ဒီပို့ကိုရေးဖို့တော်တော်စဉ်းစားရပါတယ်....အခုတော့်ရေးရပြီဗျာ...မတက်နိုင်ဘူး
ဖြစ်ပျက်နေတာတွေကိုရေးရတော့်မှာပဲ အခုခေတ် ဘွဲ့ရတွေမှိုလိုပေါက်....အလုပ်မပေးနိုင်တာတွေဒုနဲ့ဒေးပါ
ဘယ်တက္ကသိုလ်မဆို ကျောင်းပီးရင် သူနဲ့ကိုက်တဲ့အလုပ်ကိုပေးသင့်ပါတယ်.....ဒါအရေးအကြီးဆုံးပါပဲ
ထူးချွန်တဲ့လူတွေကိုလဲပညာတော်သင်လွတ်ပီးပညာသင်ခိုင်း ပြီးရင်မြန်မာနိုင်ငံမှာ...ပြန်သင်တန်းပို့ချပေးနိုင်ပါတယ်။
ဂျပန်နိုင်ငံဟာ အဲလိုလုပ်ပီးကြိုးစားခဲ့လို့ ပြာပုံဘ၀ကနေ......နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်ခဲ့တာပါ...။
မြန်မာနိုင်ငံဟာ ....ပြာပုံဘ၀ဆိုတာဘာမှန်းမသိမခံစားခဲ့ရပါဘူး.....သူ့ကျွန်ဘ၀တော့်ေ၇ာက်ခဲ့ဘူးပါတယ်။.
နေရာတကာကြည့်လိုက်ရင် စစ်ဗိုလ်တွေ အရာရှိတွေချည်းပဲနေရာရနေတာတွေ့ရတယ်နော်....
အရပ်သားတွေ..က အရည်အချင်းမရှိဘူးလား တက္ကသိုလ်ကျောင်းဆင်းတွေကကော သုံးမရဘူးလား ဆိုတာစဉ်းစားစရာပဲ....
ကျောင်းသားတွေကလဲကိုယ့်ကိုကိုယ် အထင်မသေးသင့်ပါဘူး.....မြန်မာတစ်ယောက်ပဲမဖြစ်နိုင်ဘူးဆိုတာမရှိရပါဘူး.
ကြိုးစားကြရအောင်ပါ အခုဆိုရင်ဒီမိုကရေစီအဖြစ် စတင်ပြောင်းလဲနေပါပီ.....လမ်းကြောင်းတွေပွင့်နေပါပီ....
တက္ကသိုလ်တွေကိုမြို့ပြင်ပို့....ထားတယ်ဆိုပြီးတော့် လွတ်လပ်တယ်ဟေ့.....မိဘနဲ့ဝေးပီဟဆိုပီးတော့်.....
ပျက်စီးခြင်းနွံထဲကနေရုံးထွက်ကြရမှာပါ......ပျက်စီးစေမဲ့အလုပ်မျိုးဘာမှမလုပ်သင့်ပါဘူး........အမှားသိရင်ချက်ချင်းအမှန်ပြင်ကြပါစို့
ဘယ်သူအလုပ်ပေးပေးမပေးပေး ကိုယ်ဝါသနာပါရာ....ကောင်းတဲ့အလုပ်ကိုလုပ်ကြပါစို့လို့....တိုက်တွန်းရင်း....ကျွန်တော့် ပို့စ်ကိုနားခွင့်ပြုပါ။
ကျွန်တော်လဲ ဘီအီးပြုတ်လို့ အခု ဆယ်တန်းတွေကို စာသင်နေပါတယ်...Entrance စောင့်ရင်းပေါ့ဗျာ....။
*******နေသလိုဖြစ်တဲ့ဘ၀မှာ ဖြစ်သလိုမနေပါနဲ့။*********
0 comments:
Post a Comment