မြန်မာပြည်က အစိုးရ တက္ကသိုလ်ပညာရေးကို ဤနည်းများဖြင့် ပြောင်းလဲလျှင်………
၁။ တက္ကသိုလ်ဝင်ခွင့်ပုံစံကို ပြောင်းလဲခြင်း
(၁၀ တန်း) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးရလာသောအမှတ် ၅၀%
မိမိတက်ရောက်ချင်သော မေဂျာ၏ ၀င်ခွင့်စာမေးပွဲဖြေဆိုပြီးရလာသော အမှတ် ၅၀%
-----------------------------------------------------------------------------------------------------
စုစုပေါင်းရမှတ် ၁၀၀%
စုစုပေါင်းရမှတ် ၆၀% နှင့် အထက် ရလျှင် ၀င်ခွင့်စာမေးပွဲအောင်
စုစုပေါင်းရမှတ် ၇၅% နှင့် အထက် ရလျှင် ၂၅% စကော်လာ
စုစုပေါင်းရမှတ် ၈၅% နှင့် အထက် ရလျှင် ၅၀% စကော်လာ
(ဤသို့ပြောင်းလဲလျှင် အကြောင်းအမျိုးမျိုးကြောင့် အရည်အချင်းရှိသော်လည်း အမှတ်နည်းခဲ့သော ကျောင်းသူကျောင်းသာများအပေါ် ထပ်မံအခွင့်အရေးပေးသလို၊ အရည်းအချင်းမရှိပဲ ကြက်ကန်းဆန်အိုးတိုးကာ အမှတ်များများရလာသူများကို ထပ်မံ၍ ဆန်ကာစစ်ခွင့်ရသလို၊ အရည်အချင်းလည်းရှိ အမှတ်လည်းများတဲ့သူ တွေကလည်း သူတို့ရဲ့ အရည်အချင်းကို ပြနိုင်မယ့်အခွင့်အရေးကိုရပြီး ကျောင်းသူကျောင်းသား အားလုံးအတွက် ညီမျှမယ်လို့ထင်ပါတယ်။ စကော်လာ ပေးခြင်းဖြင့်လည်း ငွေကြေးတတ်နိုင်သည်ဖြစ်စေ ငွေကြေးမတတ်နိုင်သည်ဖြစ်စေ အရည်အချင်းရှိသူများအတွက် ပေးသော အခွင့်အရေးတစ်ခု ပင်ဖြစ်သည်။)
၂။ တက္ကသိုလ်များ၏ တည်ရှိနေသောနေရာနှင့် ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်း
- မြို့တွင်း သွားရေးလာရေး မခက်ခဲသော နေရာများတွင် တက္ကသိုလ်များပြန်လည် ဖွင့်ပေးခြင်း။
ဥပမာ- "မိန်း" ဟု လူသိများသော "ရန်ကုန်တက္ကသိုလ်"
- တက္ကသိုလ်များကို တိုးတက်နေသော ရန်ကုန် မန္တလေး အစရှိသော မြို့ကြီးများတွင်သာ ဖွင့်လှစ်ခြင်း။
- နယ်ဝေးတက္ကသိုလ် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်အဆောင်များ တွင်ပြန်လည်၍ နေထိုင်ခွင့်ပေးခြင်း
- တက္ကသိုလ် နယ်နမိတ် အနီးအနား ပတ်ဝန်းကျင်တွင် စံပြ အရာရှိပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်ကြီးများ ၀န်ထမ်းအိမ်ရာများကို ရာထူဆိုင်းပုတ်တပ်၍ ထားရှိခြင်း။
(ထိုသို့သာ ပြောင်းလဲနိုင်မည်ဆိုလျှင် -- သွားရေးလာရေးမခက်ခဲသောကြောင့် ၁။ မပင်ပန်းခြင်း၊ ၂။ ကုန်ကျစရိတ်သက်သာခြင်း၊ ၃။ အတန်းမတက်ချင်းစိတ်နည်းသွားခြင်း။ -- ရန်ကုန် မန္တလေး အစရှသော မြို့ကြီးများတွင်သာ ဖွင့်လှစ်ခြင်းသည် ၁။ မတိုးတက်သေးသော ဒေသများမှ တက်ရောက်မည့် ကျောင်းသားကျောင်းသူများအတွက် အားကျဖွယ်၊ အားတက်ဖွယ် အတွေးသစ်၊ အမြင်ဆန်းများကို တွေ့မြင့်ရခြင်း၊ ၂။ ထို့သို့တွေမြင်သဖြင့် မိမိတို့ဒေသကို ထိုကဲ့သို့ တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်ချင်သော ဇာတိဒေသ ချစ်စိတ်ပေါ်ပေါက်လာစေခြင်း၊ ၃။ တာဝန်ထမ်းဆောင်မည့်ဆရာ၊ ဆရာမများအနေ နှင့်လည်း လူအင်အားမလုံလောက်သောအခက်အခဲ၊ အနေအထိုင် အစားသောက် ခက်ခဲသောနေရာများတွင် တာဝန်မထမ်းချင်သော အခက်အခဲများ လျော့ပါးသွားစေခြင်း၊ -- တက္ကသိုလ် အဆောင်များတွင် ပြန်လည်နေထိုင်ခွင့် ပေးခြင်းဖြင့် ၁။ ဒေသဆိုင်ရာ ဗဟုသုတများ တိုးပွားခြင်း၊ ၂။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အထောက်အကူပြုခြင်း၊ -- တက္ကသိုလ် နယ်နမိတ် အနီးအနား ပတ်ဝန်းကျင်တွင် စံပြ အရာရှိပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်ကြီးများ ၏ ၀န်ထမ်းအိမ်ရာများကို ရာထူဆိုင်းပုတ်တပ်၍ ထားရှိခြင်းသည် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအတွက် မှန်ကန်သော အားကျစရာရည်မှန်းချက် ပန်းတိုင် "ငါ ဘာကြီးဖြစ်အောင်လုပ်မယ် ညာကြီးဖြစ်အောင်လုပ်မယ်" များထားတတ်လာမည်။ )
၃။ နိုင်ငံခြား တက္ကသိုလ်ကြီးများမှ သက်ဆိုင်ရာ ၀ါရင့် ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများကို ခေါ်ယူကာ သင်ကြားခြင်းနှင့် သင်ကြားသောစနစ်ပြောင်းလဲခြင်း။
(ထိုဝါရင့် ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများကို ခေါ်ယူကာ သင်ကြားနိုင်မည်ဆိုပါက - ၁။ မတူညီသော လူပေါင်းများစွာအား ပညာသင်ရန် တိုင်းတပါးသို့သွားရောက်ခြင်းသည် ငွေကြေးမြောက်မြားစွာ ကုန်ကျသော်လည်း လူနည်းစုဖြစ်သော ထိုဆရာကြီး၊ ဆရာမကြီး ငွေကြေးအကုန်အကျခံ၍ ခေါ်ယူသင် ကြားပါက ကုန်ကျစရိတ်များစွာ သက်သာခြင်း၊ ၂။ အခြေခံလူတန်းစားများအတွက် ငွေကြေးမကုန်ပဲ ကောင်းမွန်သောပညာသင်ကြားရေးရရှိခြင်း၊ ၃။ ထို ဆရာကြီး၊ ဆရာမကြီးများထံမှ ကောင်းမွန်သော အတွေးအခေါ်၊ အတွေ့အကြုံသစ်များစွာကို ရရှိခြင်း၊ ၄။ ပညာရေး အဆင့်အတန်းမြင့်မားလာခြင်း)
ဤအကြောင်းအရာများသည် စာရေးသူနှင့် ပညာရှိလူကြီးသူမများနှင့် စကားပြောဆိုခြင်း၊ ဟောပြောပွဲများ တက်ရောက်ခြင်း တို့မှရရှိသော အကြောင်းအရာများကို အခြေခံပြီး စာရေးသူ၏ ကိုယ်ပိုင်အတွေးများနှင့် ပေါင်းစပ်ရေးသားထာခြင်းသာဖြစ်သည်။
ရေးသူ - ဖြိုးဇာနည်ဝင်း (ခ) ဇွဲမာန်ဟိန်း
GTU online မှပြန်လည်မျှဝေထားပါတယ်ဗျာ
အားလုံးကိုလေးစားလျက်
ရဲမင်းထွန်း(Wisdom Life)
0 comments:
Post a Comment