Create Not Responding Programs Killer | May 17, '11 1:25 AM for everyone |
ဒီ Post ကို သူငယ်ချင်းတစ်ယောက်က မေးလာလို့ မသိသေးတဲ့သူများရှိနေသေးရင် သိအောင် Post အနေနဲ့ ပြန်တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ တစ်ခါတလေ ကွန်ပျူတာမှာ Program တွေ အများကြီး run ထားချိန်မှာ တချို့ Program တွေ အရမ်းလေးလာပြီး Not Responding ဆိုပြီး ပြလာပါတယ်။ အဲ့ဒီအခါကြရင် ကျွန်တော်တို့ Task Manager (Ctrl+Alt+Del) ကို ခေါ်ပြီး ပိတ်ရတာ အလုပ်ရှုပ်ရသလို တခါတလေလည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အဲ့ဒီလိုမျိုး Task Manager (Ctrl+Alt+Del) ကို ခေါ်ပြီး မပိတ်ရအောင် လုပ်တဲ့နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဒီနည်းကတော့ Desktop ပေါ်မှာ Short cut တစ်ခုဖန်တီးပြီး process တွေကို ပိတ်ခြင်းပဲဖြစ်ပါတယ်။ Desktop ပေါ်မှာ Right click နှိပ်ပြီး New>Shortcut ကို ရွှေးလိုက်ပါ။
Type the location of the item ဆိုတဲ့ နေရာမှာ taskkill.exe /f /fi "status eq not responding" ကို ပုံမှာပြထားတဲ့အတိုင်း ကူးထည့်လိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။
ထို့နောက် မိမိကြိုက်တဲ့အမည်တစ်ခုကို ပေးလိုက်ပါ။ ပြီးရင် Finish ကို နှိပ် လိုက်ပါ။
၂။ နောက်တနည်းကတော့ .bat ဖိုင်ဖန်တီးပြီး ပိတ်လို့လည်းရပါတယ်။ ပထမဦးဆုံး (Window + R) ကို နှိပ်ပြီး Notepad လိုရိုက်ကာ Enter ခေါ်လိုက်ပါ။ ထို့နောက် အောက်မှာပေးထားတဲ့ စာသာကို Notepad ထဲမှာ ကူးထည့်လိုက်ပါ။
@echo off
taskkill.exe /f /fi "status eq not responding"
exit
ထို့နောက် File>Save ကိုနိုပ်ပြီး taskkill.bat လို့အမည်ပေးပြီး Desktop ပေါ်မှာ သိမ်းထားလိုက်ပါ။
၃။ ဒီနည်းကတော့ အလွယ်ကူဆုံးနည်းလေးပါ။ ပထမဦးဆုံး (Window + R) ကို နှိပ်ပြီး လို့ regedit ရိုက်ပြီး enter ခေါက်လိုက်ပါ။ HKey_Current_User\Control Panel\Desktop ထိသွားလိုက်ပါ။ ထို့နောက် Desktop ကို Click နှိပ်လိုက်ပါ။ ထို့နောက် ညာဘက်ခြမ်းမှာရှိတဲ့ AutoEndTask ကို ရှာပြီး Double Click နှိပ်ကာ Value မှာ 1 ဟု ပေးလိုက်ပါ။ ပြီးရင် မိမိကွန်ပျူတာကို Restart ချလိုက်ပါ။ ဒါဆိုရင် Not Responding Programs တွေကို ခေါ်ပြီးပိတ်ပေးစရာမလိုတော့ပါဘူးခင်ဗျာ။
PDF ကို notepad လိုအမြန်ဖွင့်မယ်။ | May 14, '11 8:32 AM for everyone |
Adobe Acrobat ကို notepad လိုအမြန်ဖွင့်မယ်.အင်္ဂလိပ်ဆိုဒ်တခုကနေတွေ့လိုက်လို့ ချက်ချင်းနောက်ကျတယ်.မရှိအောင် ဝေမျှပေးလိုက်တယ်..ဒီဟာလေးကလေး တကယ်အရေးကြီးပါတယ်.ဘာဖြစ်လို့လဲဆိုတော့ အခုစာတော်တော်များများက PDF နဲ့ရေးပြီးထုတ်တာများတယ်.ဘာဖြစ်လို PDF နဲ့ဘဲထုတ်လဲဆိုတော့ မြန်မာလိုရေးထားတာတို့ကို ဖောင့်မပြောင်းသွားအောင်ပြီးတော့..ဓာတ်ပုံတွေကိုလဲ PDF နဲ့ စာအုပ်လိုစုလုပ်လိုက်တော့ ပေါ့ပါးပြီး..အဆင်ပြေသွားတာရင် ပြီးတော့ PDF ကို Ebook ဆိုပြီးနာမည်တပ်ထားတော့ Ebook လုပ်တယ်.ဆိုပြီး
နာမည်ကြီးအောင်ရင် စတဲ့ အားသာချက်တွေကြောင့် PDF ကိုအသုံးများကြပါတယ်.ဒါပေမဲ့ ဒီ PDF ကိုဖွင့်တဲ့နေရာမှာ တော်တော်လေးပြသနာတက်ပါတယ်.တခါတလေ..ကျွန်တော်ဖွင့်လိုက်ရင် ကွန်ပျုတာ ဟန်းသွားမျိုး..၊ မနိုင်တော့ဘဲ..ကြောင်သွားများ၊ပြီးတော့ အချိန်အကြာနေမှပေါ်လာတာမျိုးစတဲ့ ပြသနာတွေကြုံရတော့...ဒီပိုစ့်လေးက အထောက်အကူပြုသွားအောင်ပြန်လည်ဝေမျှလိုက်ပါတယ်...
Step 1: Install လုပ်ထားတဲ့နေရာ C:\Program Files\Adobe\Acrobat 6.0\Acrobat ဒီအထိကိုဝင်လိုက်ပါ
Step2: ရောက်ပြီးဆိုရင် plug_ins Folder ကိုဖွင့်ပြီး..ရှိသမျှ File အားလုံးကို Cut(ctrl+x)လုပ်လိုက်ပါ.
Note: cut လုပ်ရမှာဖြစ်ပါတယ်. Copy ဘဲလုပ်လို့မရပါ.
Step3:ပြီးရင် back ကိုပြန်သွားပြီး Cut လုပ်ထားတဲ့ File ကို Optional ဆိုပြီး Folder ကိုဖွင့်ပြီး
Cut ထားတဲ့ File တွေကို Paste(Ctrl+V) လုပ်လိုပါ..
Step4: အခု Desktop ပေါ်က Adobe Acrobat ကိုဖွင့်ကြည့်လိုက်ပါ..အရင်ကထက်နှစ်ဆ၊သုံးဆ..ဒီလိုမျိုးမြန်ဆန်သွားမှာဖြစ်ပါတယ်..
Note:အထက်ပါအတိုင်းပြုလုပ်နေစဉ် Adobe Acrobat ကိုပိတ်ထားပါ.ပြီးမှအသုံးပြုပါ.

0 comments:
Post a Comment