သုံးဆယ်မတိုင်ခင် ဘယ်နှစ်ရက်ပဲပဲထားထား ထားလိုက် ။ အချိန်က သေသွားသလိုမျိုးပေါ့ ။ အဲဒီအချိန်မှာပဲ ရပ်သွားသလိုမျိုး ။ ဒီဆောပ်ဝဲလ်က အဲလိုလုပ်ပေးတာ ။ ရက်သုံးဆယ်မရောက်နိုင်တော့တဲ့သဘောပါ ။ ရှင်းရင်းရှင်းရင်းနဲ့ နားပိုရှုပ်နေဦးပါမယ် ... သုံးသာသုံးကြည့်လိုက်ပါဗျာ ။ ...