Subscribe:

Blogroll

Related Posts Plugin for WordPress, Blogger...

Labels

Followers

Tuesday, July 19, 2011

Windows မှာ Software မသုံးပဲ Hard Disk Partitions တွေကို Hide လုပ်ကြမယ်။

Windows မှာ Software မသုံးပဲ Hard Disk Partitions တွေကို Hide လုပ်ကြမယ်။ Jun 16, '11 3:35 AM
for everyone
ကျွန်တော်တို့ ကွန်ပျူတာမှာပိုင်းထားတဲ့ Hard Disk Partitions တွေထဲက မိမိ Hide လုပ်ထားချင်တဲ့ Partition ကို Software မသုံးပဲ ဖျောက်လို့ရပါတယ်။
၁။ ပထမဦးဆုံး Start–>Run (Windows+R) ထဲမှာ diskpart ဆိုပြီးရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

၂။ ထို့နောက် list volume လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ Computer မှာ ရှိတဲ့ Hard Disk ရဲ့ Partitions တွေကို တွေ့ရမှာ ဖြစ်ပါတယ်။


၃။ အပေါ်က ပုံကို ကြည့်မယ်ဆိုရင် Hard Disk ရဲ့ Partitions တွေ ဖြစ်တဲ့ Volume 1,2,3 ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှာ မိမိ Hide လုပ်ချင်တဲ့ Volume ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အခု ကျွန်တော်က Partition Volume 3 ကို ဖျောက်မှာ ဖြစ်တဲ့အတွက် select volume 3 လို ရေးပြီး Enter ခေါက်လိုက်ပါမယ်။


၎။ remove letter E လို့ ရေးပြီး Enter ခေါက်လိုက်ရင် My Computer မှာ မိမိရဲ့ Partition Volume 3 ကို hidden လုပ်လိုက်ပြီ ဖြစ်တဲ့အတွက် တွေ့ရတော့မှာ မဟုတ်ပါဘူး။
၅။ ကျွန်တော်တို့ ဖျောက်ထားတဲ့ Partition Volume 3 ကို ပြန်ဖော်ခြင်တယ်ဆိုရင်တော့ အပေါ်ကအဆင် ၁,၂,၃ ထိ ပြန်လုပ်ပြီး အဆင့် ၄ မှာ လုပ်ခဲ့တဲ့ remove letter E ဆိုတဲ့နေရာမှာ assign letter e ဆိုပြီးရိုက်ပြီး Enrter ခေါက်လိုက်ရင်ရပါပြီ။ Vista/Windows 7 မှာဆိုရင်တော့ assign letter=e လို့ရိုက်ရပါမယ်။

0 comments:

Post a Comment

တခြားအကြောင်းအရာလေးတွေ

Related Posts Plugin for WordPress, Blogger...