Subscribe:

Blogroll

Related Posts Plugin for WordPress, Blogger...

Labels

Followers

Saturday, December 3, 2011

မြန်မာလူငယ်တွေ personality ကောင်းမွန်နိုင်ဖို့ .......

ကျွန်တော် မအားတာနဲ့ ပိုစ့် လေးတွေမရေးဖြစ်တာကြာပါပြီ။

ဒီ ပိုစ့်လေးကို ရေးမယ်လို့ စဉ်းစားမိတော့ တော်တော် ချိန်ဆရပါတယ်။

ဘာလို့လဲ ဆိုတော့ သဘောထားမကိုက်ညီသူတွေလည်းများနိုင်တာကြောင့်ပါ။

Personality ဆိုတာ ကျွန်တော် နားလည်သလောက်ပြောရရင်တော့ ကိုယ်ရည်ကိုယ်သွေး၊

ပင်ကိုယ်စရိုက်လို့ ပြောလို့ရမယ်ထင်ပါတယ်။

ဒါပေမယ့် လူတစ်ယောက်ဟာ မိမိရဲ့ personality ကို ထူးခြားကောင်းမွန်လာအောင် လေ့ကျင့်

ပျိုးထောင်နိုင်တယ်လို့ ထင်ပါတယ်။

လူ တစ်ယောက်ရဲ့personality ကို သူ့ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင် အရ အကဲခတ်လို့

ရနိုင်ပါတယ်။ အပြောအဆို ယဉ်ကျေးသလား? ရိုင်းစိုင်းသလား?ဆိုတာ တွေ့ကြုံတာနဲ့အကဲခတ်လို့ ရနိုင်ပါတယ်။

ဒါ့ အပြင် ၀တ်စားဆင်ယဉ်မှုကလည်း လူတစ်ယောက်ရဲ့personality ကိုဖော်ပြနိုင်ပါတယ်။

ဒီနေရာ မှာကျွန်တော် ၀တ်စားဆင်ရင်မှုလေးကို မီးမောင်းထိုး ပြောပြချင်ပါတယ်။

လူငယ်ဆိုတာ လွတ်လပ်မှု ကို ခုံမင်တပ်မက်ကြပါတယ်။ ကျွန်တော်တို့ လည်းဖြတ်သန်းလာခဲ့ကြပါတယ်။

လူကြီးတွေက တားဆီးရင်ချုပ်ချယ်တယ်လို့ ထင်ပါတယ်။ မသင့်တော်ဘူးလို့ တားမြစ်ရင်

ခေတ်နောက်ပြန်ဆွဲနေတယ်လို့ ယူဆကြပါတယ်။ ဥပမာ-လူကြီးနဲ့လူငယ် အဓိကပြသနာတက်ကြလေ့

ရှိတာက ရည်းစားထားတာအပြစ်လား?ဆံပင်အရှည်ထားတာအပြစ်လား? နားဖောက်တာအပြစ်လား?

လက်ဘက်ရည်ဆိုင်ထိုင်တာအပြစ်လား?     နောက်ပိုင်း ....... chatting ထိုင်တာအပြစ်လား?

ဆိုတဲ့မေးခွန်းတွေနဲ့ နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့

ကြတာပါပဲ။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရတော့ ကျွန်တော် လူငယ်တွေကို အကြံဥာဏ်ပေးချင်ပါတယ်။

အထက်ကမေးခွန်းတွေဟာ အပြစ်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့

စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုရင်တော့ အပြစ်တစ်ခု မဟုတ်ပေမယ့် မိမိရဲ့personality ကို လျော့ ကျစေပါတယ်။

ဒါဟာ အမှန်တရားတစ်ခုဖြစ်မှန်းလက်ခံနိုင်အောင်ကြိုးစားပါ။ ကြီးကျယ်မြင့်မြတ်တယ်လို့ စံအဖြစ် သတ်မှတ်ခံရ

သူတိုင်း ဆံပင်အရှည်ထားပြီး၊ နားဖောက်ထားမှာမဟုတ်တာသေချာပါတယ်။ဒီတော့ ကျွန်တော်တို့ စဉ်းစားသင့်

တာကတော့ ကိုယ်ဘယ်လို ၀တ်စားဆင်ယင်ရင် ဘယ်လိုသတ်မှတ်လို့ရတယ်ဆိုတာ နားလည်ထားဖို့ပါ။

လူ တစ်ယောက်ရဲ့ ကိုယ်ပိုင် စိတ်ကြိုက်ရွေးချယ်ခွင့် ကိုတော့ မတားဆီးချင်ပါဘူး။ ကိုယ့်သမိုင်းကိုယ်ရေးတယ်

ဆိုတာ ဒါမျိုးရွေးချယ်ခွင့်တွေကို ပြဌာန်းထားထားတဲ့စကားလုံးဖြစ်ပါတယ်။

လူငယ်တွေ အနောက်တိုင်း ၀တ်စားပုံတွေ အားကျတယ်။ ဂီတတွေကို အားကျတယ်။ယဉ်ကျေးမှုအခြေခံ

မတူတဲ့ အ၀တ်အစား၊ဂီတတွေ ကို လိုက်လံတုပတော့ အဆင်မပြေတော့ပါဘူး။

အနောက်နိုင်ငံကRapper ဂီတဟာ အရိုင်းဆန်ပါတယ်။ မိမိရဲ့ခံစားချက်တွေကိုအစွမ်းကုန် ဖွင့်ထုတ်ပါတယ်။

ဆဲဆိုတာတွေပါတယ်။sex စကားလုံးတွေပါတယ်။ ဒါကို မြန်မာလို ပုံတူကူးလို့မရပါဘူး။

Rapperတွေ ကို၊Rap ဂီတကို ကြိုက်နှစ်သက်သူတွေကို ဆန့်ကျင်တာမဟုတ်ပါဘူး။ကျွန်တော်ဆိုလိုတာက

ကိုယ့်ရဲ့ ကိုယ်ခံအားမကောင်းရင် ကိုယ်ပါ အရိုင်းဆန်သွားမှာစိုးလို့ပါ။

မိန်းကလေးတွေ စကပ်တိုလာတယ်။အခွဲတွေ ၀တ်လာတယ်။ ကျောပြင်ပြောင်နေတဲ့ အင်္ကျီတွေ ၀တ်လာတယ်။

ဒါဟာ သူတို့ရဲ့ ကိုယ်ခံအားမကောင်းမှုကို ပြသနေပါတယ်။ နေရာတကာမှာ ချိတ်ထမိန်နဲ့ ရင်ဖုံးအကျီင်္နဲ့သွား

ရမယ်လို့ မဆိုလိုပါဘူး။ သူ့နေရာနဲ့သူ အလိုက်သင့် ၀တ်စားဆင်ရင်တာကို လက်ခံပါတယ်။ ပါတီပွဲတစ်ပွဲ

တက်ရင် စကပ်၊ဘောင်းဘီ ၀တ်သင့်ပါတယ်။ နေရာဒေသရဲ့တောင်းဆိုမှုပါ။ ဒါဆို ကျောင်းသွားရင်၊ သင်တန်းသွားရင်

ဘာလို့ ကျပ်နေတဲ့ အ၀တ်အစားတွေ၊ မလုံခြုံတဲ့အ၀တ်အစားတွေ ၀တ်ချင်ကြတယ်ဆိုတာကို

ကိုယ် ကိုယ်တိုင်ပါဝင်နေရင် ကိုယ့် ကို ကိုယ် မေးခွန်းထုတ်သင့်ပါတယ်။

ကျွန်တ်ာထင်ပါတယ်။ လူတိုင်းလိုလို ကိုယ်တိုင်မသိပဲခေတ်ရဲ့ မှိုင်းတိုက် ညှို့ငင်မှုအောက်ကိုရောက်ရှိနေပါပြီ။

လူငယ်တွေ ဆေးလိပ်၊အရက်၊ကွမ်း တစ်ခုခု မသုံးဆောင်ရင် ကိုယ့်ကိုအခြောက်လို့ထင်မှာကြောက်လာကြပါတယ်။

ကဲ စဉ်းစားကြည့်ပါ။ဘယ်လိုများပြောင်းပြန်ဖြစ်ပြီး မကောင်းမှု ဘက်ကို အားပေးတဲ့ အတွေးအခေါ်တွေ လူငယ်တွေ

ခေါင်းထဲ ကိုရောက်ရှိနေကြတယ်ဆိုတာ ...။

ဒါတွေကို လူငယ်တွေရော၊ လူကြီးတွေပါ သတိရှိရှိ ကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် အဓိကအရေးအကြီးဆုံးက ကာယကံရှင်ပါ။ ကိုယ့်ရဲ့ personality ကောင်းမွန်ချင်ရင် မလိုလားအပ်တဲ့

ဘေးထွက် ဆင်ယင်၊ပြောဆို၊နေထိုင်မှုတွေကိုရှောင်ကျဉ်လိုက်ကြမယ်ဆိုရင် အားလုံး OK ပါတယ်။

ကျွန်တော့်ရဲ့ အယူအဆတွေကို အားလုံးလက်ခံချင်မှလက်ခံမှာပါ။

ဝေဖန်အကြံပေးဆွေးနွေးမှုတွေကို ကြိုဆိုပါတယ်။

အဓိကပြောပြချင်တာကတော့ ဒီခေတ်က  ရှေးခေတ်လို သံချပ်ကာအင်္ကျီတွေဝတ်၊ ဓားကြီးတွေကိုင်ပြီး

စစ်တိုက်ရမယ့်ခေတ်မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာကလေးစားရတဲ့ မြန်မာတို့ရဲ့ ယဉ်ကျေးမှု၊ရိုးရာ

အမွေအနှစ်တွေကို ဆက်လက်ထိမ်းသိမ်းကြရမှာက မြန်မာလူငယ်တွေရဲ့တာဝန်ပဲဖြစ်တယ်ဆိုတာကိုတော့

မြန်မာအမျိုးသားကောင်း၊အမျိုးသမီးကောင်းတိုင်း သိရှိနားလည်သင့်ပါတယ် ။

ချစ်ခြင်းအားဖြင့်

မင်းမွန်

0 comments:

Post a Comment

တခြားအကြောင်းအရာလေးတွေ

Related Posts Plugin for WordPress, Blogger...