Posts

Showing posts from March, 2011

ရောက်တက်ရာရာများ.......အကျိုးရှိမယ်ထင်ပါတယ်။

Image
www.slip-meepyatite.blogspot.com/ = SLIP MEE PYA TITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://www.meepyatite.info/ = မီးပြတိုက်= ကွန်ပျူတာနည်းပညာနှင့်အထွေထွေ ဗဟုသုတများလေ့လာရန်။ http://www.kyawswarnyein.com/ = ကိုကျော်စွာငြိမ်း = ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://cadmyanmar.blogspot.com/ = CAD MYANMAR= အော်တိုကတ်နည်းပညာများလေ့လာရန်။ http://blog.nyilynnseck.com/ = ညီလင်းဆက်=ကွန်ပျူတာနည်းပညာများ လေ့လာရန်။ www.mone-tine.com/ = မုန်တိုင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://www.sbsangpi.com/ = IT RESHARE SITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.kp3family.blogspot.com/ = KP3 FAMILY=ကွန်ပျူတာနည်းပညာများလေ့ လာရန်။ www.nyinaymin.com/ = ညီနေမင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.knowledgewar07.com/ = ကိုမိုးထက်မြင့်= ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.soemin.net/ = ကိုစိုးမင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.kozaw357.multiply.com/ = ကိုဇော်= ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.htootayzar.com/ = ထူးတေဇာ= ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://mmshare.org/ = MM SHARE...

မီးပင်လယ်၌စီးမြောခြင်း

Image
မီးပင်လယ်၌စီးမြောခြင်း ထိတွေ့မှုအကုန်လုံးကလဲပူလောင် နေတယ် လူတိုင်းကလဲမီးပင်လယ်ထဲမှာ စီးမြောနေတယ်.... ပူလောင်လိုက်တာလဲလွန်လို့....... တချို့ကလဲစုန်ဆင်းနေတယ်.....တချို့ကလဲ ဆန်ကူးနေတယ် အထက်ကိုရောက်ချင်ရင်တော့် ဆန်တက်ရမှာပဲ ပူလောင်နေမှာချင်းအတူတူတော့်... ကိုယ်ကအထက်ကိုရောက်ချင်တာကိုး...ဟုတ်ဘူးလားကိုယ့်လူ.....? ကျွန်တော်လဲအထက်ရောက်ချင်တော့် ဆန်တက်နေမိတယ် ပူလိုက်တာလဲလွန်လို့ လောင်ကျွမ်းကုန်ပီအသားတွေလဲ..... ပန်းတိုင်တစ်ခု(သို့)နားခိုရာတစ်ခုရှာမိတယ်.... တွေ့တယ်ဗျ...ကျွန်းလေးတစ်ခုပဲ သိပ်သာယာတာဗျ.... ကဲရည်မှန်းချက်ပန်းတိုင်လဲတွေ့ပြီ..... ကူးခတ်ဖို့ပဲကျန်တော့်တယ်.. အရိုးကြေကြေအရည်ခန်းခန်း ကူးခတ်နေမိတယ်..... တချို့လဲကံကောင်းလိုက်ပုံများ သဘောင်္တွေနဲ့ လေတွေတောင်ချွန်လို့....သီချင်းလေးညီးလို့ အေးလေကိုယ့်ဘ၀နဲ့ကိုယ်ကိုး..... ဘာတက်နိုင်မှာလဲ.... ကိုယ်ပန်းတိုင်ကိုပဲ..မမှိတ်မသုံကူးနေဖို့ပဲရေးကြီးတယ်မဟုတ်ဘူးလား.... ဒီလိုပါပဲ.....လူလောကဇာတ်ခုံက ပူလောင်တဲ့လောဘ၊မောဟ၊ဒေါသတွေ.. ကို ဆန့်ကျင်ပီးကူးနေရတာပဲမဟုတ်လား....? တစ်ချို့ကလဲ...လောဘ၊မောဟ၊ဒေါသတွေ..နဲ့မြှောလိုက်နေကြတယ်... ကျွန်တော့်တော့်ဘယ်လောက်ပင်ပူလောင်ပါစေ ...

ပိတ်ထားတဲ့ဆိုဒ်တွေကိုဖွင့်တဲ့ တခြားနည်းလေးပါ...

Image
p> Access Denied ဖြစ်နေတဲ့ဆိုဒ်တွေထဲမှာအချို့တကယ်အသုံးဝင်မယ့် ဆိုဒ်တွေကလဲ မနည်းလှပါဘူး..ဒါကြောင့် ကိုယ့်အတွက် အကျိုးရှိစေမယ့် ဆိုဒ်တွေကပိတ်နေရင်...ပိတ်နေတဲကဆိုဒ်တွေ( Access Denied ) ဖြစ်နေတဲ့ဆိုဒ်တွေကို proxy website တွေမသုံးပဲ ကျော်ကြည့်လို့ရမယ့်နည်းလမ်းလေးပါ... ဒီနည်းလမ်းလေးက ip block ခံထားရတဲ့ ning ဆိုဒ်အချို့ကိုတောင် ကြည့်လို့ရတယ်..အထင်တော့မသေးနဲ့နော်...သိပြီးပြီးဆိုရင်တော့လဲ......ဆရာလုပ်တယ်မထင်ပါနဲ.။မသိတဲ့သူတွေအတွက်   ရည်ရွယ်ပြီးတော့ ရေးပေးလိုက်တာပါ။အရင်ဆုံး  Mozilla Firefox addon လေးတစ်ခုကို download လုပ်ဖို့တော့လိုမယ်နောိdownload lind >>>       https://addons.mozilla.org/en-US/firefox/addon/5833/   br/> အခုပေးတဲ့လင့်ကနေ download လုပ်ပြီး Firefox မှာတက်လိုက်ဗျာ....addon  ကိုအသုံးပြု့ဖူးတဲ့သူတွေကတော့ ဘယ်လို instill လုပ်ရမယ်ဆိုတာသိပါလိမ့်မယ်.... မသိတဲ့သူများအတွက်ဘယ်လိုလုပ်ရမယ်ဆိုတာ ကို ရှင်းပြပေးပါ့မယ်.... အခုပေးထားတဲ့ link ကနေ download လုပ်လိုက်မယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း box ကလေးတစ်ခုကျလာပါလိမ့်မယ်..... ၅ စက္ကန့်လောက်စောင့်လိုက်မယ်ဆိုရင် insill ဆိုတဲ့ စ...

သေလူ

ငါဟာ မြားတစ်လက်ဖြစ်ခဲ့ဖူးတယ် ဒါ ပေ မယ့် . . . ဘယ်ဝါးကျည်ထောက်ကိုမှ ဒူးမထောက်ခဲ့ဖူးဘူး။ ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ် ဒါ ပေ မယ့် . . . ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက် မနေခဲ့ဖူးဘူး။ နောက်တော့ … ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ် ငါ့ကိုယ်ငါ ပြန်ဖတ်လို့ မရတော့ဘူး။ အဲဒီလိုနဲ့ ငါဟာ အရက်တစ်ပုလင်း ဖြစ်သွားတယ် ငါ့ကို ဘယ်သူက ဝင်ပလုပ်ကျင်းမလဲဆိုတာကို … စောင့်နေတယ်… ။ ။ (တာရာမင်းဝေ)

ကျောင်းသားအတ္ထုပ္ပတ္တိ

(၁) မင်းရဲ့ ရုပ်အလောင်းဟာ ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ် အမှောင်စုန်းစုန်းမှာ အရာအားလုံး မေ့ဖျောက်ပစ် နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ် အက်ကွဲနေသောလက်များနဲ့ ဘုရားသခင်ထံငါတို့ဆုတောင်း မင်း.. ကောင်းရာသုဂတိလားပါစေ..လို့ ငါတို့ရဲ့ သွေးတစ်စက်ကို ထက်ဝက်ခွဲ မင်းခံတွင်းထဲ တဲတဲလေးလျှောချကြည့်ယင် နှုတ်ခမ်းသေများက ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည် ဒီ..မို..က..ရေ..စီ.. ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ် ညီလေးရယ် ရနိုင်မယ်ဆိုယင် မင်းရဲ့အရိုးတစ်မှုံကို နိဗ္ဗာန်ဘုံအထိယူပြီး ဘုရားရှင်ကို ပြကြည့်ချင်တယ်.. မင်းဟာ သူရဲကောင်းလေးဖြစ်တယ် မင်းဟာ အာဇာနည်လေးဖြစ်တယ် မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။ (၂) ရေငတ်သလို.. ငတ်ခဲ့ရတဲ့ ဗမာပြည်က "လူ့အခွင့်အရေး"ဟာ အကျဉ်းထောင်ထဲမှာ သင်္ချိုင်းမြေမှာ တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်.. မင်း.. စွန့်ခွာခဲ့တဲ့ စာသင်ကျောင်းကလေး မင်းသတင်းတွေ မေးနေပြီ မင်းရဲ့ စာအုပ်ဟောင်းထဲမှာ ဆရာမရဲ့ မှတ်ချက်... မင်းအတွက်... "နောက်ထပ်စာအုပ်အသစ်လဲပါ" တဲ့ စာအုပ်မလုံလောက်မှု ဖောင်တိန်မလုံလောက်မှု မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့ ...

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။ လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ။ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွတ်ကား မညွတ် ။ ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။ သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။ သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း ။ ။ သခင်အောင်ဆန်း(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု) လောကလေးဆိုဒ်မှကူးထားတာပါ ကျွန်တော်လဲကြိုက်လို့ပါ

ဘ၀များကိုယူပေးသူ(၀ါ)ဗိုလ်ချူပ်အောင်ဆန်း

ဦးဆောင်သူပျောက် ထီးနန်းသူတပါး ဖျောက်တဲ့အချိန် အရိုးကိုခြေ အရေကိုစုတ် ကျွန်လုပ်ခံရ တို့ဘ၀။ ထိုစဉ် ကျောင်းသားပေါင်းစု အကြောင်းပြုလို့ ဇာတိမာန်ကြွ တော်လှန်ကြ၀ယ်။ ရဲဘော်သုံးကျိပ် မာန်ကိုနှိမ့်လျက် ဒုက္ခတွေခံ နီပွန်ဒဏ်ကို။ ဗိုလ်တေဇခေါ် ဤရဲဘော်မှာ ရေရှည်ထောက်ချင့် မကြောက်ရွံ့ပဲ လွတ်လပ်နိုင်အောင် ရိုးဂုဏ်ပြောင်စွာ ယူပေးဘ၀ မမေ့ကြနဲ့။ posted by lawka

internet ချစ်သူ (ဟာသအနေနဲ့ရေးထားတာပါ)

ဒီလိုအိုင်တီ ခေတ်ကြီးထဲမှာ..... ဘာမှမသိတဲ့ငါကို မင်းကကွန်ပစ်တာ လာသင်ခိုင်းနေတယ် ကိုယ်တံငါသည်မလုပ်ချင်ဘူးကွာ..... ဒါကြောင့်မင်းကငါ့ကို Google လိုဒူတယ်ပြောပီး Yahoo! လိုအရူးလို့အမွှန်းတင်သွားသေးတယ်..... ငါ့အချစ်ကို youtube လိုလူထုကမထောက်ခံပေမဲ့..... မင်းအကြောင်းကို ငါက Wikileak လိုအကုန်သိတယ်...ကွ မင်းငါ့အချစ်ကို ပေါ့ပျက်ပျက်ထင်ပီး free download ရမယ်ထင်လား.....Access is Denied ပဲ....... Proxy ကျော်ဖွင့်လို့ရရင်ရမယ်..... full version မရဘူး trial version ပဲရမယ်...သိလား မင်းကများငါ့ကို စွပ်ဆွဲသေးတယ် Utunnel လိုကျူပြန်တယ်တဲ့ ဝေးသေးတယ်ကောင်မလေး... ငါက လဲ ptunnel လိုအရီသန်တယ်ကွ...သိလား မင်းက virus လိုအမျိုးမျိုးပြောင်းလဲပီး.....Anti-virus မရှိရင်မင်းကို အရူံးပေးရမယ်ထင်တယ်.... ငါကလဲမင်းကို Mozilla လိုတော်ကီမပါပဲပြောလိုက်မယ် မင်းကို ချစ်ပါတယ်...... မုန်းမယ်ဆိုရင်တော့် ငါက free talky ကနေညည်းတော်ပီလို့ပြောလိုက်ချင်တယ်...။ မင်းနှလုံးသားက ငါနဲ့တွေ့ရင် Gmail လို Delay ဖြစ်နေတယ်.....။ ငါကလဲမင်းကိုGmailညာနေသည်Gtalkလိမ်နေသည် VZOရန်တိုက်ပေးနေသည်Onlineပေါ်မှအကျူဇယားများမယုံလေနဲ့သတိထားလို့ပြောလိုက်ချင်တယ်.......

ဖောမက် ချနည်းတမျိုး..

တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး … Virus ကိုက်သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။  အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။ အောက်ကနည်းလေးကတော့ …….USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။ ၁။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား … ။ ၂။ အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။ အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ပါ..ရောက်ရင် ညဘက်မှာ.. Device Drive ဆိုတာလေး တွေ့ပါမယ် …။  အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့ပါလိမ့်မယ် .. ။ ၃။ တွေ့ပြီဆိုရင် USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် .. "Optimize for quick removal" နဲ့ "Optimize for performance" ဆိုပြီး .. ။  အဲဒီမှာ "Optimize fo...