ကျွန်တော်ဖတ်မှတ်မိသမျှပြန်ပြောသည်
ခုတလော စာသိပ်မဖတ်ဖြစ်တော့ စာပေဟောပြောပွဲတွေပဲ နားထောင်ဖြစ်တယ်။ စာရေးဆရာက တော့ အစုံပဲ။ အဲဒါတွေထဲကမှ ကျွန်တော်မှတ်မိသမျှ ပြန်ပြောပြပါမယ်။ ဦးဘုန်း(ဓါတု) ရေးထားတာလားမသိဘူး။ After You ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ နိုင်ငံခြားမှာ အဲဒီစာကိုရေးတဲ့သူက မိမိကိုယ်မိမိပဲဦးစားပေးခဲ့ပါတယ်တဲ့။လေယာဉ်မယ်လေး ပြောတဲ့စကားတစ်လုံးက After You ဆိုတဲ့စကားလုံးလေးကိုပြန်စဉ်းစားတယ် မင်းပြီးမှဆိုပါလား အော်တော်တော်အတ္တကြီးတဲ့ငါပါလားဆိုပြီးနောင်တရမိတဲ့အကြောင်း ရှက်ရှက်နဲ့ပြန်ရေးထားတဲ့အကြောင်း ဖတ်ရပါတယ်။ အရင်ကတော့မိမိပြီးမှသာ တစ်ခြားသူ အလုပ်ကိုဦးစားပေးခဲ့ပါတယ်တဲ့သူပြောခဲ့ပါတယ်။သူသုံးခဲ့တဲ့နည်း (Law)က After Me နည်းပါပဲ။ ကြားဖူးတာလေးပြန်ရေးပြပါ့မယ်။လူတစ်ယောက်ကိုနိဗါန်နဲ့ ငရဲကို အလည်ခေါ်သွားတယ်တဲ့။ ငရဲမှာတော့ ငါပဲစားမယ်ဆိုပြီးတော့ လုစားနေကြတယ် တစ်ယောက်နဲ့တစ်ယောက်လဲ သတ်ကြခုတ်ကြပေါ့။ နိဗါန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ခွံ့ကျွေးနေကြတယ်တဲ့ သတ်တာခုတ်တာလဲမတွေ့ရပါဘူး။ဒါပြန်စဉ်းစားကြည့်ရင် After You နည်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စေတနာရှိရှိ အပြန်အလှန်မေတ္တာထားနိုင်မှ လောကကြီး သာယာလာမှာပါ။ ဟိုရင်ကဆိုစစ်ပွဲတွေပြိုင်ပ...