ပညာဟူသည်…..


          ပညာသည် စာအုပ်များထဲ၌သာရှိမည်မဟုတ်၊ စာအုပ်ကို ကျော်၍မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရမည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံမဟုတ် လူ၏စိတ်နေစိတ်ထားအယူအဆများကိုလည်း တိုးတက်စေရမည်။ လူထု၏ဆန္ဒအား၊လုပ်အား အယူအဆများကိုနူးညွတ်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ်၊ ရာဇ၀င်ကိုဖန်တီးစေရမည်။ လောကဓာတ်ပညာကို သိရုံသာ မဟုတ် လောကဓာတ်ပညာကိုတိုးချဲ့နိုင်ရမည်။ ပထ၀ီပညာကိုသိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိစေရမည်။ လောကအကြောင်းကိုနားလည်စေရုံသာမဟုတ်၊ သည့်ထက်ကောင်းသောလောကကို ဖန်ဆင်းနိုင်စေရမည်။

ဤကား လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကားပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိ

" အချိန်ကိုလေးစားတက်အောင်ပညာရေးနဲ့ထိန်းဖို့လိုတယ်။"

-ပိုက်ဆံဆိုတာ ဖောင်ဥပမာလိုပါပဲ။ သိမ်းပိုက်ဖို့မဟုတ် ကူးမြောက်ဖို့ပါ။ ပိုက်ဆံဆိုတာ ဓာတ်ကူပစ္စည်းပါ။

-ခင်ဗျားငယ်စဉ်ကတည်းက ပိုက်ဆံအပေါ်အမြင်ကြည်ကြည်လင်လင်ရှိထားဖို့ ကောင်းတယ်။ ပိုက်ဆံကိုယ်နှိုက်သည် အရောင်မရှိ။ ကြားနေ၏။ ပိုက်ဆံသည် ကောင်းသည်လည်းမဟုတ်၊ မကောင်းသည်လည်းမဟုတ်၊ ကောင်းမကောင်းဖြစ်လာသည်က ခင်ဗျားသုံးပုံသုံးနည်းပဲဖြစ်တယ်။(ဒေ၀ူးဥက္ကဌ ကင်ဝူချွန်း)

-အသိပညာဆိုတာ အတွင်းကလာတယ်။

အဲဒါကြောင့် ဆရာတစ်ယောက်ရဲ့တာဝန်က

သွတ်သွင်းဖို့မဟုတ်ဘူး

အရည်အချင်းကို ပေါ်ထွန်းလာအောင်

တိုက်တွန်းဖို့ပါပဲ။(ဆိုကေ၇းတီး)

-ပညာရေးရဲ့ဦးတည်ချက်ဟာ ပြည်သူ့နီတိတက်ဖို့ရာပါပဲ။(ပလေတို)

 

 

 

ခေါင်းဆောင်ကောင်းဟူသည်။

          နိုင်ငံရေးလုပ်တဲ့နေရာမှာ ခေါင်းဆောင်လုပ်တဲ့ လူဟာ နောက်လိုက်တွေထက်ပိုပြီး အမြင်ကျယ်ရတယ်၊ ခေါင်းဆောင်ဟာ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြောဟုတ်နိုးနိုး၊ ယောင်ချာချာလုပ်ရင် ခေါင်းဆောင်ကောင်းမဟုတ်ဘူး အသက်စွန့်တဲ့နေရာမှာ စွန့်ရဲရမယ်။ အများယောင်လို့ယောင်ရတယ် အမောင်တောင်မှန်းမြောက်မှန်းမသိရင် ခေါင်းဆောင်ကောင်းမဟုတ်ဘူး။

ကြောင်ဖြူဖြူ မည်းမည်းကြွက်ခုပ်ဖို့ အရေးကြီးတယ်။

ရိုးသားမှုဟူသည်မှာ ကိုယ်ဟောသလို ကိုယ်ကျင့်ခြင်းဖြစ်သည်။

"I practice What I Preach"

ရှေ့ကိုတမျှော်ကြည့်နောက်ကို တစ်လံပြန်ကြည့်။

 

Comments

Popular posts from this blog

စာပေဟောပြောပွဲများ

Driver ဒေါင်းနိုင်သောဆိုဒ်များ

Crack File အကြောင်း တစ်စေ့တစ်စောင်း 14.8.10