disable Right click on Desktop

Desktop ပေါ်က Icon တွေကို ဖျောက်တဲ့နည်းတွေကတော့ အများကြီး ရှိတယ်.....



ခုကIcon တွေအပြင် Right click ကိုပါဖျောက်ပစ်မှာဗျ
သိသလောက်တော့ Group Policies လည်း သူ့ကိုမနိုင်ဘူးဗျ။

ကဲ စလိုက်ကြရအောင်။

အရင်ဆုံး Start\Run ကနေ regedit လို့ရိုက်ထည့်ပြီး Registry Editor ကိုဝင်လိုက်ပါ။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer
ကို သွားလိုက်ပါ။

ထို Explorer ကို Right click ပေးပြီး ပေါ်လာတဲ့ pop-up box မှ
New\DWORD Value ကိုရွေးလိုက်ပါ။
ထိုအခါ ညာဘက်မှာ 'New Value#1' လို့ပေါ်နေတာတွေ့ရပါလိမ့်မယ်။
ထိုအမည် နေရာတွင် "Noviewcontextmenu" လို့ပြင်လိုက်ပါ။
ပြီးရင် ထို "Noviewcontextmenu" ဆိုတဲ့စာသားပေါ်ကို Right click\modify ကိုရွေးလိုက်ပါ။

ပေါ်လာတဲ့ box ထဲက Value data နေရာ ကို '1' လို့ပြောင်းလိုက်ပါ။
ပြီးရင် OK ပေးလိုက်ပါ။
Windows ကို Restart ချလိုက်ပါ။
ဒါဆိုရပါပြီ။
အားလုံးအဆင်ပြေကြပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်။

Comments

Popular posts from this blog

စာပေဟောပြောပွဲများ

Driver ဒေါင်းနိုင်သောဆိုဒ်များ

Crack File အကြောင်း တစ်စေ့တစ်စောင်း 14.8.10