ဤ အစည်းအဝေးကြီးပွဲကြီးကို 2011 ခု နိုင်ဝင်ဘာလ 27 28 29 )များတွင် သုံးရက်တိုင်တိုင်ကျင်းပ၍ (30)ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ အစည်းအဝေးအောင်မြင်ခြင်းနှင့် ဗုဒ္ဒဘာသာဝင်အားလုံးတို့၏ ဒလိုင်းလားမား၏ စုစည်းညီညွတ်မှုအထိမ်းအမှတ်အဖြစ် ဗောဓိပင်စိုက်ပျိုးခြင်း တိဗက်ရဟန်းမင်းကြီး ၀မ်းမြောက်ဂုဏ်ပြုစကားပြောကြားခြင်းဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။
နိုင်ငံပေါင်း (47)နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူပေါင်း (500)ခန့် တက်ရောက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်တို့၏ အစည်းအဝေးပွဲကို နယူးဒေလီမြို့တွင်အခြေစိုက်သော မဟာယာန ၀ဇီရာယာန ထေရ၀ါဒတို့ ပူးပေါင်း ပါဝင်သည့် အသောကမစ်ရှင် အသောကသာသာနပြုအဖွဲ့က တာဝန်ယူ၍ စည်းရုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖိတ်ကြားထားသော ဧည့်သည်တော်များ၏ အသွား အပြန်ခရီးစရိတ်နှင့် (5)ရက်စာ ဟိုတယ်ခများကို အသောကမစ်ရှင်အဖွဲ့က လှူဒါန်း ခဲ့သည်။ ထို့ပြင် အထူးဧည့်သည်တော်များကိုမူ အိန္ဒိယအဲယားလိုင်းဖြင့် ဗုဒ္ဓဂယာနှင့် ဗာရဏသီ သံဝေဇနိယဒေသနှစ်ခုသို့ ညအိပ်ဘုရားဖူးပို့ပေးခဲ့ပါသည်။
အစည်းအဝေးကြီး၏ ရည်ရွယ်ချက်
`ဤဗုဒ္ဓဘာသာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်မှာ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇီရာယာနဗုဒ္ဓဘာသာဂိုဏ်း အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ကျယ်ပြန့်ခိုင်မာသော အဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းတည်ထောင်ရန်ရည်ရွယ်သည်။ ထိုဗုဒ္ဓဘာသာအစည်းအရုံးကြီးကို (International buddhist confederation(IBC) ဟုခေါ်ဆိုသည်။ ဤအဖွဲ့အစည်းကြီးသည် ဗုဒ္ဓဘာသာဂိုဏ်းအချင်းချင်း အသင်းအဖွဲ့အချင်းချင်း မကြာမကြာတွေ့ဆုံဆွေးနွေး၍ အသိဥာဏ်များဖလှယ် ကြရန် ချစ်ခင်ရင်းနှီးမှုများကိုတည်ဆောက်ကြရန် ဗုဒ္ဓသာသနာထိန်းသိမ်းရေး, ပြန့်ပွားရေး, တိုးတက်ရေးနှင့်ကာကွယ်စောက်ရှောက်ရေးတို့ကို ဗုဒ္ဓဘာသာဝင်အားလုံး အတူလက်တွဲဆောင်ရွက်ကြရန်ရည်ရွယ်သည်။
(၀ဲမှယာ) ၁၊ တိဘက်ဘုန်းကြီး၊ ၂၊ ဒလိုင်းလားမား(နိုဘယ်ဆုရှင်)၊ ၃။ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး၊ ၄၊ သီတဂူဆရာတော်။ ၄၊ မြင်းခြံ တိပိဋကဆရာတော် ဦးဂန္ဒမာလာ
သီတဂူဆရာတော်ကြီးနှင့် တိဘက် ရဟန်းမင်းကြီး ဒလိုင်းလားမားတို့ 2011 November 29, Lalit Hotel , New Delhi, မှာ တွေ့ဆုံကြစဉ်
ဆရာတော် ဘုရားအားကြိုဆိုနုတ်ဆက်စဉ်
ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီးနှင့် နိုဘယ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ 2011 November 29, Lalit Hotel , New Delhi, မှာ တွေ့ဆုံကြစဉ်
သီတဂူဆရာတော် ဘုရားကြီး
သီတဂူဆရာတော် ဘုရားကြီး
ဆရာတော် Ashin Sutacara ၏ ဖေ့ဘုတ် စာမျက်နှာမှ ကူးယူပူဇော်ပါသည် ။
သာသနာအရေးတို့မနှေးစည်းလုံးညီညာ ရှေ့ဆက်လျှောက်ကြဖို့ပဲ လိုပါတော့တယ်နော် ....
ကြည်နူးဝမ်းမြောက်စွာဖြင့် ကူးယူပူဇော်လျှက်
0 comments:
Post a Comment