Mozilla Firefox မှာထည့်သွင်းအသုံးပြုတဲ့ Add-on လေးပါ......နာမည်ကတော့ဒီလိုပေးထားလေရဲ့( ScreenGrab) တဲ့........
ဘာအတွက်အသုံးပြုလည်းဆိုတော့ Webpages တွေကို Capture ဖမ်းနိုင်ပြီး image format တွေနဲ့ save လုပ်ပေးတယ်......
format types အနေနဲ့ကတော့ ( jpeg , png ) နှစ်မျိုးသုံးနိုင်တယ်.....
Capture ဖမ်းတဲ့နေရာမှာလည်း webpage အစအဆုံး ဘယ်လောက်ရှည်ရှည်ပေါ့နော်....တစ်ခုလုံးကို capture ဖမ်းပြီး save လုပ်နိုင်တယ်.
ကိုယ်လိုချင်တဲ့ မြင်ကွင်းပိုင်းကိုဘဲ capture - save လုပ်လို့ရတယ်....
ပြီးတော့ လိုချင်တဲ့တစ်စိတ် တစ်နေရာကိုလည်း ဖြတ်ထုတ် capture - save လည်း ok ဘဲ......
နောက်ပြီးရွေးချယ်မှုလည်း ပေးထားတယ်....ဘယ်လိုလဲဆိုရင်....
webpages တွေကို မိမိတို့ရဲ့ Storage Devices တွေဖြစ်တဲ့ ( Hard Disk Drive,Floppy Disk,USB Stick,...,etc)တို့ထဲကိုတိုက်ရိုက်
save လုပ်နိုင်သလို........copy ယူပြီးတော့လည်း တခြား application တွေထဲကို paste လုပ်နိုင်တယ်ဆိုတဲ့ ရွေးချယ်မှုပါ.......
သုံးရလည်းလွယ်ကူပါတယ်......
Install လုပ်နည်း - (1) အရင်ဆုံး ဒီလင့်ကို https://addons.mozilla.org/en-Us/firefox/addon/screengrab/ ကို မိမိတို့
Mozilla Firefox Browser ရဲ့ Navigation Toolbar က current page မှာထည့်သွင်းလိုက်ပါ.......
လင့်ကို copy ယူပြီး paste ရိုက်ထည့်လည်းအဆင်ပြေတယ်........ပြီးရင်အတည်ပြုဖို့ Enter ပေါ့........
(2) Website loading ပြုလုပ်နေပါလိမ့်မယ်......ပြီးသွားရင် (+Add to Firefox ) ဆိုတာပေါ်လာလိမ့်မယ်.......
သူ့အပေါ်မှာ click ပေး......
(3) နောက်ထပ် သင့်ကွန်ပျူတာမှာ ဆော့ဝဲလ်ထည့်သွင်းမှာလားလို့မေးရင် (Allow) ပေးလိုက်ပါ.......
(4) ဒါဆိုသူ Install လုပ်ရန် loading လုပ်နေပါလိမ့်မယ်.......
(5) ပြီးရင် box တစ်ခုပေါ်လာမယ်........Install Now ဆိုတာကို click ပေးလိုက်တာနဲ့
(6) Restart မေးရင် click ပေးလိုက်ပါ........ဒါဆိုရင်တော့ FIrefox မှာ (ScreenGrab Add-on) ထည့်သွင်း
ပြီးပါပြီ.......
အသုံးပြုနည်း - (1) မိမိ မှတ်ယူလိုသော Webpage ပေါ်တွင် mouse right click menu lists တွေထဲမှ ScreenGrab
ပြီးရင် arrow key မှတစ်ဆင့် Save နဲ့ Copy နှစ်မျိုးပေးထားတယ်............
Save ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Storage Devices တွေထဲကိုတိုက်ရိုက် Saveနိုင်တယ်.....
Copy ကတော့ တခြား application တွေအတွက်ပေါ့..........
(2) နောက်ပြီး save နဲ့ copy မှာ ရွေးချယ်မှု (၃)ခုပေးထားတယ်
(1) Complete page/Frame သူကတော့ web စာမျက်နှာ အစအဆုံးတစ်ခုလုံးကို capture ဖမ်းပြီး
save နိုင်တယ်
(2) Visible Portion သူကတော့ မြင်ရတဲ့ web စာမျက်နှာအပိုင်းကိုဘဲ capture - save ပေါ့.
(3) Selection သူကတော့ လိုချင်တဲ့ နေရာလေးကို ဖြတ်ထုတ် capture - save လုပ်တာပေါ့.
သူ့ကိုသုံးရင် right click-ScreenGrab!-save(or)copy-selection ပေးလိုက်တာနဲ့ မိမိတို့
webpage မြင်ကွင်းအရောင်ဟာပြောင်းလဲသွားမယ်....အဲ့မှာ မှ လိုချင်တဲ့နေရာလေးကို
left click ဖိဆွဲ ပြီး လွှတ်လိုက်တာနဲ့ capture ဖမ်းပြီးsave လုပ်မှာဖြစ်တယ်.........
copy ပေးတာဆိုရင်တော့ တခြား application မှာ paste လုပ်ပေးရုံဘဲ........
သုံးရလွယ်ပါတယ်...အဆင်ပြေကြပါစေဗျာ...............
အားလုံးကိုလေးစားလျှက်......
0 comments:
Post a Comment